တရုတ် - မြန်မာ နဲ့ ဆက်စပ်တဲ့သတင်းတွေကို စုစည်းတာဖြစ်ပါတယ်။ သတင်းစကားပါးချင်ရင် burmabornchinese2015@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Tuesday, May 12, 2015
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ၀င်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် မေ (၁၁)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ ညနေ (၆)နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် အစည်းအဝေး ခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အတူ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ၏ ၂၀၁၁ ခုနှစ် တရုတ်နိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား နှစ်ပေါင်းရှည်ကြာ တည်ဆောက် လာခဲ့သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အခြေခံကာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ အဆင့် ဆက်ဆံရေးကို တိုးမြှင့် ဖော်ဆောင်နိုင်ခဲ့မှု ၊ နှစ်နိုင်ငံ အကြား ခေါင်းဆောင်ပိုင်း၊ လွှတ်တော်ပိုင်းတွင် သာမက အဆင့်မြင့် အရာရှိများ အကြား အပြန်အလှန် ခရီးစဉ်များ ပိုမို ဖြစ်ထွန်းလျက်ရှိမှု၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး အပါအ၀င် ဘက်စုံကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ တစ်နှစ်ထက် တစ်နှစ် တိုးတက် မြင့်မားလျက် ရှိမှု၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ဆိုင်ရာ ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် အကူအညီများ ပေးအပ်ခဲ့မှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အကောင် အထည်ဖော်မှု လုပ်ငန်းစဉ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို ၀င်ရောက် စွက်ဖက်ခြင်း မပြုသည့် မူဝါဒကို အစဉ်တစိုက် ကျင့်သုံးပြီး နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိမှု အခြေအနေများ အပေါ် ရင်းနှီးစွာ ဆွေးနွေး ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ညပိုင်းတွင် ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူးနှင့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment