'ဂုဏ်ဒြပ်ကြီးမားလှသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီအဓွန့်ရှည်ပါစေ'' ဟူ၍ ဖော်ပြထားသော နဖူးစည်း စာတန်းများက ဟိုချီမင်းမြို့၏ လမ်းများ အထက်တွင် တလူလူလွင့်ပျံနေသည်။ ယခင်က ဆိုင်ဂုံဟု ထင်ပေါ်ကျော် ကြားခဲ့သော ဟိုချီမင်းမြို့တွင် ဧပြီ ၃ဝ ရက်က ကွန်မြူနစ်အောင်ပွဲ နှစ် (၄ဝ) ပြည့်အထိမ်းအမှတ် အခမ်းအနားများကို ဝှဲချီးသဘင်ဆင်ယင်ကျင်းပခဲ့ရာတွင် ဗီယက်နမ်ကွန်မြူနစ်တပ်ဖွဲ့များကို ဂုဏ်ပြုသည့် စစ်ရေးပြ အခမ်းအနားလည်း ပါဝင်သည်။
၁၉၇၅ခုနှစ် ဧပြီ ၃ဝ ရက်က မြောက်ဗီယက်နမ်သံချပ်ကာကားများ ဆိုင်ဂုံမြို့တွင်းသို့ တလိမ့်လိမ့်ဖြင့်ချင်းနင်းဝင်တက်ရောက်ခဲ့ကြသည့် သမိုင်းပုံရိပ်ကို ပြန်ပြောင်းသတိရစရာပါပေ။ထိုစဉ်ကဆိုင်ဂုံသည် တောင်ဗီယက်နမ်၏ မြို့တော် ဖြစ်ခဲ့သည်။
ဆိုင်ဂုံမြို့ ကျဆုံးခြင်းနှင့်အတူ ယင်းမြို့ရှိသမ္မတနန်းတော်၌ ကွန်မြူနစ်အလံ လွင့်ပျံနေခဲ့သည်။ ကွန်မြူနစ်တော်လှန်ရေးတပ်ဖွဲ့ များ၏ အံ့ချီးဖွယ်ရာ အောင်ပွဲအဖြစ်သမိုင်းမှတ်တမ်းဝင်သည်။
ဆိုင်ဂုံကျဆုံးခြင်းသည် ဗီယက်နမ်စစ်ပွဲပြီး ဆုံးခြင်း၏ အမှတ်သင်္ကေတ တစ်ရပ်ကို ဖော်ကျူးသည်။
ပထမတွင်ပြင်သစ်တပ်ဖွဲ့များ၊ ယင်းနောက်တွင် အမေရိကန်တပ်ဖွဲ့များကို တော်လှန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကာလကို ဖြတ် သန်းခဲ့ပြီးနောက်တွင် ဗီယက်နမ်ပြည်သူ့တပ်မတော်နှင့်ပြည်သူတို့ အောင်ပွဲခံခဲ့ကြသည်။
ယနေ့ကာလတွင် ဗီယက်နမ်နိုင်ငံ၌ ဧပြီ ၃ဝရက်ကို အမျိုးသား ပြန်လည်ပေါင်းစည်းရေးနေ့အဖြစ် သတ်မှတ်ထားပြီး တစ်နိုင်ငံလုံး
ခြိမ့်ခြိမ့်သဲ ပျော်ပွဲရွှင်ပွဲများနှင့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားများကို ကျင်းပကြသည်။
အမေရိကန်နှင့်တောင်ဗီယက်နမ် မဟာ မိတ်တို့ အတွက်မူ ဆိုင်ဂုံ ကျဆုံးခြင်းသည် ရှုံးနိမ့်မှု ရသလိုပေးစွမ်းသည်။
ဆိုင်ဂုံမြို့ကျဆုံးခြင်းသည် ဗီယက်နမ် ပြည်သူများ လွတ်မြောက်လာမှုအဖြစ် သမိုင်းတွင်ရစ်သည်။
ဗီယက်နမ်ပြည်သူ သန်းပေါင်းများစွာ သေဆုံးခဲ့ရပြီး အမေရိကန်တပ်ဖွဲ့ဝင် ၅၈ဝဝဝကျဆုံးခဲ့ရသော ကာလရှည်စစ်ရေး ပဋိပက္ခ အတွင်း တောင်နှင့်မြောက် ဗီယက်နမ် ဟူ၍ ပြိုကွဲသွားခဲ့သည်။
စစ်အေးတိုက်ပွဲ ကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ လောနိုင်ငံ (ယခုလာအိုနိုင်ငံ)နှင့်ကမ္ဘော ဒီးယားနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲမှာ ဗီယက်နမ် စစ်ပွဲပင်ဖြစ်သည်။
၁၉၅၅ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စစ်ပွဲ စတင်ခဲ့ပြီး ဆိုင်ဂုံမြို့ကျဆုံးသည့် ၁၉၇၅ ခုနှစ် ဧပြီ ၃ဝ တွင် စစ်ပွဲပြီးဆုံးခဲ့သည်။ ဗီယက်နမ်စစ်ပွဲသည် ပထမ အင်ဒိုချိုင်းနားစစ် အပြီးတွင်ဖြစ်ပွားခဲ့ပြီး ကွန်မြူနစ်မဟာမိတ် များက ထောက်ပံ့ကူညီသော မြောက်ဗီယက်နမ် က တစ်ဖက်၊ အမေရိကန် ပြည်ထောင်စုနှင့် ကွန်မြူနစ်ဆန့်ကျင်သူ မဟာမိတ်များက ထောက်ပံ့ ကူညီသော တောင်ဗီယက်နမ်တို့က တစ်ဖက်တိုက်ခိုက်ကြသော စစ်ပွဲဖြစ်လသည်။
တောင်ဗီယက်နမ်ရှိ ကွန်မြူနစ်တို့ဦးဆောင်ပြီး လက်နက်ငယ်များ တပ်ဆင်ထားသည့် ဗီယက်ကောင်း သို့မဟုတ် အမျိုးသားလွတ်ြေ မာက်ရေးတပ်ဖွဲ့က ဒေသအတွင်းရှိ ကွန်မြူ နစ်ဆန့်ကျင်သည့် တပ်များကို ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။
ဗီယက်နမ်အမျိုးသား တပ်မတော်(မြောက်ဗီယက်နမ်တပ်မတော်)ကမူ အလုံးအရင်းနှင့်ပုံမှန်စစ်ပွဲကို ဆင်နွှဲကြသည်။
အမေရိကန်နှင့်တောင်ဗီယက်နမ်တပ်ဖွဲ့များကလေကြောင်းတိုက်ပွဲနှင့် ပစ်ခတ်မှုအားသာချက်တို့ အပေါ်တွင် အခွင့်ကောင်းယူ၍ မြေပြင်တပ်များ၊ အမြောက်တပ်များနှင့်ဗုံးကြဲတိုက်ခိုက်ခြင်းများပူးပေါင်း၍ ရှာဖွေဖျက်ဆီးသည့် စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြသည်။
ကွန်မြူနစ်တို့တောင်ဗီယက်နမ်အား သိမ်းပိုက်ခြင်းမှ တစ်ဆင့် ကွန်မြူနစ်ဝါဒပျံ့နှံ့ခြင်းကို တားဆီးနိုင်ရန် စစ်ပွဲဆင်နွှဲရသည်ဟု အမေ
ရိကန်က အကြောင်းပြခဲ့သည်။
မြောက်ဗီယက်နမ်အစိုးရနှင့် ဗီယက်ကောင်းတို့ကမူ အစောပိုင်းတွင် အမေရိကန်ကျောထောက်နောက်ခံ ပေးထားသော ပြင်သစ်နှင့် နောက်ပိုင်းတွင် အမေရိကန်၏ ရုပ်သေးအစိုးရဖြစ်သော တောင်ဗီယက်နမ်နှင့် တိုက်ခိုက်သော ကိုလိုနီစစ်ပွဲအဖြစ် ယူဆကြသည်။
ဆိုင်ဂုံမြို့ကျဆုံးခဲ့ပြီးနောက်ကွန်မြူနစ်အစိုးရအဖွဲ့အာဏာရရှိလာကာ နိုင်ငံပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။ ယနေ့ကာလ
တွင် ဆိုင်ဂုံမြို့ကို ဟိုချီမင်းမြို့ဟူ၍ သိရှိကြပြီးဗီယက်နမ်နိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ်ရပ်တည်နေသည်။
MOI Webportal Myanmar
No comments:
Post a Comment