Sunday, May 31, 2015

ကြေးနီစီမံကိန်းဒေသခံများနှင့် ကုမ္ပဏီ မေ ၃၀ ရက်တွင် ဆွေးနွေးမည်

မျိုးမင်းဦး
Sat, 2015-05-30


 ဆားလင်းကြီးမြို့နယ် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်း ဒေသခံများ တောင်းဆိုချက်ကို ပြန်လည်ဖြေ ကြားရန် မြန်မာယမ်စီကုမ္ပဏီ တာဝန်ရှိသူများ မေလ ၃၀ ရက် တွင် မြန်မာယမ်စီကုမ္ပဏီသင် တန်းခန်းမ၌ တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုခဲ့ကြောင်း သတင်းရရှိ သည်။

‘‘အဓိက မြေယာလျော်ကြေး၊ အလုပ်သမားအရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအသုံး စရိတ်တွေကို ဒေသခံတွေအနေနဲ့ မေးမြန်းခဲ့တာပါ။ မေးခွန်းတွေက များပြားတဲ့အတွက် ကုမ္ပဏီဘက် က မြန်မာယမ်စီကုမ္ပဏီသင်တန်း ခန်းမမှာ ထပ်မံတွေ့ဆုံဖို့ ချိန်းဆိုခဲ့ တယ်။ ဒေသခံတွေအနေနဲ့လည်း ဥပဒေနဲ့အညီ ကြိုတင်အကြောင်း ကြားပြီးမှ တွေ့ဆုံဆွေးနွေးရေး အတွက် ပြေလည်အောင်ဆောင် ရွက်ခဲ့တယ်။ ကုမ္ပဏီဘက်က ဒေသခံတွေကို အမှုဖွင့်ထားတယ် ဆိုတဲ့ကိစ္စမှာ ပြဿနာကြီးထွား စေတဲ့ ကိစ္စတွေဖြစ်နေတဲ့အတွက် မေလ ၃၀ ရက် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးမယ်’’ဟု ဆားလင်းကြီးမြို့နယ် ကံကုန်းကျေး ရွာဒေသခံ ကိုတင့်အောင်စိုးကပြောသည်။

စံပယ်တောင်၊ ကြေးစင် တောင် ကြေးနီစီမံကိန်းနယ်မြေရှိ ကံကုန်း၊ ရွာသာ၊ ဒုန်းတော၊ ဂုဏ်တော၊ ဖောင်းကား၊ တည်ပင်ကန်၊ ဝါးတန်း၊ ရွှေပန်းခိုင်စသည့်ကျေးရွာများမှ ဒေသခံရွာသူ၊ရွာသား ၅၀ ခန့်သည် မြေယာလျော်ကြေး၊ အလုပ်သမားအရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက်အသုံးစရိတ်တို့အား ပွင့်လင်းမြင်သာစွာရှိရေးတွက် မေလ၂၅ ရက် နံနက်မှစ၍ မြန်မာယမ်စီကြေးနီတူးဖော်ရေး ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံရန် ကြေးနီစီမံကိန်းလုပ်ငန်းခွင် ဝင်ပေါက်တွင် စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ကြေးနီစီမံကိန်းနယ်မြေမှ ဒေသခံရွာသူ၊ ရွာသားများသည် မေလ ၂၅ ရက်မှ ၂၇ ရက် ည ၁၀ နာရီထိ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေးအတွက်နှစ်ညအိပ် သုံးရက်စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ဝင်ပေါက် ထွက်ပေါက်ပိတ်ဆို့စောင့်ဆိုင်းနေသော ကြေးနီစီမံကိန်းနယ်မြေဒေသခံတောင်သူ ၅၀ ဦးအား မြန်မာယမ်စီကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက မတရားတားဆီးကန့်ကွက်မှု၊ ခြိမ်းခြောက်မှု၊ ပိုင်နက်ကျူးကျော်မှု စသည့်ပုဒ်မများဖြင့် ဆားလင်းကြီးမြို့ မြို့မရဲတပ်ဖွဲ့စခန်းတွင် မေလ ၂၆ ရက်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကျေးရွာဒေသခံ များနှင့် မြန်မာယမ်စီ ကုမ္ပဏီ တာဝန်ရှိသူများသည် မေလ ၂၇ ရက်က နှစ်နာရီကြာတွေ့ဆုံခဲ့ပြီး ဒေသခံတောင်သူများ သိရှိလို သော အချက်များကို မေးမြန်းခဲ့ ပြီး အဆိုပါမေးမြန်းချက်များနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရန် မေလ ၃၀ ရက်သို့ ထပ်မံချိန်းဆို ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ မှ ၂၀၁၅ ဖေဖော်ဝါရီအထိ စံပယ် တောင်၊ ကြေးစင်တောင် ကြေးနီ စီမံကိန်း တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ (၈) ကြိမ် တိုင်တိုင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ဒေသခံများ တောင်းဆိုချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာက ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သောကြောင့် မေလဆန်းမှစ၍တွေ့ဆုံ ဆွေးနွေးရန် ဒေသခံတောင်သူများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

7Days

No comments:

Post a Comment