လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်အချို့ ကျဆုံးခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများသည် ကိုးကန့်အဖွဲ့ ခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်း သုံးခုအား ထိုးစစ်ဆင် သိမ်းပိုက်ရရှိခဲ့ကြောင်း မေ ၁၂ ရက် မြန်မာ့ရုပ်မြင်သံကြား ညပိုင်းသတင်းဖော်ပြမှုအရ သိရသည်။
ကိုးကန့်အဖွဲ့ အခြေပြုထားသော ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန်ကုန်းမြင့်ဒေသတို့အား တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ ကိုးကန့်တို့သည် ယင်းမှတစ်ဆင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံနယ် နိမိတ်မှတ်တိုင်အမှတ် (၁၁၁) မှ ၀င်ရောက်ပြီး မာလုရွှေကျေးရွာ၏ အရှေ့ဘက်ရှိတောင် ကုန်းများကိုအခြေပြု ခံစစ်ဆင်ရန် စီစဉ်လာခဲ့ကြောင်း၊ ယင်းတောင်ကုန်းများအား သိမ်းပိုက်ရန်အတွက် တပ်မတော်စစ်ကြောင်းများသည် ဧပြီကုန်တွင် အင်အားများဖွဲ့၍ မေလ ပထမပတ်မှ စတင်တိုက်ခိုက်ခဲ့ရာ ကိုးကန့်အဖွဲ့မှ မြေအနေအထား အသာစီးရယူကာ လက်နက်ကြီးများ၊ စက်သေနတ်များ၊ စနိုက်ပါများ၊ လက်ပစ်ဗုံးများဖြင့် ပုံသေပစ်ကြောင်းဆင်၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုအပေါ် တပ်မတော်စစ်ကြောင်းများက ပစ်ကျင်းများတူး၍ အဆင့်ဆင့်ချဉ်းကပ်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ အနီးကပ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ယင်းနောက် မာလုရွှေကျေး ရွာအရှေ့ဘက်ရှိ ကိုးကန့်များခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇ တောင်ကုန်းအား မေ ၁၁ ရက် မွန်းလွဲ ၁ နာရီမိနစ် ၃၀ တွင်လည်းကောင်း၊ ပွိုင့်-၁၇၀၉ တောင်ကုန်းအား ယင်းနေ့ည ၇ နာရီတွင် လည်းကောင်း၊ ပွိုင့်-၁၇၄၂ တောင်ကုန်းကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီ တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် ကိုးကန့်အဖွဲ့မှ အလောင်း ခုနစ်လောင်း၊ အာရ်ပီဂျီသုံးလက်၊ စက်လတ် နှစ်လက်၊ အမ် (၂၂) သေနတ်ခြောက်လက်၊ ကေ (၁၂) သေနတ်တစ်လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၅၁၅၅ တောင့်၊ ဗုံးသီးမျိုးစုံအလုံး ၃၀၊ မိုင်းမျိုးစုံ ၁၅ လုံး၊ လက်ပစ်ဗုံး ၆၇ လုံး၊ စက်လတ်ကျည်ခါး ပတ်တွဲသုံးတွဲ၊ အာရ်ပီဂျီ ပို့ကျည်ကိုးတောင့်၊ ယမ်းထုပ်ငါးထုပ်နှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဘန်ကာများ၊ ပစ်ကျင်းများ၊ ကိုးကန့်အဖွဲ့မှ အင်အား ၁၀၀ ခန့် ခိုအောင်းနေထိုင်နိုင်သော မြေအောက်လိုဏ်ခေါင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင်ခဲ့သည်။
ထုတ်ပြန်မှုများအရ ပွိုင့် ၁၇၄၂၊ ၁၇၀၉၊ ၁၆၀၇ တို့နှင့်ပတ်သက်၍ တပ်မတော်မှ သိမ်းပိုက်ရရှိထားပြီးကြောင်းသိရပြီး ပွိုင့် ၂၂၀၂ နှင့်ပတ်သက်၍ လတ်တလောတွင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
Eleven
No comments:
Post a Comment