26-5-2015
စပယ်ကြေးစင်တောင် ကြေးနီစီမံကိန်းကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေများ မြေယာလျော်ကြေး ရရှိရေး၊ သဘာဝပတ်ဝန်းကျင်၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေသုံးစွဲမှု စတဲ့အကြောင်းအရာများ ဆွေးနွေးလိုတဲ့ ဒေသခံ တောင်သူတွေက တွေ့ဆုံနိုင်ရေး အကြောင်းကြားခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်တွေ့ဆုံမှုမရှိလို့ ကုမ္ပဏီရဲ့ အ၀င်အထွက် လမ်းတွေကို မေလ ၂၅ရက်နေ့ ကစတင်ပြီး အခု မေလ ၂၆ရက် မနက်ပိုင်းအထိ ဒေသခံတွေက ပိတ်ဆို့တားဆီးထားကြပါတယ်။
ဒေသခံတွေက ကုမ္ပဏီ အ၀င်လမ်းမှာ ပိတ်ဆို့တားဆီးထားပြီး လုပ်ငန်းခွင်ထဲက၀န်ထမ်း အလုပ်သမားတွေကို ပြန်ထွက်ခွင့်ပေးခဲ့ပေမယ့် အလုပ်ဆိုဒ်ထဲကို အပြင်ကကားတွေလဲ ၀င်ခွင့်မပြုပဲ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားပါတယ်။ မေလ ၂၅ရက် ညပိုင်းအထိ တစုံတရာ ညှိနှိုင်းခြင်းမရှိခဲ့လို့ ဒေသခံတွေဟာ အခုမနက်ပိုင်းထိ အဲဒီ့နေရာမှာပဲ ညလုံးပေါက် ပိတ်ဆို့တားဆီးထားကြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ ပထမအဆင့် စပယ်ကြေးစင်ကြေးနီစီမံကိန်းကနေ သိမ်းဆည်းလယ်ယာမြေ (၆၂၅၃) ဧကအတွက် ဒေသခံတွေက မိမိတို့ လယ်ယာမြေများ မြေယာလျော်ကြေးရရှိရေး စီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်မှု ၈ ကြိမ်၊ ကုမ္ပဏီ တာဝန်ရှိသူများအပါအ၀င် သက်ဆိုင်ရာအာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးမှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
DVB
No comments:
Post a Comment