21-5-2015
တရုတ်နိုင်ငံသို့ ပထမဆုံး တရား ဝင် ဆန်တန်ချိန် ၃,ဝဝဝ တင်ပို့မည့် MAPCO (Agribusiness Public Corporation) မှ ပူးပေါင်းလိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ်ထားပြီး လက်ရှိအချိန်၌ ကုမ္ပဏီ ၁၃ ခု ပါဝင်ရန် ကမ်းလှမ်းထားကြောင်း MAPCO ကုမ္ပဏ်ီမှ သိရှိရသည်။
” တရုတ်ကို မေလကုန်မှာ ၂၅ မှတ်တန် ဧည့်မထဆန် တန်ချိန် ၃,ဝဝဝ ကို တင်ပို့သွားမယ်။ ပူးပေါင်း လိုတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဆဲဖြစ် လို့ ပူးပေါင်းမယ့် ကုမ္ပဏီတွေကို မဖော်ပြနိုင်သေးဘူး။ လက်ရှိတော့ ကုမ္ပဏီ ၁၃ ခုလောက်က ပါဝင်ဖို့ ပြောထားတာရှိပါတယ် ” ဟုလည်း MAPCO ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်မြင့်က ပြောသည်။
ပူးပေါင်းလိုသည့် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံးတွင် လျှောက်ထားနိုင် ပြီး ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံး ကျပ်သိန်း ၁ဝဝ ဖြင့် မေလ ၁၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က မေလ ၅ ရက်တွင် တရားဝင်ထုတ်ပြန်ထားသည်။
”လောလောဆယ် ၁၁ ရက်နေ့ ကျရင် ပါဝင်မယ့် ကုမ္ပဏီတွေနဲ့ အစည်းအဝေးလုပ်မယ်။ အဲဒီကျမှ အဖြေထွက်မယ်။ ကုမ္ပဏီတစ်ခုကို သိန်း ၁ဝဝ ဆိုပေမယ့် သိန်း ၄ဝဝ၊ ၅ဝဝ ထည့်ချင်တဲ့ ကုမ္ပဏီကလည်း ဆွေးနွေးလို့ရတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
လက်ရှိ အချိန်၌ တရုတ်ပြည် ဘက်သို့ တရားမဝင် နယ်စပ် ဆန် ကုန်သွယ်မှုသာ ရှိနေပြီး တစ်နှစ်လျှင် တန်ချိန် တစ်သန်းနီးပါးခန့် ရှိနေ သဖြင့် ပင်လယ်ရေကြောင်းဘက်မှ တရားဝင်ကုန်သွယ်မှု ပြုလုပ်ရန် MAPCO ကုမ္ပဏီမှ ပထမဆုံးအကြိမ် တင်ပို့ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
”ပင်လယ်ရေကြောင်းနဲ့ တရား ဝင်တင်ပို့တာ သယ်ယူစရိတ်သက် သာမယ်ဆိုတာ မှန်ပေမယ့် သူက အချိန်ကြာတယ်။ up and down ဖြစ်ရင် ငွေအရင်းအနှီးများများ ရင်းနှီး နိုင်တဲ့သူအတွက် မဆိုးပေမယ့် တစ် ပိုင်တစ်နိုင် တင်ပို့သူတွေအတွက် အချိန်ကြာနိုင်တယ်။ တချို့က မရင်း ရဲဘူး။ ကျွန်တော်တို့ကတော့ နောက် ပိုင်း ပါဝင်ခွင့်ရမယ်လို့ ထင်တယ်။
နောက် Black Trade က unsee ရောင်းလို့ ရတယ်။ ငွေလည်း ကြန့်ကြာမှုမရှိဘူး”ဟု ဒိုက်ဦးမြို့မှ တရုတ်နယ်စပ်ဘက်သို့ ဆန်တင်ပို့ နေသည့် ကုန်သည် ဦးအောင်မြင့်က ပြောသည်။
MAPCO မှ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ဆန် တန်ချိန် တန် ၅,ဝဝဝ နှင့် ၆,ဝဝဝ ကို တင်ပို့ခဲ့ကြောင်း သိရသည်။
The Trade Times
No comments:
Post a Comment