29.5.2015
တရုတ်ကောင်လေးနှစ်ဦးမှ ဆိုင်ကယ်ပေါ်ထိုင်ရင်းစကားပြောနေကြသည့် ရှမ်းချစ်သူစုံတွဲတစ်တွဲကို ဓားဖြင့်ရွယ်ကာ ရှမ်းကောင်လေး၏ပုခုံးကိုခုတ်ထစ်မှုကြောင့် ခြောက်ချက်တိတိချုပ်ယူခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယခုလ ၂၃ ရက် မေလ ၂၀၁၅၊ည(၈း၃၀)အချိန်ခန့်၌ ၎င်းချစ်သူစုံတွဲသည် ရှမ်းပြည်မြောက်ပိုင်း၊မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ မန့်နားတောင်ပေါ်တွင် ဆိုင်ကယ်ရပ်ကာ ဆိုင်ကယ်
ပေါ်ထိုင်ရင်းစကားပြောနေကြစဉ် အဆိုပါတရုတ် ကောင်လေးနှစ်ဦးသည် အကျီင်္ိနက်ဝတ်၊ဦးထုပ်နှင့်
အကျီင်္ိတွဲလျှက် ဦးခေါင်းကိုအုပ်ထားရင်း သူတို့အနီးနားသို့ ဆိုင်ကယ်ဖြင့်ရောက်လာခဲ့သည်ကိုတွေ့မိခဲ့ပေ
သည်ဟု ဆိုသည်။
စိုင်းဆိုင်မိန်းအထင်ရောက်ခဲ့သည်မှာဆိုင်ကယ်ဖြင့်ရောက်လာသူများသည် ၎င်း၏သူငယ်
ချင်းများသာဖြစ်မည်ဟု အထင်ရောက်ခဲ့သဖြင့် သူ့ချစ်သူမိန်းကလေးနှင့် စကားဆက်ပြောနေခဲ့ကြောင်း
ပြောပြသွားခဲ့သည်။တစ်အောင့်လောက်ကြာသော် အဆိုပါလူနှစ်ဦးသည် သူတို့ချစ်သူနှစ်ဦးအနီးသို့ချဉ်း
ကပ်လာခဲ့ပြီး ဓားဖြင့်ရွယ်ကာ ကောင်လေးကို လှည့်မကြည့်ရန် ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။
စိုင်းဆိုင်မိန်းက လှည့်ကြည့်ရန်ကြိုးစားသည့်အတွက် ၎င်းတို့သည် စိုင်းဆိုင်မိန်း၏ညာဘက်ပုခုံးအား တအားလွဲခုတ်လိုက်ရာ ဒဏ်ရာနက်ရှိုင်းသည့်အတွက် ခြောက်ချက်ချုပ်ခဲ့ရကြောင်းပြောပြသွားခဲ့သည်။
၎င်းတို့နှစ်ဦးအနက် တစ်ဦးက ရှမ်းစကားအနည်းငယ်ပြောတတ်ပြီး လုံးဝဝဲနေကြောင်း၊ကျန်
တစ်ဦးကတော့ လုံးဝမပြောတတ်ကြောင်း၊ ဓားဖြင့်ခုတ်ပြီးသည်နှင့်တပြိုင်နက် ဆိုင်ကယ်ကိုလုယက်
ခဲ့ကြောင်း၊မသွားခင် သူတို့ပြောသွားခဲ့သည်မှာ "မနက်ဖြန် မင်းရဲ့ဆိုင်ကယ်ပြန်လာယူ"ဟု ပြောသွား
ခဲ့ကြောင်း၊သူ့ကောင်မလေးကတော့ အန္တရာယ်မရှိလွတ်ကင်းခဲ့ကြောင်းပြောပြခဲ့သည်။
စိုင်းဆိုင်မိန်း(ခ)စိုင်းအိုက်နောင့်သည် ဓားဖြင့်အခုတ်ခံရအပြီး သူ၏သူငယ်ချင်းများကို
ဖုန်းလှမ်းခေါ်ကာ ဆေးရုံသို့ပို့ခိုင်းခဲ့ကြောင်း၊ ဒဏ်ရာအဝင်နက်သည့်အတွက်ခြောက်ချက်ထိ ချုပ်ယူခဲ့ရ
ကြောင်း၊သို့သော် အခုတော့တော်တော်သက်သာလာခဲ့ပြီဖြစ်ကြောင်းပြောပြခဲ့သည်။
စိုင်းဆိုင်မိန်းသည် အသက် ၂၁ နှစ်ရှိကာ ဝိန်းဆာရပ်ကွက်နေထိုင်သူဖြစ်ပြီး ၎င်း၏မိဘအမည်
များမှာ_ဦးစိုင်းသန်းအောင်နှင့် ဒေါ်နန်းအေထားတို့ ဖြစ်ကြောင်း၊သူ့ဖခင်ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်
ကြောင်း ပြောပြသွားခဲ့သည်။
ယခုလ မေလ ၂၆ ရက် ည ၈ နာရီအချိန်ခန့်တွင်လည်း တရုတ်ကောင်လေးများနှင့် ၎င်းတို့၏
မိဘများသည် မန့်နားတောင်ခြေအနီးတွင် လမ်းတစ်ဖက်တစ်ချက်စီရပ်ကာ လူအယောက်နှစ်ဆယ်
ခန့် ဓားနှင့် သံကြိုး၊သံလုံးများ ကိုင်ဆောင်ထားကြကြောင်း၊မည်သည့်အကြောင်းရင်းရှိသည်ကို
သေချာမသိကြောင်း အနီးနားနေမိဘပြည်သူများ၏ ပြောပြချက်အရ သိရသည်။
ဒါကြောင့် ညအချိန်မတော် ထွက်လည်ခြင်း၊ချစ်သူရည်းစားများနှင့်ချိန်းတွေ့ ခြင်းသည် များစွာအန္တရာယ်ရှိကြောင်း၊ အစစအရာရာသတိထားဆင်ခြင်နေထိုင်ကြရန် အမည်မဖော်လိုသူ
နမ့်ခမ်းမြို့ခံတစ်ဦးက သတိပေးစကားပြောဆိုသွား ခဲ့သည်။
Nam Kham News

No comments:
Post a Comment