Sunday, May 3, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့(MNDAA) ၏ ထုတ်ပြန်ကြေညာချက်များအား သတင်းမီဒီယာများတွင် ထည့်သွင်း ဖော်ပြပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်

 နေပြည်တော် ၊ မေ ၎

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ခေါင်းဆောင်းများ အစည်းအဝေးသို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်သောင်းကျန်းသူအဖွဲ့) တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

 အဆိုပါ ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA) ကို နိုင်ငံတော်အစိုးရမှ မတရားအသင်းအဖြစ် သတ်မှတ် ကြေညာထားရှိသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA) ၏ ထုတ်ပြန်ကြေညာချက်များကို သတင်းမီဒီယာများအနေဖြင့် ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်စေရေး အသိပေးထားရှိပါရန်နှင့် ထုတ်လွှင့်ဖော်ပြခဲ့ပါက တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ညှိနှိုင်း အကြောင်းကြားအပ်ပါသည်။

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment