3-may-2015
![]() |
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်း အဆောက်အဦး |
‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ပန်ဆန်းမြို့ရှိ ယခင်ဗမာ ပြည် ကွန်မြူနစ်ပါတီ ဗဟိုစခန်း ဟောင်းကို နိုင်ငံခြားသားများအ ပါအ၀င် ပြည်သူများ ပိုမိုလာ ရောက်လေ့လာနိုင်ရန် ပြုပြင်မွမ်း မံမည်ဖြစ်ကြောင်း ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ကျန်းမာရေးဌာနမှူး ဒေါက်တာထွန်းကြည်က ပြောသည်။
ပန်ဆန်းမြို့တွင် ကျင်းပနေ သော တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးသို့ သတင်းယူရန် ရောက်ရှိနေသည့် သတင်း ထောက်များအား ပန်ဆန်းမြို့မှ နှစ်မိုင်ခန့်အကွာတွင် တည်ရှိ သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို စခန်းဟောင်းသို့ လိုက်လံပြသစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်းတွင် ဗကပ ခေါင်းဆောင်သခင်ဗသိန်းတင် နေအိမ်၊ ဗဟိုအစည်းအဝေးခန်းမ၊ဗဟိုစာရွက်စာတမ်း သိုလှောင် ခန်းများ တည်ရှိသည်။
၁၉၇၈ ဇူလိုင်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုစခန်းကို ‘၀’ ဒေသရှိ ပန်ဆန်းမြို့သို့ ပြောင်း ရွှေ့ခဲ့ပြီး အဆိုပါ စခန်းမှနေ၍ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ တော်လှန်ရေးလှုပ်ရှားမှုများကို ဦးစီးညွှန်ကြားခဲ့ကြောင်း သိရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ သည် ၁၉၈၉ ဧပြီ ၁၇ ရက်တွင် ထိုဗဟိုစခန်းနေရာမှ ဆုတ်ခွာ ခဲ့ရသည်။
7Days
No comments:
Post a Comment