##### သူ့အတွေး သူ့အမြင် #####
ကမ္ဘာကျော် အမျိုးဖျက်စွမ်းဆောင်ချက်များ (အပိုင်း-၁)
(၁) မြစ်ဆုံ--
မြစ်ဆုံစီမံကိန်းကို ဦးသန်းရွှေအစိုးရလက်ထက်မှစတင် လုပ်ဆောင်ခဲ့သည် ၊ ဒေါ်လာ ဘီလီယံ ၃.၆ တန်ဘိုးရှိသော မြစ်ဆုံစီမံကိန်းသည် မြန်မာပြည်၏ သွေးကြောမကြီးဖြစ်သော ဧရာဝတီမြစ်ကို ထိပ်ပိုင်းမှပိတ်ဆို့ပြီးပြုလုပ်သောစီမံကိန်းဖြစ်သဖြင့် ပြည်သူများအကြီးအကျယ်ကန့်ကွက်ခဲ့ကြသည်၊
စီမံကိန်းရေ၀င်ဧရိယာသည်ပင်စင်ကာပူနိုင်ငံထက်ကျယ်ပြန့်သည်၊ ထိုဧရိယာတွင် ရှိသောအဖိုးတန်သစ်၊ အင်ကြင်းကျောက်၊ သဘာဝတောရိုင်းတိရစ္ဆာန်များ နှင့်..သတ္တုဓာတ်များပါဝင်သော မြေစိုင်မြေခဲများကို တရုတ်က နေ့စဉ်အခေါက်ပေါင်းရာချီကာ ကုန်တင်ကားကြီးများနှင့်..ယူနန်ပြည်နယ်ထဲသို့တင်ပို့ခဲ့သည်၊
ထိုဒေသများရှိ၊ ဒေသအာဏာပိုင်များ၊ စစ်တိုင်းမှုးများနှင့် မြန်မာ့တပ်မတော်စစ်ကြောင်းများမှ တပ်မှူးများ..၊ စရဖ ၊ စစစ၊ အကောက်အခွန် စသောဝန်ထမ်းများသည် ထိုလမ်းကြောင်းများကြောင့် သပိတ်ဝင်အိတ်ဝင်ရခဲ့ကြပြန်သည်၊
အစိုးရမှာ မြစ်ဆုံစာချုပ်လက်မှတ်ထိုးစဉ်က ထိုဒေသတွင် ယခင်ကတည်းကရှိခဲ့သော အဖိုးတန်သယံဇာတများကို မည်သို့စီမံခန့်ခွဲမည်ဆိုသည်ကို ထည့်မတွက်ထားပဲ တမင် ဟ ပေးခဲ့ပြီး ထိုစီမံကိန်းကိုခွင့်ပြုသူဘဘများသည် တရုတ်ထံမှ ပွဲစားခများစွာရယူခဲ့သည်၊
ခရိုနီတစ်ဦးမှာ ပွဲစားခ ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့သည်..၊
စီမံကိန်းအရ ရေခဲတောင်မှ စီးဆင်းလာသော သဘာဝဇီဝအရင်းအမြစ်များပါဝင်သည့် သဘာဝရေစီးကြောင်းများကို ပိတ်ဆို့ထားပြီး ထိန်းချုပ်လိုက်ခြင်းသည်.. မြစ်အောက်ပိုင်းဖြစ်သော မြန်မာနိုင်ငံမြစ်ရိုးတစ်လျှောက်ရှိ
မြို့ပြများ၊ ကျေးရွားများ ၊ စိုက်ခင်းများ၊ တောတောင်များတစ်မြေ့မြေ့ ခြောက်ကပ်ပျက်စီးလာနိုင်သည့် အနေအထားကိုဦးတည်နေသဖြင့် ပြည်သူများ က ကန့်ကွက်ခဲ့ကြပြီး သမ္မတဦးသိန်းစိန်မှ..
အပြတ်မရှင်းရဲပဲ အခိုက်အတန့်အားဖြင့်ရပ်တန့်ရုံသာလုပ်ခဲ့သည်၊
သေချာသည်ကတော့ ပြည်သူများမှဖိအားပေး၍သာရပ်လိုက်ရခြင်းပင်တည်း၊
ရာဇ၀င် ထင်ရှားခဲ့ပြီး ဦးသန်းရွှေအစိုးရမှ သမိုင်းဖျောက်ထားသော တရုတ်- မြန်မာကျူးကျော်စစ် (၄)ကြိမ်စလုံးတွင်အောင်နိုင်ခဲ့သည့် ဆင်ဖြူရှင်မင်းတရားခေတ်က မြန်မာရှေးစစ်သည်တို့အသုံးချခဲ့ကြသော..
ဧရာဝတီမြစ်ကြီးနှင့် မြန်မာနိုင်ငံမြောက်ဖျားရှိ တောတောင်စိမ့်စမ်း တောင်တန်းများကို တရုတ်အစိုးရက..
ပညာသားပါပါ လှလှပပ ဖျက်ဆီးလိုက်ခြင်း ဆိုသည်ကို မြန်မာ့တပ်မတော်နာမည်ခံအာဏာရှင်များ မသိလိုက်ကြ။
မြစ်ဆုံစီမံကိန်းခဏရပ်တန့်လိုက်သော်လဲထိုဒေသရှိ ရေမြေတောတောင်များ အခွံကြီးပဲကျန် ယိုယွင်းသွားခဲ့ပြီဖြစ်သည်...၊
------------------------------------
(၂) လက်ပတောင်း--
လက်ပတောင်းစီမံကိန်း အစတွင်ဖြစ်သည် ဦးပိုင်နှင့်တရုတ်ကုမ္မဏီ ၀မ်ပေါင် တို့ ချိတ်ဆက်ပြီး
တပ်မတော်နာမည်သုံးလျှက် ပွဲစားခနှင့်Undertable များကို အိတ်ထဲထည့်ပြီးသကာလ ယခင်လုပ်ကိုင်ခွင့်ရခဲ့သော မြန်မာအိုင်ဗင်ဟိုးကုမ္မဏီမှ အစုရှယ်ယာများကိုလွဲပြောင်းပြီး
လက်ပတောင်းဒေသတွင်အပီအပြင်ကို ကြေးနီတူးဖေါ်ခဲ့ကြသည်၊ အစိုးရကို ပေါပေါပဲပမာဏခန့်သာအမြတ်ငွေပေးခဲ့ပြီး..
ချွေးသိပ်ခါ ကလေးဘ၀ ပထ၀ီဝင်ဘာသာရပ်တွင်သင်ကြားခဲ့ရသော စပယ်တောင်၊ ကြေးစင်တောင် လက်ပတောင်းတောင်များအား ဒေသခံများ၏မြင်ကွင်းမှ ပျောက်ကွယ်သွားအောင်လုပ်ခဲ့သည်၊
ဒေသအတွင်းတွင် ကြေးနီချွတ်သောအဆိပ်ဓာတ်များကြောင့် မြေဆီလွှာများ သုံးစားမရအောင်လုပ်သဖြင့် ..
စိုက်ပျိုး၍ မရတော့ချေ..၊ဒေသခံပြည်သူများက မခံမမရပ်နိုင်ကန့်ကွက်သည့်အချိန်တွင်
အကြမ်းဖက်နှိမ်နင်းပြီး သေဆုံးသူများရှိခဲ့သည်..၊ ပိုဆိုးသည်က သံဃာတော်များရှိနေသော သပိတ်စခန်းကို
အကြမ်းဖက်နှိမ်နင်းပြီး သံဃာတော်များကို မီးလောင်ဗုံးနှင့်ပစ်ခဲ့သည်၊
နောက်ဆုံးတွင် ကြံရမရဖြစ်ပြီး.ဒေါ်အောင်ဆန်းစုကြည်ကို စုံကော်ဥက္ကဌ ခန့်ပြီး ပြည်သူ့အမျက်ဒေါသကို ဖြေဖျောက်ခဲ့ရသည်အထိ အဖြစ်ဆိုးခဲ့သည်..၊
နောက်ပိုင်းတွင် လယ်တီသိမ်တော်ကိုပါ ဖျက်ဆီးခဲ့သည်အထိ ဘာသာတရားမျက်ကွယ်ပြုခဲ့သည်..၊
တရုပ်နှင့် စစ်တပ်ထိပ်ပိုင်းများ မျိုးမျိုးမြက်မြက်ရသော..တစ်ဘက်သတ်စီမံကိန်းအဖြစ် ကမ္ဘာကျော်ခဲ့သည်..
ထိုကိစ္စအစဖေါ်သော ဗိုလ်ချုပ်လူထွက် စာရင်းစစ်ချုပ်ကို..အစစ်အဆေးမရှိဖြုတ်ပစ်သည်အထိ..ရက်စက်ခဲ့သည်..၊
ထိုဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်သည်..သူခိုးစစ်ဗိုလ်ချုပ်များကို သရော်နေသည့်အလား ကိုယ်ကိုယ်တိုင် ထမင်းဆိုင်ဖွင့်ကာ ...သမာအာဇီဝ အလုပ်ကို လုပ်ကိုင်ပြနေသည်ကိုလဲတွေ့ရသည်..၊
တိုင်းပြည်ကိုတကယ်ချစ်၍ မရိုးသားမှုကိုဖွင့်ဟခဲ့သူ..မြန်မာ့တပ်မတော်ဗိုလ်ချုပ်ဟောင်းအား....
သူခိုးဘဘများ၏ ခိုင်းဘက်..စစ်သားဟန်ဆောင်ထားသူများက ဝေဘန်ခဲ့သောဖြစ်စဉ်အဖြစ်..
သမိုင်းဝင် အောက်တန်းကျမှုဖြစ်ခဲ့သည်..၊
-----------------------------------
(၃) ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းနှင့် ဆိပ်ကမ်း--
မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်အုပ်ချုပ်မှ အချုပ်အခြာအာဏာကိုထိပါးခံရမှုများ..
ဆီပုလင်းခါးချိတ်မှုများအနက် အဓိကတစ်ချက်မှာ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းပင်ဖြစ်သည်..၊
ဦးသန်းရွှေခေတ်ကစာချုပ်ချုပ်ခဲ့သော သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ထူးခြားစွာ မြန်မာနိုင်ငံအား ခါးလယ်မှကန့်လန့်ဖြတ်ချသွားသည်ကို တွေ့ရသည်။..
စစ်ရေးအမြင်ရှိသည်ဟု..သူတို့ကိုယ်သူတို့ ဂုဏ်ဖေါ်နေသူများ ...
ခွေးဖြစ်စေသောစီမံကိန်းပင်တည်း.၊
တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အရ..တရုတ်နိုင်ငံ၏ လုပ်ငန်းများသည် စက္ကန့်ပိုင်းမျှပင်..
လျှပ်စစ်ဓာတ်အားပြတ်တောက်လို့မရပေ..
ဆယ်နှစ်အတွင်းတွင် တရုတ်နိုင်ငံတွင် မီးပြတ်တောက်ခဲ့သော အချိန်သည် မိနစ်ပိုင်းမျှသာရှိခဲ့ပေသည်..၊
မြန်မာနိုင်ငံထက် အဆ ၃၀၀ ခန့်မက သုံးစွဲနေသော တရုတ်နိုင်ငံ၏ မီးအားသုံးစွဲမှုများ ပုံမှန်ဖြစ်စေရေးနှင့်
တရုတ်ပြည်သူများ၏ လူနေမှုဘ၀ခံယူချက်များတွင်.လျှပ်စစ် မီးအားကို ရေနှင့် လေကဲ့သို့
Essential အနေအထားရောက်စေရေးအတွက်.မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံသည် ..
တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေရပါသည်..၊
ထိုအနေအထားကိုဖြည့်ဆည်းပေးခြင်းသည်..ရခိုင်ကမ်းလွန်သဘာဝဓာတ်ငွေ့များနှင့် ..
ဧရာဝတီ၊သံလွင် စသော မြစ်ကြီးများကို..စတေးနေကြသည့် အဓိကအကြောင်းအရင်းများဖြစ်သည်..၊
ကျောက်ဖြူ-ကူမင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်..တရုတ်နိုင်ငံသားတို့၏ အိမ်များတွင်...
မီးမျက်တောင်ပင်မခတ်ရေးအတွက်..မြန်မာဘက်မှမြို့ပေါင်းများစွာရွာပေါင်းများစွာ
အမှောင်ဖုံးခံပြီး ပေါပေါပဲပဲ ဈေးဖြင့်ပေးလိုက်ရသော ကမ္ဘာ့အညံ့ဖျင်းဆုံး ရက်ရောမှုများအနက်မှ တစ်ခုပင်ဖြစ်သည်
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည်လဲ ထို့အတူပင်ဖြစ်သည်..
တရုတ်နိုင်ငံသည် အန္ဒိယသမုဒ္ဒရာနှင့် အာရှအနောက်ခြမ်းကို လွှမ်းမိုးပြိုင်ဆိုင်နိုင်ရေးအတွက် အနောက်သမုဒ္ဓရာတွင်..ပင်လယ်ထွက်ပေါက်တစ်ခုကို သေရေးရှင်ရေးတမျှလိုအပ်နေချိန်တွင်..၊
မြန်မာနိုင်ငံအစိုးရက ကျောက်ဖြူဒေသကို ပေါပေါပဲပဲ မျိုးမျိုးမျက်မျက်ဈေးဖြင့် လွယ်လွယ်ကူကူရခဲ့သဖြင့် ကမ္ဘာကအံ့သြသွားခဲ့သည်.၊
ထိုအချိန်က နည်းဗျူဟာအမြင်သာရှိပြီး နိုင်ငံရေးအမြင်နှင့် မဟာဗျူဟာရေးရာအားနည်းလွန်းသည်ဟု ဝေဘန်ခံနေရသော
မြန်မာစစ်အစိုးရသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းဖြစ်သောတရုတ်၏ မဟာအိမ်မက်ကို အကောင်အထည်ဖေါ်ပေးလိုက်ရသော်လဲ..တိုင်းပြည်မှာ မည်သို့မှ ပြောင်ပြောင်ရောင်ရောင်မဖြစ်ခဲ့ပဲ.
အာဏာရှင်ထိပ်ပိုင်းအုပ်စုကသာ တရုတ်၏ ဗီတိုအာဏာအရိပ်တွင်..ခိုလှုံခဲ့သည့် အကျိုးအမြတ်သာရရှိခဲ့သည်..
တကယ်တော့ ရခိုင်ဒေသတွင် တရုတ်၏ အဆင်အခြင်ကင်းမဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအားနည်းကာ တစ်ကိုယ်ကောင်းဆန်သည့် စီမံကိန်းကြီးများ နှင့် သယံဇာတတူးဖေါ်မှုလုပ်ငန်းများ မပျောက်ပျက်ရန်အတွက် ဦးသိန်းစိန်အစိုးရသည် စစ်ယူနီဖေါင်းဝတ် ၀န်ကြီးချုပ်တစ်ယောက်ကိုပင် ဗြောင်ကျကျ ခန့်အပ်သည့်အနေအထားဖြစ်လာခဲ့သည်..
ထိုဝန်ကြီးချုပ်ကို.သာမန်အချိန်တွင်ခန့်အပ်လျှင်ပြဿနာဖြစ်မည်ဆိုးသဖြင့်..ဘာသာရေးအရေးအခင်းများကိုအခြေခံသော ၀ါဒဖြန့်မှုများ အားကိုးဖြင့် ကမန်းကတန်း ခန့်အပ်လိုက်ရသည့်အနေအထားပင်ဖြစ်သည်၊
တကယ်တော့ ရခိုင်ဒေသရှိ ဘာသာရေးပြဿနာများ၏ နောက်ကွယ်တွင်ရှိသည်က..
...ရခိုင်ကမ်းလွန်ဒေသရှိ..ဈေးကွက်အ၀င်ဆုံးသယံဇာတသိုက်များ နှင့်..တရုတ်၏ ပုလဲသွယ်မဟာဗျူဟာ တွင်အချက်အခြာကျသော ကျောက်ဖြူဆိပ်ကမ်းကြီးကို တရုတ်အစိုးရမှ.. လွပ်လပ်စွာလုပ်ကိုင်နိုင်ရေးသည် အဓိကဖြစ်သည်..
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်လက်ပတောင်းစီမံကိန်းများတွင် စစ်ဆေးခဲ့မှုအနေအထားကို တရုတ်အစိုးရသည်..မျက်ဝါးထင်ထင်တွေ့မြင်ရပြီးဖြစ်ပါသည်...
ထို့ကြောင့်...၊
အကယ်၍ ဒေါ်စုကအာဏာရလာပြီး..တရုတ်အစိုးရ၏..ကျောက်ဖြူစီမံကိန်းများနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင်
တရားမျှတမှုမရှိပဲ မြန်မာဘက်မှ တစ်ဘက်သတ် ပေးဆပ်နေရမှုများ..၊ စစ်အာဏာရှင်များနှင့် ကြိတ်ပုန်းခုတ်အပေးအယူအရှုပ်တော်ပံများ..၊ ဒေသခံရခိုင်လူမျိုးများဘက်မှ တစ်ဘက်အကျိုးအမြတ်နည်းပါးမှုများကို ဒေါ်စုမှ စစ်ဆေးတွေ့ရှိသွားပြီး ကမ္ဘာသိထောက်ပြလာပါက..
တရုတ်အစိုးရအဖို့ စီမံကိန်းများဖျက်ပြီး အောင်ဖျာလိပ်ယုံသာရှိပေမည်..၊
ထိုအဖြစ်အပျက်ကို ဘယ်တော့မှ..အဖြစ်ခံမည်မဟုတ်ချေ...
ထိုအနေအထားကိုသိသော တရုတ်သည်...ရခိုင်ဒေသကို ဒေါ်စုမရောက်လာစေရန်..ဦးသိန်းစိန်အစိုးရနှင့်ပေါင်းကြံခဲ့ပါသည်..၊
ထိုအကြံကား...ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သောဘာသာရေး အရေးအခင်းများကို အခြေခံကာ ပံကြီချဲ့ကားပြီး..
ထိုပြဿနာများထဲတွင်.. ဒေါ်စုကို ဆွဲထည့်ကာ... ရခိုင်လူမျိုးများမှ ဒေါ်စုအားအထင်မှားအောင်လုပ်ခဲ့ခြင်းပင်တည်း.?
----------------------------------
ထိုစီမံကိန်းကြီးများသည်..လက်ရှိအချိန်အထိ.Ongoing အနေဖြင့်ရှိသေးသည်..
ထိုဖြစ်စဉ်များကိုထောက်ပြရေးသားတိုင်း..
ဦးသိန်းစိန်ထောက်ခံသူတစ်ချို့က..ယခင်လူတွေလုပ်ခဲ့တာဟုသာပြောကြသည်
ယခင်ချေးခြောက်ရေနူးနေသည်ဟုပြောပြသည်..
တကယ်တော့ ထိုသို့ပြောသူများသည် ..နလပိန်းတုံးများသာဖြစ်သည်..၊
ပြန်ကြည့်ပါက..စစ်အစိုးရအဖွဲ့ဝင်များအများစုသည် ..လက်ရှိအစိုးရအဖွဲ့ဝင်များ
အများစုပင်ဖြစ်နေကြသည်၊
ပြီးတော့ အထက်တွင်ရေးခဲ့သည့်စီမံကိန်းများသည်..Ongoing စီမံကိန်းများဖြစ်သည်..၊
ဟင်းရွက် ကန်စွန်းရောင်းတာမဟုတ်ချေ..၊
နှစ် ၃၀ ခန့်စာချုပ်သက်တမ်းအနည်းဆုံးရှိနေသည်.. ၊ ဒါကို အရင်လူလုပ်ခဲ့တယ်ဟု ပြော၍မရတော့ချေ..
တိုင်းပြည်မှ...နာတာရှည်ရောဂါသည်ကဲ့သို့ပင်တည်း..၊
အဖြေထွက်လာသည်က ..
ဦးသိန်းစိန်သည်..တစ်ချိန်က ဦးသန်းရွှေလုပ်ကိုင်ခဲ့သည့်...
တရုတ်အပေါ်အမြစ်တွယ်ကျွံဝင်နေမှုများကို ဆက်လက်ထိန်းသိမ်းရန်အတွက် ထားရှိခဲ့သူတစ်ဦး
ဆိုပါကလဲ မမှားပေ...။
( အပိုင်း- ၂ ဆက်ရန် )
Zaw Myint Aye ထံမှကူးယူသည်။
No comments:
Post a Comment