30-4-2015
ကိုးကန့်ဒေသတွင် တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တပ် (MNDAA) တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ အတွင်း စစ်ဘေးရှောင် နေသည့် ကိုးကန့်လူမျိုးများ ယခုရက်ပိုင်းအတွင်း ပြည်တွင်းသို့စတင် ပြောင်းရွှေ့လာပြီဖြစ်ကြောင်း ပြောင်းရွှေ့ လာသူများကို အကူအညီပေး နေသည့် ကွမ်းလုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က The Messenger Media သို့ပြောသည်။ ဧပြီလ (၂၉) ရက်နေ့တွင် တရုတ်ဘက်တွင် စစ်ဘေးရှောင် နေသည့် ကိုးကန့် လူမျိုး (၈၃) ဦးတို့သည် ချင်းရွှေဟော်ဘက်မှ ၀င်ရောက်လာ သဖြင့် ၎င်းတို့ဒေသ ဖြစ်သော ကွမ်းလုံမြို့နယ် ထင်ချန်း ကျေးရွာသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
အခု ပြန်လာတဲ့ သူတွေက ချင်းရွှေဟော် ဘက်ခြမ်းက ပြန်လာတာ။ ပြန်လာတဲ့ လူတွေ ကတော့ တရုတ်ဘက်က တာဝန်ရှိ သူတွေက သူတို့ကို တစ်ပတ်အတွင်း ပြောင်း ရွှေ့ဖို့ပြောတဲ့ အတွက် ပြောင်းရွှေ့ လာတယ် လို့ပြောပါတယ်။ အဲဒါကြောင့် ဒီရက်ပိုင်း အတွင်းမှာပဲ ဟိုဘက်က ပြန်လာ နိုင်တဲ့ ကိုးကန့် လူမျိုးတွေရှိတဲ့အတွက် အစိုးရ တာဝန်ရှိသူ တွေကော ကျွန်တော်တို့ပါ သူတို့နေရပ်ပြန် နိုင်ဖို့ စီစဉ်ထား ပါတယ် ဟု ၎င်းက ဆက်ပြောသည်။ ယင်းသို့ ပြောင်းရွှေ့ လာသူများကို အစိုးရ တာဝန်ရှိ သူများ၊ ကိုးကန့် စာပေနှင့် ယဉ်ကျေးမှု အသင်း၊ ကိုးကန့် ရပ်မိရပ်ဖ များက သေချာစိစစ် လက်ခံနေပြီး ရွှေ့ပြောင်းလာသူများ ကိုလည်း အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျွန်တော် အဲဒီဘက်ကို မရောက်သေးတဲ့ အတွက် ဒီသတင်း ကတော့ မကြားသေး ဘူးဗျ။ ကျွန်တော်တို့ ခန့်မှန်းထားတာက တရုတ်ဘက်ကို စစ်ဘေးရှောင်နေတဲ့ ကိုးကန့် လူမျိုးခြောက်သောင်းဝန်းကျင်လောက်ရှိ မယ်လို့ ခန့်မှန်းထားတယ် ဟု လောက်ကိုင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင် က The Messenger Media သို့ပြောသည်။ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖုန်ကြားရှင်၏ ကိုးကန့်တပ် (MNDAA) နှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် တရုတ် ပြည်တွင်းမှ ပြန်ရောက် လာသည့် ဗမာလူမျိုး အလုပ်သမား (၇၂၀၀) ကျော်အား ကူညီပေးနိုင် ခဲ့ကြောင်း သိရသည်။
The Messenger Media
No comments:
Post a Comment