ထိုင်းနိုင်ငံမဲဆောက်ကနေ တဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို မြ၀တီခရိုင် အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။
ထိုင်းနိုင်ငံကနေတဆင့် ၀င်ရောက်လာတာဖြစ်ပြီး မနေ့က မြ၀တီက ကုန်သွယ်ရေးဇုန်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမိုးညို က ဒီကနေ့မှာ ဒေသခံ သတင်းထောက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ် အရေးယူ သွားမယ်လို့လည်း သိရှိရပါတယ်။။
မြ၀တီမြို့နယ်အတွင်းမှာ ဒီနှစ်အတွင်းမှာဘဲ အီရတ်နဲ့နိုင်ဂျီးရီးယား အပါအအ၀င် တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံအချို့က လူတွေကို ဖမ်းဆီး၇မိခဲ့တာတွေရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း အလားတူဖမ်းဆီးရမိမှုတွေရှိခဲ့ပါတယ်။
မနေ့ကဖမ်းဆီးလိုက်တဲ့ တရုတ်နိုင်ငံသား ၄ ဦးကို နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှု ပုဒ်မနဲ့ စွဲချက်တင်သွားမယ်လို့ သိရှိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
No comments:
Post a Comment