တရုတ် - မြန်မာ နဲ့ ဆက်စပ်တဲ့သတင်းတွေကို စုစည်းတာဖြစ်ပါတယ်။ သတင်းစကားပါးချင်ရင် burmabornchinese2015@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Tuesday, May 12, 2015
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၁၁
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဇေယျာအောင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လျန်လည်း တက်ရောက်သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ခိုင်မြဲစေရေး၊ စက်မှု၊ စွမ်းအင် စသည့် ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရေး၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေး၊ ၂၁ ရာစု၏ ရေကြောင်း ပိုးလမ်းမကြီးတွင် ချိတ်ဆက် ဆောင်ရွက်နိုင်မည့် အလားအလာများ၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB)တွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment