Sunday, May 31, 2015
လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲရန် တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာ ရေးထိုး
လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့်စွမ်းအင် စသည့်ကဏ္ဍများဖွံ့ဖြိုးရေးတွင် ဒေါ်လာရှစ်ဘီလျံသုံးစွဲရန် တရုတ်-မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။
China Sichuan - Myanmar Business Matching Conference ကို ၂၀၁၅ ခုနှစ် မေ ၂၈ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ တိုးချဲ့ရေး၊ ဆက်သွယ်ရေးကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် သုံးစွဲရန်အတွက် ငွေပမာဏ ဒေါ်လာရှစ်ဘီလျံခန့်ရှိသော နားလည်မှု စာချွန်လွှာကို ရေးထိုးထားကြောင်း သိရသည်။
ဆန်တန်ချိန်သုံးထောင် ပင်လယ်ရေကြောင်းမှ တရုတ်သို့ တင်ပို့မည်
မောင်တာ
Sat, 2015-05-30
...
မြန်မာ့ဆန်တန်ချိန် သုံး ထောင်ခန့်ကို လာမည့်ဇွန်လဆန်း တွင် ပင်လယ်ရေကြောင်းမှတစ် ဆင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့တော့မည် ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီး ဆန်စပါးဖွံ့ဖြိုးရေးကုမ္ပဏီမှသတင်းရရှိသည်။
တရုတ်နိုင်ငံက တစ်နှစ်လျှင် မြန်မာ့ဆန်တန်ချိန် တစ်သန်းခန့် တရားဝင် ၀ယ်ယူမည်ဖြစ်ပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် သုံးထောင် စတင်တင်ပို့ရောင်းချခြင်းဖြစ်သည်။
ယခုနှစ်ဆန်းကတည်းက ဆန်စတင် တင်ပို့နိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ဆန်အရည်အသွေးနှင့် ဈေးနှုန်းညှိနှိုင်းနေခဲ့ရပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံမှ အရည်အသွေး စစ်ဆေးသည့်အဖွဲ့များ လာရောက်စစ်ဆေးပြီးနောက် စတင် တင်ပို့နိုင်ခြင်းဖြစ် သည်ဟု မန္တလေးတိုင်းဒေသကြီး ဆန်စပါးဖွံ့ဖြိုးရေးကုမ္ပဏီ (MRDC)မှ ဒါရိုက်တာအဖွဲ့ဝင် ဦးမိုက်ကပြောကြားသည်။
ကြေးနီစီမံကိန်းဒေသခံများနှင့် ကုမ္ပဏီ မေ ၃၀ ရက်တွင် ဆွေးနွေးမည်
မျိုးမင်းဦး
Sat, 2015-05-30
 ဆားလင်းကြီးမြို့နယ် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်း ဒေသခံများ တောင်းဆိုချက်ကို ပြန်လည်ဖြေ ကြားရန် မြန်မာယမ်စီကုမ္ပဏီ တာဝန်ရှိသူများ မေလ ၃၀ ရက် တွင် မြန်မာယမ်စီကုမ္ပဏီသင် တန်းခန်းမ၌ တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုခဲ့ကြောင်း သတင်းရရှိ သည်။
‘‘အဓိက မြေယာလျော်ကြေး၊ အလုပ်သမားအရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအသုံး စရိတ်တွေကို ဒေသခံတွေအနေနဲ့ မေးမြန်းခဲ့တာပါ။ မေးခွန်းတွေက များပြားတဲ့အတွက် ကုမ္ပဏီဘက် က မြန်မာယမ်စီကုမ္ပဏီသင်တန်း ခန်းမမှာ ထပ်မံတွေ့ဆုံဖို့ ချိန်းဆိုခဲ့ တယ်။ ဒေသခံတွေအနေနဲ့လည်း ဥပဒေနဲ့အညီ ကြိုတင်အကြောင်း ကြားပြီးမှ တွေ့ဆုံဆွေးနွေးရေး အတွက် ပြေလည်အောင်ဆောင် ရွက်ခဲ့တယ်။ ကုမ္ပဏီဘက်က ဒေသခံတွေကို အမှုဖွင့်ထားတယ် ဆိုတဲ့ကိစ္စမှာ ပြဿနာကြီးထွား စေတဲ့ ကိစ္စတွေဖြစ်နေတဲ့အတွက် မေလ ၃၀ ရက် ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးမယ်’’ဟု ဆားလင်းကြီးမြို့နယ် ကံကုန်းကျေး ရွာဒေသခံ ကိုတင့်အောင်စိုးကပြောသည်။
စီမံကိန်း ပိုလျှံမြေများကို လယ်ထွန်ခွင့် ဒေသခံများ ဝမ်ပေါင်နှင့် ဆွေးနွေးမှု မအောင်မြင်
Written by ယုဝေ
Saturday, 30 May 2015
 ရန်ကုန်၊ မေ ၂၉ ။ ။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက လယ်ယာမြေ လျော်ကြေးငွေ ယူမထားသည့် ပိုလျှံလယ်မြေများပေါ်တွင် ထွန်ယက်စိုက်ပျိုး ခွင့် ရရန် ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မေလ ၂၈ ရက်က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဝမ်ပေါင်ကုမ္ပဏီက ခွင့်မပြုခဲ့ဟု သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည့် ဒေသခံ တောင်သူများက မဇ္ဈိမကို ပြောသည်။
ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေးမယူဘဲ သီးနှံလျော်ကြေးသာ ရယူထားသည့် တောင်သူများ၏ ကိုယ်စားလှယ်အဖြစ် တစ်ရွာလျှင် တစ်ယောက်နှုန်း တွေ့ ဆုံဆွေးနွေးရန် မေလ ၂၇ ရက်က ဝမ်ပေါင်ကုမ္ပဏီက အကြောင်းကြားလာသဖြင့် တောင်သူ ကိုယ်စားလှယ် ၆ ဦးက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မူဆယ်ရှိပုဂ္ဂလိကဘဏ်များ ငွေအများဆုံး လွှဲနိုင်သော ပမာဏကို ကန့်သတ်
29.5.2015
မန္တလေး-မူဆယ်လမ်း လုံခြုံရေးအခြေအနေကြောင့် ငွေ များ သယ်ယူရေးအခက်အခဲရှိသဖြင့် မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ် များသို့ ငွေလွှဲရာတွင် မေလကုန်ပိုင်းမှစတင်၍ တစ်ဦးလျှင် အများ ဆုံး ကျပ်ငွေငါးသိန်းသာခွင့်ပြုကြောင်း သတင်းရရှိသည်။
 ‘‘ငွေတွေကို မန္တလေးကနေ သယ်ရတော့လမ်းလုံခြုံရေးက စိတ်မချရဘူး။ မူဆယ်မှာ လေယာဉ်ကွင်းမရှိတော့ကားနဲ့ပဲသယ် ရတယ်’’ဟု ကမ္ဘောဇဘဏ်အကြီး တန်းအကြံ ပေးပုဂ္ဂိုလ် ဦးသန်းလွင်က ပြော သည်။
သို့သော်အစိုးရဘဏ်များ တွင်ငွေလွှဲ၊ ငွေထုတ်ခြင်းတို့အ တွက် မကန့်သတ်ထားဟု လုပ် ငန်းရှင်အချို့က ပြောသည်။ ပုဂ္ဂ လိက ဘဏ်များမှ ငွေလွှဲပို့ရာတွင် ငွေပမာဏသတ်မှတ်လိုက်သော ကြောင့် အသေးစားနှင့်အလတ် စားအရောင်းအ၀ယ်ပြုလုပ်သူ များသည် မူဆယ်ရှိဘဏ်ခွဲဖွင့် လှစ်ထားသော ဘဏ်များအားလုံး ၌ ငွေလွှဲကာ လုပ်ငန်းလည်ပတ် နေကြောင်း နယ်စပ်မှကုန်သည် အချို့က ပြောသည်။
တရုတ် CNPC စပိဘုတ်တိုက်၍ မဒဲကျွန်းတွင် ငါးဖမ်းစက်လှေ တစ်စီးနစ်မြုပ်
ကျော်ဝင်း (ကျောက်ဖြူ)
ဇွန်လ ၁
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်း ရေနက် ဆိပ်ကမ်းတွင် ဘီယာမူးနေသည်ဟု ယူဆရသော CNPC တရုတ် ကုမ္ပဏီ ၀န်ထမ်းအချို့ မောင်းနှင်လာသော စပိဘုတ်တစ်စီးက ဒေသခံ  ငါးဖမ်းစက်လှေ တစ်စီးကို ၀င်တိုက်ရာ ငါးဖမ်းစက်လှေမှာ ထက်ပိုင်းပြတ်ပြီး နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။
ငါးဖမ်းစက်လှေတွင် ပါလာသူ  ဒေသခံ နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်ဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက် ခဲ့သည်ဟု သိရသည်။
“ ကျနော်တို့ ငါးဖမ်းစက်လှေကို တရုတ် CNPC ကုမ္ပဏီပိုင် စပိဘုတ်က အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်သွားတယ်။ စပိဘုတ်မောင်းတဲ့ လူရဲ့ လက်ထဲမှာ ဘီယာပုလင်းကို ကိုင်လို့ မြင်လိုက်တယ်။ ကံကောင်းလို့ မသေတာလို့ ဆိုရမယ်။ လှေအပိုင်းနဲ့ စက်ကတော့ ရေထဲသို့ နစ်မြုပ်သွားတယ်” ဟု  အသက်ဘေးမှ လွတ်မြောက်လာသူ ငါးဖမ်း စက်လှေပေါ်တွင်ပါဝင်သူတစ်ဦးဖြစ်သည့် မဒဲကျွန်းဒေသခံ ဦးမောင်မြဝေ ကပြောသည်။
တရုတ်ကောင်လေးနှစ်ဦးမှ ရှမ်းလူငယ်ချစ်သူစုံတွဲ တစ်တွဲကို ဓားနှင့်ရွယ်ကာ ပုခုံးကိုခုတ်ပြီးဆိုင်ကယ် လုယက်ထွက်ပြေး
29.5.2015
တရုတ်ကောင်လေးနှစ်ဦးမှ ဆိုင်ကယ်ပေါ်ထိုင်ရင်းစကားပြောနေကြသည့် ရှမ်းချစ်သူစုံတွဲတစ်တွဲကို ဓားဖြင့်ရွယ်ကာ ရှမ်းကောင်လေး၏ပုခုံးကိုခုတ်ထစ်မှုကြောင့် ခြောက်ချက်တိတိချုပ်ယူခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယခုလ ၂၃ ရက် မေလ ၂၀၁၅၊ည(၈း၃၀)အချိန်ခန့်၌ ၎င်းချစ်သူစုံတွဲသည် ရှမ်းပြည်မြောက်ပိုင်း၊မူစယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ မန့်နားတောင်ပေါ်တွင် ဆိုင်ကယ်ရပ်ကာ ဆိုင်ကယ်
ပေါ်ထိုင်ရင်းစကားပြောနေကြစဉ် အဆိုပါတရုတ် ကောင်လေးနှစ်ဦးသည် အကျီင်္ိနက်ဝတ်၊ဦးထုပ်နှင့်
အကျီင်္ိတွဲလျှက် ဦးခေါင်းကိုအုပ်ထားရင်း သူတို့အနီးနားသို့ ဆိုင်ကယ်ဖြင့်ရောက်လာခဲ့သည်ကိုတွေ့မိခဲ့ပေ
သည်ဟု ဆိုသည်။
Monday, May 25, 2015
ဆန်တန်ချိန် ၃,ဝဝဝ တင်ပို့မည့် MAPCO မှ ပူးပေါင်းလိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ်
21-5-2015
တရုတ်နိုင်ငံသို့ ပထမဆုံး တရား ဝင် ဆန်တန်ချိန် ၃,ဝဝဝ တင်ပို့မည့် MAPCO (Agribusiness Public Corporation) မှ ပူးပေါင်းလိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ်ထားပြီး လက်ရှိအချိန်၌ ကုမ္ပဏီ ၁၃ ခု ပါဝင်ရန် ကမ်းလှမ်းထားကြောင်း MAPCO ကုမ္ပဏ်ီမှ သိရှိရသည်။
” တရုတ်ကို မေလကုန်မှာ ၂၅ မှတ်တန် ဧည့်မထဆန် တန်ချိန် ၃,ဝဝဝ ကို တင်ပို့သွားမယ်။ ပူးပေါင်း လိုတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဆဲဖြစ် လို့ ပူးပေါင်းမယ့် ကုမ္ပဏီတွေကို မဖော်ပြနိုင်သေးဘူး။ လက်ရှိတော့ ကုမ္ပဏီ ၁၃ ခုလောက်က ပါဝင်ဖို့ ပြောထားတာရှိပါတယ် ” ဟုလည်း MAPCO ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်မြင့်က ပြောသည်။
ပူးပေါင်းလိုသည့် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံးတွင် လျှောက်ထားနိုင် ပြီး ကုမ္ပဏီတစ်ခုလျှင် အနည်းဆုံး ကျပ်သိန်း ၁ဝဝ ဖြင့် မေလ ၁၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က မေလ ၅ ရက်တွင် တရားဝင်ထုတ်ပြန်ထားသည်။
တရုတ်ကတင်သွင်းလာတဲ့ မီးသတ်ကားတစ်စီး ကွတ်ခိုင် နမ့်ဖက်ကာတွင် ချောက်ထဲကျ
26-5-2015
ယနေ့နံနက်၁၀နာရီအချိန်ခန့်က ကွတ်ခိုင်နမ့်ဖတ်ကာအကြားရှိနမ့် ဖတ်လွန်ကျေးရွာအဆင်းတွင်မီး သတ်ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးချောက်အတွင်းထိုး ကျခဲ့မှုဖြစ်ပွားခဲ့သည်။နေပြည်တော်မီးသတ်ဦးစီဌာနသို့ပို့ဆောင်မည့်တရုတ်နိုင်ငံမှတင်သွင်းလာသည့်ယာဉ်များထဲမှတစ်စီးချောက်ထဲးထိုးကျခြင်းဖြစ်သည်။မီးသတ်ယာဉ်စုစုပေါင်း၂၁စီးအားနေပြည်တော်သို့ပို့ဆောင်ရန်ယနေ့နံနက် တွင်မူဆယ်မြို့မှနေ၍မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရှိရသည်။
စပယ်ကြေးစင်တောင် ကြေးနီစီမံကိန်း အ၀င်လမ်းကို ဒေသခံတွေ ပိတ်ဆို့တားဆီးထား
26-5-2015
စပယ်ကြေးစင်တောင် ကြေးနီစီမံကိန်းကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေများ မြေယာလျော်ကြေး ရရှိရေး၊ သဘာဝပတ်ဝန်းကျင်၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေသုံးစွဲမှု စတဲ့အကြောင်းအရာများ ဆွေးနွေးလိုတဲ့ ဒေသခံ တောင်သူတွေက တွေ့ဆုံနိုင်ရေး အကြောင်းကြားခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်တွေ့ဆုံမှုမရှိလို့ ကုမ္ပဏီရဲ့ အ၀င်အထွက် လမ်းတွေကို မေလ ၂၅ရက်နေ့ ကစတင်ပြီး အခု မေလ ၂၆ရက် မနက်ပိုင်းအထိ ဒေသခံတွေက ပိတ်ဆို့တားဆီးထားကြပါတယ်။
ဒေသခံတွေက ကုမ္ပဏီ အ၀င်လမ်းမှာ ပိတ်ဆို့တားဆီးထားပြီး လုပ်ငန်းခွင်ထဲက၀န်ထမ်း အလုပ်သမားတွေကို ပြန်ထွက်ခွင့်ပေးခဲ့ပေမယ့် အလုပ်ဆိုဒ်ထဲကို အပြင်ကကားတွေလဲ ၀င်ခွင့်မပြုပဲ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားပါတယ်။ မေလ ၂၅ရက် ညပိုင်းအထိ တစုံတရာ ညှိနှိုင်းခြင်းမရှိခဲ့လို့ ဒေသခံတွေဟာ အခုမနက်ပိုင်းထိ အဲဒီ့နေရာမှာပဲ ညလုံးပေါက် ပိတ်ဆို့တားဆီးထားကြပါတယ်။
ရှမ်းပြည်နယ် တီကျစ်မြို့ ပျက်စီးတော့မည်လော
ရှမ်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ပြင်သာရွာအနီးရှိ ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးထုတ်လုပ်သည့် မိုင်းတွင်းကြောင့် ဒေသခံများ ယခင်ကမဖြစ်ဖူးသည့် ရောဂါဝေဒနာဆန်းများ ခံစားလာရပြီဟု တီကျစ်ဒေသခံများက ပြောကြားခဲ့သည်။
တီကျစ်ရှိ ကျောက်မီးသွေးမိုင်းတွင်းထွက် ကျောက်မီးသွေးဖြင့် ရေနွေးငွေ့စက်ရုံ လည်ပတ်သည့်အခါများတွင် ၎င်းအနီးကျေးရွာများမှ အသက်ရှူကျပ်သည်အထိ မီးခိုးငွေ့နှင့်ပြာများ ဖုံးလွှမ်းလေ့ရှိသည်ဟု ဆိုသည်။ ''နေ့တိုင်း ကကြီး ခကွေး ရေးလို့ရတယ်။ စက်ရုံက မီးခိုးပြာတွေကြောင့်လေ''ဟု အသက် ၅၀ ကျော် ဒေသခံအမျိုးသမီးကြီး တဦးက ပြာဖုံးကြမ်းပြင်ပေါ်၌ သူမ၏လက်ညှိုးဖြင့် ရေးခြစ်၍ရှင်းပြသည်။
 ဓာတ်ငွေ့များ အနံ့ဆိုးခြင်း၊ ကျောက်မီးသွေးတွင်းက စွန့်ပစ်ထားသည့် အညစ်အကြေးပုံမှာ ရွာထက်ပင်မြင့်မောက်နေခြင်း၊ ထိုမှ ရလာသည့် အနံ့ဆိုးများကြောင့် ဒေသခံပြည်သူလူအများမှာ အရေပြား ယားယံခြင်း၊ မျက်စိနာခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ပိုက်ဆံတတ်နိုင်သူအချို့မှာ အခြားမြို့ရွာများသို့ ပြောင်းပြေးနေကြသည်။
 ပြာမှုန်များ နေ့စဉ် တန်ချိန် ၁၀၀ အနည်းဆုံး ထွက်ကြောင်း၊ ကျောက်မီးသွေးမိုင်းမှ စွန့်ပစ်အညစ်အကြေးများမှာ ဘီလူးချောင်းတွင်း စီးဝင်နေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Sunday, May 24, 2015
သန့်စင်ကျောက်မီးသွေးစက်ရုံ အလိုမရှိဟု ကျောက်ဖြူ ဒေသခံများဆို
24-5-2015
သဘာဝဓာတ်ငွေ့များကို တရုတ်သို့ တင်ပို့နေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် သန့်စင်ကျောက်မီးသွေး (ဆိုးကျိုးနည်းသည် ဆိုသောစနစ်) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အလိုမရှိဟု ကျောက်ဖြူမြို့နယ်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံများက တင်ပြခဲ့ကြသည်။
ကျောက်ဖြူမြို့နယ် မအူပြိန်ကျေးရွာတွင် မေလ ၂၁ ရက်နေ့က ပြုလုပ်သည့် ယင်းလူထုတွေ့ဆုံပွဲ၌ ကျေးရွာအုပ်စု ၁၁ ခုရှိ ကျေးရွာပေါင်း ၂၈ ရွာမှ ဒေသခံငါးရာကျော် တက်ရောက်ခဲ့ကြောင်း ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် ဒေသခံဦးကျော်ဝင်းက ပြောဆိုသည်။
ကျေးရွာအုပ်စုတစ်ခုစီမှ ဒေသခံနှစ်ဦးကျစီ ဆွေးနွေးခဲ့ပြီး ဆွေးနွေးသူ အားလုံးက ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို အလိုမရှိဟု တင်ပြခဲ့ကြကြောင်း ၎င်းက ဆိုသည်။
တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦးကို မြ၀တီတွင် ဖမ်ဆီးခံရ
မေ - ၂၃ - ၂၀၁၅
ထိုင်းနိုင်ငံမဲဆောက်ကနေ တဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို မြ၀တီခရိုင် အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။
ထိုင်းနိုင်ငံကနေတဆင့် ၀င်ရောက်လာတာဖြစ်ပြီး မနေ့က မြ၀တီက ကုန်သွယ်ရေးဇုန်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမိုးညို က ဒီကနေ့မှာ ဒေသခံ သတင်းထောက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ် အရေးယူ သွားမယ်လို့လည်း သိရှိရပါတယ်။။
မြ၀တီမြို့နယ်အတွင်းမှာ ဒီနှစ်အတွင်းမှာဘဲ အီရတ်နဲ့နိုင်ဂျီးရီးယား အပါအအ၀င် တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံအချို့က လူတွေကို ဖမ်းဆီး၇မိခဲ့တာတွေရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း အလားတူဖမ်းဆီးရမိမှုတွေရှိခဲ့ပါတယ်။
မနေ့ကဖမ်းဆီးလိုက်တဲ့ တရုတ်နိုင်ငံသား ၄ ဦးကို နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှု ပုဒ်မနဲ့ စွဲချက်တင်သွားမယ်လို့ သိရှိရပါတယ်။
 သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
MNDAA သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်ထားသော ပွိုင့်-၁၇၈၈ တောင်ကုန်းအား သိမ်းပိုက်ရရှိ
နေပြည်တော် မေ ၂၂
ဖုန်ကြားရှင် ဦးစီး MNDAA သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန် ဒေသ စီကော်လျံဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းခဲ့ပြီး သောင်းကျန်းသူအကြွင်းအကျန်များကိုပါ ဆက်လက် အောင်မြေချဲ့ ရှင်းလင်းတိုက်ထုတ်လျက်ရှိရာ ဆုတ်ခွာထွက်ပြေးသွားသော သောင်းကျန်းသူများသည် တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်း လာသဖြင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၁)မှဝင်ရောက်ပြီး မာလုရွှေဒေသအတွင်းရှိ တောင်ကုန်းများတွင် အခိုင်အမာ အခြေပြုခံစစ်ဆင်ခဲ့သည်။
မာလုရွှေဒေသအတွင်း MNDAA သောင်းကျန်းသူများ အခိုင်အမာအခြေပြု ခံစစ်ဆင်ထားသော တောင်ကုန်းများအား တပ်မတော်စစ်ကြောင်းများက မေလ ပထမပတ်မှစတင်၍ တိုက်ခိုက်ချေးမှုန်းခဲ့ရာ မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပွိုင့်-၁၆၀၇ တောင်ကုန်း ပွိုင့်-၁၇၀၉ တောင်ကုန်းနှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအား သိမ်းပိုက်ရရှိခဲ့ပြီး သောင်းကျန်းသူများသည် ဆုတ်ခွာထွက်ပြေး၍ နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ်(၁၁၁)အနီးရှိ ပွိုင့်-၁၇၈၈ တောင်ကုန်းတွင် အခြေပြုခံစစ်ဆင်ခဲ့သည်။
အစိုးရအဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများနှင့် တရုတ်နိုင်ငံအာဏာပိုင်များဘက်မှ ပူးပေါင်းတားဆီးမှုမတွေ့ရသောကြောင့် အစိုးရသစ်လက်ထက်တွင် သစ်ခိုးထုတ်မှု အဆမတန်မြင့်မားလာကြောင်း သစ်တောတာဝန်ရှိသူပြောကြား
အစိုးရအဖွဲ့အစည်းများ၏ အကျင့်ပျက်ခြစားမှုများနှင့် တရုတ်နိုင်ငံအာဏာပိုင်များဘက်မှ ပူးပေါင်းတားဆီးမှုမတွေ့ရသောကြောင့် အစိုးရသစ်လက်ထက်တွင် သစ်ခိုးထုတ်မှု အဆမတန်မြင့်မားလာကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက မေ ၂၂ ရက်တွင်ပြုလုပ်သည့် သတင်းထုတ်ပြန်သည့်အခမ်းအနားအစီအစဉ်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းအနေဖြင့် မီဒီယာများကို ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
"တရားမ၀င်သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေ တိုးတက်များပြားလာရတဲ့အပိုင်းတွေက ခုနစ်ခုလောက်က အဓိကကျနေတယ်။ အဓိကအကြောင်းအရင်းက တာဝန်ရှိအဖွဲ့အစည်းများအတွင်း အကျင့်ပျက်ခြစားမှုတွေရှိနေတာပါ" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ထောက်ပြခဲ့သည်။
MNDAA တပ်ဖွဲ့ဝင်များ သွေးပျက်ခြောက်ခြားပြီး ကစဥ့်ကလျား ထွက်ပြေးနေကြောင်း သတင်းများ ထွက်ပေါ်
24-5-2015
လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ပွိုင့် ၂၂၀၂ ကို အစိုးရတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း MNDAA တပ်ဖွဲ့ဝင်တွေဟာ ဦးတည် ရာကို ကစဥ့်ကလျား ထွက်ပြေးနေတယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ အဲဒီ တိုက်ပွဲမှာ အစိုးရတပ်ဘက်က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် MNDAA တပ်ဖွဲ့ဝင်တွေဟာ သွေးပျက်ခြောက်ခြားပြီး သေဆုံးမှုလည်းများတယ်လို့ တရုတ်-မြန်မာနယ်စပ်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်မိသားစုတွေ ဆီကသိရပါ တယ်။
ပွိုင့် ၂၂၀၂ ကို အစိုးရတပ်တွေက လေကြောင်းပစ်ကူ၊ အမြောက်နဲ့သံချပ်ကာလက်နက်ကြီးပစ်ကူတွေယူပြီး မြေပြင် တပ်တွေက တရစပ်ချေမှုန်းခဲ့တာကြောင့် MNDAA အဖွဲ့တွေ ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားတွေမှာ ပြသသွားတဲ့အတွက် တောင်ကုန်းတစ်ခုလုံး စိစိညက်ညက်ကြေနေတာကို တော့ မြင်လိုက်ရပါတယ်။ အမြောက်ကျည် ကျရောက်ပေါက်ကွဲတဲ့ အရှိန်ဟာမီးတောင်ပေါက်ကွဲသလား အောက်မေ့ရ လောက်အောင် မီးခိုတွေနီရဲနေတာ တွေ့ရပါတယ်။
Saturday, May 23, 2015
##### သူ့အပြော #####
#####  သူ့အပြော #####
တရုတ်စစ်လက်နက်ကုမ္ပဏီ ပြောတာက မြေယာပြဿနာတရားခံဟာ မြန်မာ တွေတဲ့
အရှက်မရှိသော စစ်နယ်လုံဝန်ကြီးနှင့် ဦးပိုင်ကုမ္ပဏီကို တရုတ်ဝမ်ပေါင်ကုမ္ပဏီ မှ လက်ညိုးငေါက်ငေါက်ထိုး၍ ပြောတာက
``လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မှာ ဒေသခံတောင်သူတွေနဲ့  မြေယာပြဿနာဖြစ်ပွားနေရတာမှာ မြန်မာ ဝန်ကြီးတွေ နဲ့ ဦပိုင်ကုမ္ပဏီမှာသာ တာဝန်ရှိတယ်´´
၂၂့  ၅့  ၂၀၁၅
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆက်ဆံရေးရုံး
Credit : original uploader
Friday, May 22, 2015
“ဝ” တို့၏ လျှို့ဝှက်ပန်းခြံ
၂၂-၅-၂၀၁၅
မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ၂၀၁၃ ခုနှစ် အစောပိုင်းတွင်  တရုတ်နိုင်ငံမှ  လက်နက်ကြီးများ  တပ်ဆင်ထားသော  ရဟတ်ယာဉ် ၅ စီး ဝယ်ယူခဲ့သည်ဟု ၂၀၁၅ ခုနှစ် ဧပြီလထုတ် Jane’s Defence စစ်ရေး အပတ်စဉ် ဂျာနယ်တွင် ဖော်ပြခဲ့သည့်အတိုင်း ဟုတ် မဟုတ် အချိန်တန်လျှင် သိလာရကောင်း သိလာနိုင်ပါသည်။ သို့မဟုတ် သိချင်မှလည်း သိနိုင်ပါမည်။
“Y-90 အမျိုးအစား ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသော Mil Mi-17 ‘Hip’ အလတ်စား ပို့ဆောင်ရေး ရဟတ်ယာဉ် များကို ဝယ်ယူခဲ့ကြောင်း သတင်းဖော်ပြချက်ကို UWSA နှင့် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က နိုင်ငံခြားမီဒီယာများအနေ ဖြင့် သတင်းရေးသားခြင်းမပြုမီ “ကျနော်တို့လက်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သေချာသိအောင် လုပ်သင့်တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
SSPP/SSA အဖွဲ့မှ မူဆယ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ ၁၀ သိန်း ကောက်ခံ
22.5.2015
SSPP/SSA အဖွဲ့သည် မေလ ၁၉ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအား ဆက်ကြေးငွေ ခြိမ်းခြောက်ကောက်ခံခဲ့ကြောင်း မူဆယ်မြို့ခံများထံမှ သတင်းရရှိ သည်။
 “ မြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေအားလုံးကို အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ဆက်ကြေး ကောက်သွား တာ၊ ခုတိုက်ပွဲတွေဖြစ်နေတာ ပေးရတဲ့ပမာဏက ၁၀ သိန်း တောင်ဆိုတော့ များတာပေါ့၊ သူတို့အဖွဲ့တွေ ဒီလိုပဲ အမြဲတမ်း တောင်းနေတာ၊ မပေးရင် ဖမ်းပြီးနှိပ်စက်၊ သေနတ်နဲ့ပစ်၊ မိုင်းခွဲတာတွေလုပ်တော့ ဒီက စီးပွားရေး သမားတွေ သူတို့တောင်းရင် မပေးဘဲမနေရဲဘူး ” ဟု မူဆယ်မြို့မှ အလုပ်သမားတစ်ဦးကဆိုသည်။
Thursday, May 21, 2015
တရုတ်နိုင်ငံ CITIC Group မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁ ဘီလီယံကျော် ထုတ်ချေး
ကျောက်ဖြူ၊  မေ ၂၁ ရက် (ဆင်ဟွာ)
 ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ စီမံကိန်းအရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ မှ တောင်သူ လယ်သမားများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CITIC  Group မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ငွေကျပ် ၁.၅ ဘီလီယံ ထုတ်ချေး လျှက်ရှိကြောင်း CITIC ဆောက်လုပ်ရေး ကုမ္ပဏီ ဒုတိယ အထွေထွေ မန်နေဂျာ Mr. Frank Ma Chuanfu က ပြောကြားသည်။
စီမံကိန်းအရ ပထမ အကြိမ်အဖြစ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် ၂၀၁၅ ခုနှစ် မတ်လ မှ စတင်ပြီး ယခုချိန်ထိ ဒေသခံများမှ လုပ်ငန်းအစီအစဉ် တင်ပြကာ ချေးငွေများ လျှောက်ထားမှုကို လက်ခံ၍ ချေးငွေ ထုတ်ပေးခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ထပ်မံ၍ ယနေ့ မေလ ၂၁ ရက်နေ့တွင် နောက်ထပ် ကျေးရွာ ၂၅ ရွာကို ချေးငွေ ချေးပေးရန် လျှောက်လွှာများ စတင် လက်ခံလျှက် ရှိသည်။
Monday, May 18, 2015
တရုတ်နိုင်ငံတွင်း ကျည်ကျရောက်မှုနှင့်ပတ်သက်၍ တပ်မတော် (မြ၀တီသတင်းဌာန) ဘက်မှ သတင်းထုတ်ပြန်ချက်
19-5-2015
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Yang Houlan အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းကောင်း နိုင်ငံဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားပါကြောင်း၊ လက်ရှိ လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်စဉ်များမှာ ဖုန်ကြားရှင်၏ MNDAA သောင်းကျန်းသူများ အနေဖြင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ နှင့် မိမိတပ်ဌာနချုပ်များကို စတင်တိုက်ခိုက် လာခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ မေလ ၁၄ ရက် ညပိုင်းတွင် တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း အမြောက်ကျည် ၂ လုံး ၊ မေလ ၁၅ ရက် နံနက်ပိုင်းတွင် အမြောက်ကျည် ၄ လုံး ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မရိုးသားမှုများရှိပါကြောင်း၊ ရန်သူ့တောင် ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထား ၊ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေနှင့် အကွာအဝေးတို့အရ အဆွေတော်မှ အသိပေးအကြောင်းကြား လာ သည့် နမ်စန်မြို့တွင်းသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင် ပါကြောင်း၊
ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် TNLA(ပလောင်)အဖွဲ့  ဒုတိယအကြိမ် ငွေကြေးကောက်ခံ
18-5-2015
၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက် နံနက် ၇ နာရီခန့် တွင် လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့  နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် နမ့်မွှေးကျေးရွာကြား၊ ပန်ဂျရော့ကုန်းဆင်းအနီးတွင် TNLA (ပလောင်) အဖွဲ့ မှ အင်အား ၆၀ ဦးခန့် သည် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ၂၂ ဘီး တစ်စီးလျှင် ၅ သိန်းကျပ်နှူန်း၊ ၆ ဘီးယာဉ်တစ်စီးလျှင် ၂ သိန်းကျပ်နှူန်း၊ အငှားယာဉ်တစ်စီးလျှင် ၂၀၀၀၀ ကျပ် နှူန်း ကောက်ခံလျက်ရှိပြီး ယခင်ကောက်ခံပြီးသား ကားများကို တစ်စီးလျင် ကျပ် ၅၀၀၀ နှူန်း ကောက်ခံလျက် ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ လားရှိုးမြို့ ခံတစ်ဦးက မေလ ၁၈ ရက် နေ့လယ်ပိုင်းတွင် Oriental News သို့ပြောသည်။
တရုတ် ဝယ်လိုအားကြောင့် မြေပဲဆန်ဈေးနှုန်း ပြန်လည်မြင့်တက်
နိုင်နိုင်ဇော်
တရုတ် ဝယ်လိုအားကြောင့် မြေပဲဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေသည်ဟု ဘုရင့်နောင်ပွဲရုံ အခြေစိုက် ပဲကုန်သည်များနှင့် ပဲဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
“မြေပဲကတရုတ်ပဲ အဓိက ဝယ်တာပါ၊ ဒီနှစ် သူတို့ဈေးကွက် လိုအပ်ချက်ကြောင့် ပြန်ဝယ်တယ်ထင်တယ်၊ တရုတ်က မဝယ်တာကြာပြီ ဒီနှစ်မှပြန်ဝယ်ပေမယ့် ဒီဘက်မှာ မြေပဲလက်ကျန် သိပ်ရှိတာမဟုတ်ဘူး” ဟု ပဲပို့ကုန်လုပ်ငန်းရှင် ဦးမင်းဇော်က ပြောသည်။
 တရုတ်ဝယ်လိုအားကြောင့် ယခင်နှစ် မြေပဲဆန် တစ်ပိဿာ ၁၆၀၀ ကျပ်ဝန်းကျင်သာ ရှိရာမှ ယခုနှစ်တွင် ၂၈၀၀ ကျပ် ဝန်းကျင်အထိ မြင်တက်လာခဲ့သည်ဟု ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်များက ပြောသည်။
တရုတ်ဘက် ကျည်ဆန်ကျရောက်မှု ကိုးကန့်လက်နက်ကိုင်များ လုပ်ဆောင်ခြင်းဟု တပ်/ချုပ်ဆို
ရန်ကုန်၊ မေ ၁၈
မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံရေး ထိခိုက်စေရန်အတွက် တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကျည်များ ကျရောက်ခြင်း ကိစ္စသည် ကိုးကန့်လက်နက်ကိုင်များ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် နှစ်နိုင်ငံ နယ်စပ်ဒေသအနီးရှိ တရုတ်နိုင်ငံ နန့်စမ်မြို့တွင်းသို့ မြန်မာနိုင်ငံဘက်အခြမ်းမှ လက်နက်ကြီးကျည်များ ကျရောက်ခြင်းနှင့် ပတ်သက်ပြီး မေလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ သံအမတ်ကြီ H.E.Mr. Yang Houlan၊ စစ်သံမှူး Senior Colonel Wang Jinbo တို့နှင့် တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျရောက်မှု တပ်မတော်၏ ပစ်ခတ်မှု လုံးဝမဟုတ်ကြောင်း တပ်ချုပ်ငြင်းဆို
19-5-2015
ပြီးခဲ့သည့်ရက်က တရုတ် နိုင်ငံနယ်နိမိတ်အတွင်းသို့ လူထိ ခိုက်ဒဏ်ရာရမှုများဖြစ်စေခဲ့သည့်လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုများသည် မြန်မာ့တပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်တွင် ငြင်းဆိုလိုက် သည်။
  မေလ ၁၈ ရက်က နေပြည်တော်တွင် မြန်မာ့တပ်မတော် အကြီးအကဲများနှင့် တရုတ်နိုင်ငံသံအမတ်ကြီး၊ တရုတ်စစ်သံမှူးတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုကဲ့သို့ ငြင်း ဆိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးကထုတ်ပြန်ခဲ့သည်။ ယခုတွေ့ဆုံမှုသည် မေလ ၁၅ ရက်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးကို ဘေဂျင်းမြို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူပြီး ကန့်ကွက်မှု၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး နိုင်ငံခြားဆက်ဆံရေးရုံးက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ တရားဝင်စာဖြင့် ကန့်ကွက်မှုတို့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
" ၀ " ခေါင်းဆောင် ၈ ဦးကို မူးယစ်ဆေးအမှုဖြင့် အမေရိကန်က တရားစွဲဆို
" ၀ " ခေါင်းဆောင် ၈ ဦးကို ၂၀၀၅ ခုနှစ် ဇန်န၀ါရီလမှစပြီး အမေရိကန်နိုင်ငံ နယူးယောက်အရှေ့ပိုင်းခရိုင် တရားရုံးတွင် အရှေ့တောင်အာရှ၏ အကြီးဆုံး မူးယစ်ဆေးဖြန့်ဖြူးသူများအဖြစ် သတ်မှတ်ပြီး အမှုဖွင့် အရေးယူခံထားရသူများဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေး တားဆီးထိန်းချုပ် ရေးဌာန (DEA) မှ သတင်းထုတ်ပြန်ထားသည်။
၂၀၀၄ ခုနှစ်အတွင်း ဘိန်းတန်ချိန် ၁၈၀ ထုတ်လုပ်ဖြန့်ဖြူးခြင်းအတွက် " ၀ " စစ်တပ် (UWSA) တွင်လည်း တာဝန်ရှိကြောင်း (DEA)က ကြေညာထားကြောင်း သိရသည်။
 အမေရိကန်အစိုးရသည် " ၀ " တပ်မဟာ ၁၇၁ တပ်မဟာမှူးဟောင်း ဝေဆူကန် ကိုဖမ်းမိရန် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ နှစ်သန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း လည်း ကြေညာထားသည်။
တရုတ်နိုင်ငံဘက် ကျည်ဆန်ကျရောက်မှု မြန်မာကာကွယ်ရေးဦးစီးချုပ်ငြင်းဆန်
19 may 2015
တရုတ်နိုင်ငံဘက်ကို  မြန်မာဘက်က လက်နက်ကြီး ကျည်တွေ ကျရောက်တာဟာ တပ်မတော် စစ်ကြောင်းတွေရဲ့ ပစ်ခတ်မှုလုံးဝမဖြစ်နိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ငြင်းဆိုလိုက်ပါတယ်။
မေလ ၁၄ ရက်နဲ့ ၁၅ ရက်က  တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း အမြောက် ကျည်ဆန်တွေ ကျရောက်ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံဆိုင်ရာ  တရုတ်နိုင်ငံ သံအမတ်ကြီး ယန်ဟိုလန် နဲ့ နေပြည်တော်မှာ မေလ ၁၈ ရက်နေ့က တွေ့ဆုံ ပြောကြားလိုက်တာပါ။
မြန်မာ ကာကွယ်ရေးဦးစီးချုပ်က  “ရန်သူ့တောင် ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထား၊ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေ နှင့် အကွာအဝေးတို့အရ အဆွေတော်မှ အသိပေး အကြောင်းကြား လာ သည့် နမ်စန်မြို့တွင်းသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ပါကြောင်း၊ MNDAA သောင်းကျန်းသူများက နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေး ထိခိုက် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါကြောင်း” ပြောတယ်လို့  ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချ က်မှာဖော်ပြပါတယ်။
တအာင်းတပ်မတော် (TNLA) နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA) နှင့် အစိုးရ စစ်တပ်တို့အကြား မေလ ၁၈ ရက် ညနေပိုင်းမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖန်ကာကျေးရွာနှင့် ပန်ကျရော့ကျေးရွာအကြား မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမပေါ်တွင် TNLA တပ်နှင့် အစိုးရ၏ နမ့်ဖတ်ကာ အခြေစိုက် တပ်ရင်း ခလရ ၁၂၃ တပ်ဖွဲ့တို့ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေခဲ့သည်ဟု ၎င်းက ပြောသည်။
“ဒီနေ့ သုံးနာရီခွဲလောက်ကနေ လေးနာရီခွဲထိ တိုက်ပွဲကမပြီးသေးဘူး။ အခုနောက်ဆုံး အခြေအနေမသိရသေးဘူး။ အဓိကအကြောင်းအရင်းက ကျွန်တော်တို့ အဖွဲ့တွေ တပ်ဖွဲ့လုပ်ငန်းတွေ ကွင်းဆင်းဆောင်ရွက်နေတယ်။ မနက် ၇နာ၇ီကနေစပြီးမှ ကျွန်တော်တို့အဖွဲ့ရှိနေတဲ့ တောင်ကုန်းတွေကို လက်နက်ကြီးနဲ့ ပစ် တယ်။ ကျွန်တော်တို့အဖွဲ့မပစ်ဘူး။ ညနေ ၃ နာရီလောက်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ရှိတဲ့စခန်းကို တက်လာလို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်"ဟု မိုင်းအိုက်ကျော်က ပြောသည်။
တရုတ်ဘက် လက်နက်ကြီးကျည် အလုံး ၄၀ ထက်မနည်း ကျရောက်မှု အစိုးရတပ် ပစ်ခတ်မှုမဟုတ်ဟု ကာကွယ်ရေး ဦးစီးချုပ်ငြင်းဆို
တရုတ်နိုင်ငံဘက်သို့ မေ ၁၄ ရက်နှင့် ၁၅ ရက်က မြန်မာဘက်က လက်နက်ကျည် ထပ်မံကျရောက်သည့်အပေါ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သံအမတ်တို့ မေလ ၁၈ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံ ဗဟိုအစိုးရက နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက် စေလိုသည့်အတွက် နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး သတိထားရန် တရုတ်နိုင်ငံ သံအမတ် မစ္စတာ ရန်ဟို့လန်က က...ာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က အမြောက်ကျည် တရုတ်ဘက်သို့ ကျရောက်မှုတွင် မရိုးသားမှု ရှိပြီး ရန်သူ့တောင်ကုန်း၏ အနေအထား၊ လက်နက်ကြီး ပစ်ခတ်မှု လမ်းကြောင်း အခြေအနေ နှင့် အကွာအဝေးအရ တပ်မတော်က စစ်ကြောင်းများက ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ဟု တရုတ်သံအမတ်နှင့် တွေ့ဆုံစဉ် ငြင်းဆိုလိုက်သည်။
Thursday, May 14, 2015
ကိုးကန့်မှာ စစ်အုပ်ချုပ်ရေးကာလ တိုးမြှင့်ဖို့ လွှတ်တော်ကို သမ္မတ သ၀ဏ်လွှာပို့
မေလ ၁၅ ရက်၂၀၁၅
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်အုပ်ချုပ်ရေး အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ ( ၃လ) ထပ်တိုးပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ ဒီကနေ့ သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။
 ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်က ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာခဲ့ တာဖြစ်ပြီး ဒီလ ၁၇ ရက်နေ့ သက်တမ်းကုန်ဆုံး မှာ ဖြစ်ပါတယ်။
သမ္မတကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြည်ထောင်စု လွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသူ ၅၀ ကိစ္စ ရဲကိုတိုင်လျှင် သတ်ပစ်မည်ဟု ပွဲစားက ခြိမ်းခြောက်
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁၃
ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အထူးရှားပါးနေသော ရခိုင်ပြည်နယ်မှ တရုတ်သို့ လူကုန်ကူးခံရသူ လူ ၅ဝ ကျော် ကိစ္စကို ရဲကို တိုင်ကြားလျှင် အဆိုပါလူကုန်ကူးခံနေရသူများကို သတ်ပစ်မည်ဟု ပွဲစားက ခြိမ်းခြောက်ပြောဆိုလာကြောင်း လူကုန်ကူးခံနေရသူများ၏မိသားစုဝင်များက ပြောသည်။
“ဒီလ ၁၁ ရက်နေ့ညက ကျနော့်ဆီ ပွဲစားကဖုန်းဆက်လာပါတယ်။ မင်းတို့ ရွာသားတွေနဲ့ပတ်သက်လို့ ရဲကိုတိုင်မယ်ဆိုရင် မင်းတို့လူတွေကို အကုန်လုံးသတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်ပါတယ်။ ပြီးတော့ ဖုန်းချသွားပါတယ်။ သူဆက်တဲ့ဖုန်းကို ပြန်ဆက်လို့လည်း မရတော့ပါဘူး”ဟု မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာမှ လူကုန်ကူးခံရသူနှင့် နီးစပ်သူ ဦးမောင်သန်းနွယ်ကပြောသည်။
ကိုးကန့်ဒေသကိုစစ်အုပ်ချုပ်ရေး သက်တမ်းရက်ပေါင်းကိုးဆယ်ထပ်တိုးဖို့လွှတ်တော်မှာတင်သွင်း
 နေပြည်တော် မေ ၁၄ ။ ။
ရှမ်းပြည်နယ်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေး ကြေ ငြာခဲ့ရာယခုလ၁၇ ရက်နေ့မှာသက်တမ်းပြည့်မှာဖြစ်ပါတယ်။ဒါပေမယ့်ဒေသတွင်းတရားဥပဒေစိုးမိုးရေး|လူမှုရေးနှင့်စီးပွားရေးတို့မူလအခြေအနေကိုပြန်လည်ရောက်ရှိခြင်းမရှိသေးတာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းကိုနောက်ထပ်ရက်ပေါင်းကိုးဆယ်တိုးမြှင့်ဖို့ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကလွှတ်တော်ကိုတင်သွင်းလာပါတယ်။ဒီတင်သွင်းချက်ကိုမနက်ဖြန်(၁၅)ရက်နေ့ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
Author - ချိုဇင်မာဝင့်
Kumudra
ဝနယ်ထဲက လေယာဉ်၊ ရဟတ်ယာဉ်နဲ့ သင်္ဘော
12.5.2015
ဧရာဝတီသတင်းထောက်တွေ ပြီးခဲ့တဲ့အပတ်က ဝနယ်ထဲ ရောက်တော့ ဝဒေသ အုပ်ချုပ်ရေးအဖွဲ့က သူတို့ဒေသရဲ့ ဖွံ့ဖြိုးရေးတွေကို လိုက်ပြပါတယ်။ ဒီထဲမှာ အခု ဓာတ်ပုံပါ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ သင်္ဘောပျက်တွေလည်း ပါဝင်ပါတယ်။ နောက်ပြီး သတင်းတွေထဲမှာပါတဲ့ ဝတပ်ဖွဲ့တွေ တရုတ်ဆီက ရဟတ်ယာဉ်တွေ ဝယ်ထားတယ်ဆိုတာ ဒါတွေပါတဲ့၊ အများပြည်သူ အပန်းဖြေရာ နေရာမှာ ထားဖို့ပါလို့ ဝအရာရှိတွေက ပြောပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက စစ်ရေးအထူးပြု Jane’s Defense Weekly က ဝတွေဟာ တရုတ်တွေဆီက လေထဲမှာ ပစ...်တဲ့ TY-90 ဒုံး တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေ ဝယ်ခဲ့တယ်လို့ သတင်းရေးသားဖူးပါတယ်။
ဓာတ်ပုံ - လဝီဝမ်/ ဧရာဝတီ
Wednesday, May 13, 2015
တရုတ်၏လုပ်ရပ်များကို အာဆီယံက သတိပေးပြီ
၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ ယခု အာဆီယံ ဆွေးနွေးပွဲတွင် ထူးခြားချက်များအနက် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များအပေါ် အာဆီယံအနေဖြင့် သတိပေးခဲ့ခြင်းပင်ဖြစ်သည်။
 ပထမနေ့ ဆွေးနွေးပွဲများအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
“တောင်တရုတ်ပင်လယ်အတွင်း မြေယာပိုင်ဆိုင်ကြောင်း ပြသနေမှုများနှင့်ပတ်သက်၍ ခေါင်းဆောင်အချို့ကဲ့သို့ပင် ကျွန်ုပ်တို့အနေဖြင့် အလွန်အမင်း စိုးရိမ်မိပါကြောင်းနှင့် ယင်းသည် ယုံကြည်ကိုးစားမှုကို ဖောက်ဖျက်ပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်ပါကြောင်း” ဟူ၍ အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြ ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့သည် စွမ်းအင်သိုက်များ ကြွယ်ဝပြီး ငါးဖမ်းလုပ်ငန်းအတွက် အရင်းအမြစ်များရှိကာ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းအတွက် များစွာအရေးပါသော တောင်တရုတ် ပင်လယ်အတွင်းရှိ အစိတ်အပိုင်းများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားလျက်ရှိသည်။ 
တရုတ်သစ်ခိုးဂိုဏ်းအား ထိရောက်စွာ အရေးယူရေး
တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃)နှင့် လူဝင်မှုကြီးကြပ် ရေးဥပဒေတို့ဖြင့် အရေးယူမှု ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ဖမ်းမိခဲ့သည့် တရုတ်သစ်ခိုးဂိုဏ်းတွင် တရုတ်နိုင်ငံသား ၁၃၈ ဦးပါဝင်ခဲ့ပြီး အပေါင်းအပါအဖြစ် မြန်မာနိုင်ငံသားအချို့လည်း ပါဝင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
 လက်ရှိတွင် အဆိုပါတရုတ်နိုင်ငံသားများကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ-၃၊ ...လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) တို့ဖြင့် အရေးယူ ဆောင်ရွက်နေသည်ဟု သိရသည်။ တရားမဝင် ဝင်ရောက်ကာ သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ အပက (၃) ဖြင့်တရားစွဲရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီးနောက် အရေးယူတရားစွဲဆိုရန် ခွင့်ပြုမိန့်ကျခဲ့ပြီး တရားရုံးသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
##### သူ့အတွေး သူ့အမြင် ##### ကမ္ဘာကျော် အမျိုးဖျက်စွမ်းဆောင်ချက်များ (အပိုင်း-၁)
 ##### သူ့အတွေး သူ့အမြင် #####
ကမ္ဘာကျော် အမျိုးဖျက်စွမ်းဆောင်ချက်များ (အပိုင်း-၁)
(၁) မြစ်ဆုံ--
မြစ်ဆုံစီမံကိန်းကို ဦးသန်းရွှေအစိုးရလက်ထက်မှစတင် လုပ်ဆောင်ခဲ့သည် ၊ ဒေါ်လာ ဘီလီယံ ၃.၆ တန်ဘိုးရှိသော မြစ်ဆုံစီမံကိန်းသည် မြန်မာပြည်၏ သွေးကြောမကြီးဖြစ်သော ဧရာဝတီမြစ်ကို ထိပ်ပိုင်းမှပိတ်ဆို့ပြီးပြုလုပ်သောစီမံကိန်းဖြစ်သဖြင့် ပြည်သူများအကြီးအကျယ်ကန့်ကွက်ခဲ့ကြသည်၊
စီမံကိန်းရေ၀င်ဧရိယာသည်ပင်စင်ကာပူနိုင်ငံထက်ကျယ်ပြန့်သည်၊  ထိုဧရိယာတွင် ရှိသောအဖိုးတန်သစ်၊ အင်ကြင်းကျောက်၊  သဘာဝတောရိုင်းတိရစ္ဆာန်များ နှင့်..သတ္တုဓာတ်များပါဝင်သော မြေစိုင်မြေခဲများကို တရုတ်က နေ့စဉ်အခေါက်ပေါင်းရာချီကာ ကုန်တင်ကားကြီးများနှင့်..ယူနန်ပြည်နယ်ထဲသို့တင်ပို့ခဲ့သည်၊
 ထိုဒေသများရှိ၊ ဒေသအာဏာပိုင်များ၊ စစ်တိုင်းမှုးများနှင့် မြန်မာ့တပ်မတော်စစ်ကြောင်းများမှ တပ်မှူးများ..၊ စရဖ ၊ စစစ၊ အကောက်အခွန် စသောဝန်ထမ်းများသည် ထိုလမ်းကြောင်းများကြောင့် သပိတ်ဝင်အိတ်ဝင်ရခဲ့ကြပြန်သည်၊
အစိုးရမှာ မြစ်ဆုံစာချုပ်လက်မှတ်ထိုးစဉ်က ထိုဒေသတွင် ယခင်ကတည်းကရှိခဲ့သော အဖိုးတန်သယံဇာတများကို မည်သို့စီမံခန့်ခွဲမည်ဆိုသည်ကို ထည့်မတွက်ထားပဲ တမင် ဟ ပေးခဲ့ပြီး ထိုစီမံကိန်းကိုခွင့်ပြုသူဘဘများသည် တရုတ်ထံမှ ပွဲစားခများစွာရယူခဲ့သည်၊
 ခရိုနီတစ်ဦးမှာ ပွဲစားခ ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့သည်..၊
မြေပုံမြို့က လူ၅၀လောက် တရုတ်ပြည်ကို လူကုန်ကူးခံရ
14-5-2015
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က လူ ၅၀ ကျော်လောက် တရုတ်ပြည်ကို လူကုန်ကူး ခံရပြီး အခုအခါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
 အဲဒီလူတွေ ရွာက ထွက်ခွာသွားတာ တစ်လကျော် ရှိနေပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။
 အဲဒီထဲမှာ အသက် ၂၀အရွယ် အမျိုးသမီး ၅ ဦး ပါဝင်ပြီး တရုတ်ပြည်ကြီးကို လူပွဲစားတွေက ခေါ်ယူသွားခဲ့တာလို့ ရွာသား ၁၄ ဦး ပါသွားတဲ့ မြေပုံမြို့နယ် ရေကောင်းချိန်ရွာက ဆွေမျိုးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
##### သူ့အတွေး သူ့အမြင် ##### ဖုန်ကြားရှင် အဆုံးသတ် ဘယ်လိုလဲ ??
##### သူ့အတွေး သူ့အမြင် #####
ဖုန်ကြားရှင် အဆုံးသတ် ဘယ်လိုလဲ ??
အခိုက်အတန့်အားဖြင့် သတင်းတိတ်ဆိတ်သွားသည့် ဖုန်ကြားရှင် ဦးဆောင်တဲ့ကိုးကန့်အဖွဲ့တပ်စွဲထားသည့်တောင်ကုန်းဖြစ်သော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအားကို အစိုးရ စစ်တပ်က
 သိမ်းပိုက်အောင်မြင်လိုက်တယ်လို့ စစ်တပ်ပိုင် မီဒီယာဖြစ်တဲ့ မြ၀တီ မှာ ထည့်သွင်းကြေငြာသွားပါတယ်။
ထိုတိုက်ပွဲသတင်းတွေ မလာခင်ရက်ပိုင်းအတွင်းမှာပဲ အထူးဒေသ ၂ “၀”၊ အထူးဒေသ ၄ “မိုင်းလား” ဆိုင်ရာ ခေါင်းဆောင်တွေကို သမ္မတကြီး ဦးသိန်းစိန်က ခေါ်ယူတွေ့ဆုံခဲ့တယ်တာတွေလည်းရှိပါတယ်။တွေ့ဆုံရတဲ့
 အကြောင်းအရင်းကတော့ ကိုးကန့်အဖွဲ့ကို အကူညီပေးနေတာတွေ ရပ်ဖို့နဲ့ ဖုန်ကြားရှင်ကို လက်ခံထားရင် ရှေ့ဆက်ဖြစ်လာမယ့် အကြောင်းတရားတွေ အတွက် တာဝန်မယူဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြင်းပြင်းထန်ထန် သတိ
 ပေးမှုတွေ လုပ်ခဲ့တယ်လို့ မိုင်းလားအဖွဲ့နဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းက သိရပါတယ်။
ကိုးကန့်ဒုက္ခသည်တွေကို ကာကွယ်ဖို့ ရှမ်းအဖွဲ့တောင်းဆို
14-5-2015
မြန်မာ-တရုတ်နယ်စပ်က ကိုးကန့်ဒုက္ခသည်တွေကို အစိုးရအာဏာပိုင်တွေက နေရပ်ပြန်ခိုင်းတာ တွေရှိသလို၊ ရွာသားတချို့ကို စစ်တပ်က သတ်ဖြတ်တာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့က မေလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ချိမင်ချွန်ရွာ၊ လောင်တောင်ဂိုရွာနဲ့ စွန်သျှန်ရွာက ရွာသား ၂ ယောက်အသတ်ခံပြီး၊ ၂ ယောက်က မြန်မာစစ်တပ်က လက်နက်ကြီးကျလို့ သေဆုံးသွားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စိုင်းခွန်မိုင်က RFA ကိုပြောပြပါတယ်။
Tuesday, May 12, 2015
လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရ
၁၃-၅-၂၀၁၅
လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်အချို့ ကျဆုံးခဲ့ပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများသည် ကိုးကန့်အဖွဲ့ ခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်း သုံးခုအား ထိုးစစ်ဆင် သိမ်းပိုက်ရရှိခဲ့ကြောင်း မေ ၁၂ ရက် မြန်မာ့ရုပ်မြင်သံကြား ညပိုင်းသတင်းဖော်ပြမှုအရ သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့်‌ နိုင်ငံတော် ကောင်စီအထွေထွေအတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
 နေပြည်တော် မေ ၁၂
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီအထွေထွေအတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ တွေ့ဆုံသည်။
 ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့်‌ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နိုင်ငံတော်ကောင်စီအထွေထွေအတွင်းရေးမှူး နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လျန်လည်း တက်ရောက်သည်။
 တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မြ၀တီ
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာယန်ကျင်း နေပြည်တော် အထက (၇)၌ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း
 တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ တော်ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေအတွင်းရေးမှူး မစ္စတာယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ်အ ဖွဲ့သည် ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဓနသိဒ္ဓိရပ် ကွက် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း သို့ ရောက်ရှိရာ ပညာရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။
 ထို့နောက် ဧည့်သည်တော် အဖွဲ့သည် ကျောင်းသား ကျောင်းသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်ထောက်ကူပစ္စည်းများဖြစ်သည့် ကွန်ပျူတာ ၂၃ လုံး၊ လေဆာပရင် တာ ၂၃ လုံး၊ စကင်နာခုနစ်လုံး၊ ပရိုဂျက်တာခြောက်လုံး၊ အဲပီတိုင်ရာ စကုတ် ၁ဝ စုံ၊ ပေါ်တေဘယ်ပလေရာ ၁၅ စုံ၊ ဒီဗွီဒီပလေရာသုံး လုံး၊ ဝှိုက် ဘုတ် ၁၅ ချပ် စသည့် ကျောင်းအသုံး အဆောင်ပစ္စည်းများနှင့် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြ သည်။
 ထိုမှတစ်ဆင့် ဧည့်သည်တော် အဖွဲ့သည် သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက် မျက် ရတနာလုပ်ငန်း ကျောက်မျက်ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထား သော ကျောက်မျက်ရတနာများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက ရှင်းလင်းပြသသည်။
MOI
မြန်မာ့စီးပွားရေးတွင် ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံရန် တရုတ် ပြင်ဆင်နေ
Written by  နိုင်နိုင်ဇော်
13.5.2015
ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူး H.E. Mr. Yang Jing က တရုတ်နိုင်ငံသည် မြန်မာ့စီးပွားရေး ကဏ္ဍပေါင်းစုံတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် စီစဉ်နေသည်ဟု ပြောဆိုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိက ပြောသည်။
“သမ္မတနဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာယန်ကျင်းတို့ တွေ့တဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံဖို့ကိစ္စတွေ အများကြီးပြောဆိုခဲ့ကြတာပါ။ သူတို့နိုင်ငံက ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံဖို့တွေပေါ့။ အရင်လိုစက်မှုစွမ်းအင် တစ်ခုတည်းမဟုတ်ဘဲ အထူးစီးပွားရေးဇုန်တွေကနေ နောက်ဆုံး ကုန်သွယ်မှု မြင့်တင်နိုင်ဖို့တွေကအစ အများကြီး ရင်းနှီးမြှုပ်နှံဖို့ ရှိနေတာပါ” ဟု ပြောသည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွား
May 13, 2015
ကိုးကန့်ဒေသတွင် မေလ ၁၁ ရက်မှ စတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (လောက်ကိုင်)က အတည်ပြုပြီး TNLA နှင့် AA ကလည်း ကိုးကန့် တပ်ဘက်မှ တိုက်ခိုက်ပေးနေ ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာပန်လှက ပြောသည်။
  ဧပြီလကုန်ပိုင်းက လောက်ကိုင်မြို့ အရှေ့မြောက်ဘက် တရုတ်နိုင်ငံနယ်စပ်နှင့် ကပ်လျက် ပွိုင့်(၂၀၂၂)တောင်ကုန်းကို အစိုးရတပ်က သိမ်းပိုက်စဉ် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ယင်းနောက်ပိုင်း ကိုးကန့်ဒေသအတွင်း တိုက်ပွဲများငြိမ်သက်နေရာမှ လောက်ကိုင်နှင့် ကုန်းကြမ်းအနီး တစ်ဝိုက်တွင် မေလ ၁၁ ရက်မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ကင်ဆာရောဂါ ပျောက်သည်ဆို၍ မြန်မာ့ရှာပါးသစ်ခွ တရုတ်အဝယ် လိုက်နေ
 12-5-2015
ရှားပါးစာရင်းဝင် ဂရေ့နီးမီး ယပ်ခေါ် သစ်ခွမျိုးစိတ်များကို တရုတ်သို့ တရားမဝင်တင်ပို့ရောင်း ချနေမှုများ ရှိလာသည့်အတွက် သစ် တောဦးစီးဌာနမှ တားဆီးပေး ရန် လိုအပ်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံ ပန်းဝါသနာရှင်အသင်းမှ သတင်းရရှိသည်။
 ”သစ်ခွပန်းမှာပါတဲ့ ဓာတ် တစ်မျိုးက ကင်ဆာရောဂါကို နှိမ် နင်းနိုင်တယ်လို့ ယူဆပြီး တရုတ် သမားတော်တွေ ဆေးဖော်ကြတာ။ သူ့ဘာသာပျောက်ပျောက် မပျောက် ပျောက်နိုင်ငံရဲ့ပန်းမျိုးစိတ်တွေ မျိုး တုန်းမှာကို လက်မခံနိုင်ပါဘူး”ဟု ယင်းအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ စောလွင်က ပြောသည်။
အဆိုပါ သစ်ခွပန်းမျိုးစိတ်ကို ဒေသခံအများစုက ဂနိုင်နဘေး ပေါက်ဟု ခေါ်ဝေါ်သုံးစွဲကြပြီး တရုတ်ဘက်မှ အမြဲလက်ခံဝယ်ယူ သော ဈေးကွက်သဖွယ်ဖြစ်ပေါ်ေ န နေကြောင်း သိရသည်။
ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ကိုးကန့် မရရှိ
Wednesday, May 13, 2015
သမ္မတ ဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်ခရီးစဉ်မှာ မိုင်းလား နဲ့ ဝ တို့လို အထူးဒေသ အဖွဲ့တွေနဲ့ တွေ့ဆုံတုန်း ကိုးကန့်ဒေသ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တကယ်လို့ MNDAA လို့ ခေါ်တဲ့ ကိုးကန့်တပ် အနေနဲ့ အပစ်ရပ်မယ် ဆိုရင် ငြိမ်းချမ်းရေးအတွက် စဉ်းစားပေးနိုင်တယ်လို့ ပြောလာ ခဲ့ပါတယ်။
ဒါပေမယ့် ခုချိန်ထိ အစိုးရ ရဲ့ တရားဝင် ကမ်းလှမ်းမှုမျိုး ကိုးကန့်တပ်က မရရှိသေးဘူးလို့ ကိုးကန့်တပ် ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအား သိမ်းပိုက်ရရှိ
 နေပြည်တော်၊ မေလ - ၁၂
 ကိုးကန့်သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် သောင်းကျန်းသူ များသည် အင်အားများပြိုကွဲကာ ဆုတ်ခွာထွက်ပြေးခဲ့ပြီး နယ်မြေကျဉ်းမြောင်း လာသဖြင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၁)မှ ဝင်ရောက်ပြီး မာလုရွှေကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ကုန်းများတွင် အခိုင်အမာ အခြေပြု ခံစစ်ဆင်ရန် စီစဉ်လာခဲ့သည်။
 ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာအခြေပြုခံစစ်ဆင်ထားသော တောင်ကုန်း များအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက ဧပြီလကုန်တွင် အင်အားများစုဖွဲ့ခဲ့ပြီး မေလ ပထမပတ်မှ စတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ကိုးကန့်သောင်းကျန်းသူ များက မြေအနေအထား အသာစီးရယူကာ လက်နက်ကြီးများ၊ စက်သေနတ်ကြီးများ၊ စနိုက်ပါများ၊ လက်ပစ်ဗုံးများဖြင့် ပုံသေပစ်ကြောင်းဆင်၍ ခုခံ တိုက်ခိုက်ခဲ့သည်။
##### သူ့အပြော ##### တရုတ်နိုင်ငံနှင့်ပတ်သတ်ပြီးလူသိနည်းသောအချက်များ
##### သူ့အပြော #####
တရုတ်နိုင်ငံနှင့်ပတ်သတ်ပြီးလူသိနည်းသောအချက်များ
(၁) တရုတ်ပြည်တွင်တစ်နှစ်လျင် သေဒဏ်ပေးနှုန်းသည် တစ်ကမ္ဘာလုံးစုစုပေါင်းသေဒဏ်ပေးမှု၏
 ပျမ်းမျှ(၄) ဆပိုများသည်။
(၂) ဖက်ထုပ်သည်တရုတ်ရိုးရာစားစရာမဟုတ် ၁၉၀၀ ပြည့်နှစ်တွင် ဆန်ဖရန်စစ်စကိုတွင် စတင်ပြု
 ခဲ့ခြင်းဖြစ်သည်
(၃)တရုတ်နိုင်ငံတွင်တစ်နှစ်လျင် တူ အစုံ ၄၅ဘီလီယံခန့် အသုံးပြုသည်။
### သူ့အမြင် ### မန်းတောင်ပေါ် ဘီယာသောက်
မန္တလေးတောင်ပေါ်မှာ တရုတ်အုပ်စု ဘီယာသောက်နေတာတဲ့။
ဘာသာတရားကို မထေမဲ့မြင်လုပ်တာလို့ မြင်တယ်လို့ ဖေ့ဘုတ်စာမျက်နှာများက သိ၇ပါတယ်။
photo; original uploader
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလဝါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံလိုဟုဆို
စိုးသန်းလင်း
Tuesday, 12 May 2015
နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာ့ အထူးစီးပွားရေးဇုန် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလ၀ါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာကို ဖြေကြားသည်။
“ဒီကို မလာခင် သူတို့ ထိုင်းနိုင်ငံကို ဝင်ခဲ့ပြီး ထိုင်းနဲ့ တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စက်မှုဇုန်တွေကို လေ့လာခဲ့တယ်၊ ဒီမှာ သမ္မတကြီးနဲ့ ဆွေးနွေးတော့လည်း သူတို့ အဓိက စိတ်ဝင်စားနေတဲ့ ကျောက်ဖြူ စီးပွားရေးဇုန်မှာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ၊ သီလဝါနဲ့ ထားဝယ် အထူးစီးပွားရေး ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကောင်စီ အထွေအထွေ အတွင်း ရေးမှူး မစ္စတာ Yang Jing နှင့် အဖွဲ့ဝင် ၁၂ ဦးတို့ ယနေ့ နေ့လယ် ၂ နာရီတွင် သမ္မတ ဦးသိန်းစိန်အား သမ္မတအိမ်တော်၌ တွေ့ဆုံအပြီး ထိုတွေ့ဆုံပွဲနှင့် ပတ်သက်၍ မီဒီယာသို့ ဖြေကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ၀င်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် မေ (၁၁)
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ ညနေ (၆)နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာယန်ကျင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် အစည်းအဝေး ခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အတူ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၁၁
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝင်နှင့် နိုင်ငံတော် ကောင်စီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ယန်ကျင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တရုတ်ဗဟိုဘဏ် အတိုးနှုန်း လျှော့ချပေးမှုကြောင့် အာရှဈေးကွက်တွင် တရုတ်ရှယ်ယာများ တန်ဖိုးမြင့်တက်
12-may-2015
တရုတ် ဗဟိုဘဏ် (တရုတ် ပြည်သူ့ဘဏ်)က ဘဏ်ချေးငွေ အတိုးနှုန်းများ လျှော့ချပေးလိုက်ခြင်းကြောင့် မေ ၁၁ ရက်တွင် အာရှ စတော့ဈေးကွက်၌ တရုတ် ရှယ်ယာများ တန်ဖိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။
 ဘဏ်ချေးငွေ အတိုးနှုန်းများကို တရုတ် ဗဟိုဘဏ်က လျှော့ချ သတ်မှတ်ခြင်းသည် ခြောက်လအတွင်း တတိယ အကြိမ်မြောက်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်မှုက ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသည့် နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် မြင့်တက်လာမှုကို ပြန်လည် ရှင်သန် အားကောင်းလာစေမည်ဟု မျှော်လင့်ထားသည်။
 ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များက အကျဘက် ဦးတည်လာကြောင်း တွေ့ရှိပြီးနောက် တရုတ် ဗဟိုဘဏ်က ယခုခြေလှမ်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ဆောင်မှုက အာရှ စတော့ဈေးကွက်တွင် တရုတ်၏ ရှယ်ယာတန်ဖိုးများ မြင့်တက်စေရန် သက်ရောက်မှု ရှိလာစေခဲ့သည်။
 ဂရိနိုင်ငံ၏ လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်စွမ်း မရှိသေးခြင်းကြောင့် ဥရောပ ရှယ်ယာ တန်ဖိုးများမှာမူ အကျဘက် ဦးတည်ခဲ့ကြောင်းလည်း သိရသည်။
_Ref: AP
7Days
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ တိုးမြှင့်သတ်မှတ်ရေး လက်နက်ကိုင်အဖွဲ့များ ထောက်ခံမှုနှင့် မလုံလောက်ဟုဆို
ရန်ကုန်၊ မေ ၁၀
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP က တောင်းဆိုသော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ တိုးမြှင့်သတ်မှတ်ရေး လက်နက်ကိုင်အဖွဲ့များ ထောက်ခံမှုနှင့် မလုံလောက်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။
လွတ်လပ်ရေး ကြေညာစာတမ်း ရှင်းလင်းပြောဆိုမှုဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါ်နော်အုံးလှကို ရုံးထုတ်
ရန်ကုန်၊ မေ ၁၁
တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်မယူဘဲ ကျောက်တံတားမြို့နယ်ကို ဖြတ်သန်းသွားလာခြင်း၊ လွတ်လပ်ရေး ကြေညာစာတမ်း ခွင့်ပြုချက်မရှိဘဲ ရှင်းလင်းပြောဆိုခြင်းတို့ကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါ်နော်အုံးလှတို့ကို မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပုဒ်မ ၁၈ ဖြင့် တစ်ဦးလျှင် နှစ်မှုစီဖြင့် တရားစွဲဆိုကာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
Sunday, May 10, 2015
တရုတ်သစ်တင် ကားများမြန်မာအစိုးရ နှင့် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငွေသိန်းချီပေးပြီး သယ်ဆောင်
10.5.2015
သျှမ်း၊ မြောက် နမ့်ခမ်းမြို့တွင် တရုတ်ဘက်မှ လာသော တရားမ၀င် သစ် တင်ကားများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဒေသတွင်း အာဏာပိုင်များထံ ပိုက်ဆံပေးပြီး လွတ်လပ်စွာ ၀င်ထွက် သစ်တင်နေေ ကြာင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
နမ်းခမ်းသို့ ညစဉ်အစီး(၅၀) ထက်မနဲ ၀င်ရောက် ပြီး သစ်များကို တရုတ်ပြည် သို့ ခိုးထုတ် သယ်ဆောင်နေကြောင်းသတင်းရရှိသည်။
တရုတ်သစ်ကုန်သည်နှင့်အတူ လာရောက် သစ်တင်သော တရုတ်နိုင်ငံသား သျှမ်းလူမျိုး အိုက်မောင် က “ သစ်တွေကိုတရုတ်ဘက်ကို သွင်းတာလေ။ သစ် လာတင်ရင် တောထဲဝင်တာနဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ကို တစ်စီး ကျပ် တစ်သိန်း သွင်းရတယ်။ ပြီးတော့ မြို့ထဲဝင်ရင်လည်း အစိုးရ အဏာပိုင် တွေကို တစ်စီးကျပ် (၇)သိန်း သွင်းပြီးမှ ခုလို လွှတ်လွှတ်လပ်လပ် တင်နိုင် သွားလာနိုင်တယ်” ဟု ၄င်းကဆိုသည်။
မြစ်ကြီးနားထောင်တွင် မြန်မာအကျဉ်းသားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော သစ်ခိုးထုတ်တရုတ်နိုင်ငံသားများအား ရုံးထုတ်ရာတွင် ရဲလုံခြုံရေးအင်အားများစွာအသုံးပြု
မြစ်ကြီးနားထောင်တွင် မြန်မာအကျဉ်းသားများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော သစ်ခိုးထုတ်တရုတ်နိုင်ငံသားများအား မေ ၈ ရက်က ရုံးထုတ်ရာတွင် ရဲလုံခြုံရေးအင်အားများစွာ အသုံးပြုခဲ့ရကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့အင်အားအနေဖြင့် ခရိုင်ရဲမှူးမှဦးဆောင်ခဲ့ပြီး ပြည်နယ်အရံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ၀ိုင်းမော်မြို့နယ်ရဲစခန်းနှင့် ဆဒုံးမြို့နယ်ရဲစခန်းများမှ အင်အားစုစုပေါင်း အရာရှိရှစ်ဦးနှင့် အရန်အင်အား ၂၀ ဦး အသုံးပြုခဲ့ရကြောင်း သိရသည်။
ခရိုင်ရဲအရာရှိတစ်ဦးက "သူတို့နိုင်ငံဥပဒေနဲ့ ကျွန်တော်တို့ကမတူဘူးလေ။ တရားရုံးက လ၀ကအက်နဲ့ ထောင်ဒဏ်ချထားတော့ အချုပ်သားကနေ အကျဉ်းသားဖြစ်သွားပြီး သံခြေချင်းခတ်ပြီး ရုံးထုတ်ရတော့ ငြင်းဆန်ချင်တယ်။
Friday, May 8, 2015
"ဝ" ပြည်နယ်တောင်းခံမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
8.5.2015
ရန်ကုန် (မဇ္ဈိမ) ။ ။ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)က တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို ၂၀၁၅ခုနှစ် မေလ ၁ရက်မှ ၆ရက်အထိ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တွင် အများစုက ထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
"ဝ" ပြည်နယ် တောင်းခံမှုကို UWSA၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ မေ ၁ရက်က တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
 လက်ရှိတွင် ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ် နှင့် ပန်ဝိုင်မြို့နယ် ခြောက်မြို့နယ်အား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
"ဝ" အဖွဲ့က ယခုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းခံမှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာသူ အချို့၏ အမြင်များကို မဇ္ဈိမက စုစည်း တင်ပြလိုက်သည်။
Thursday, May 7, 2015
လျှပ်စစ်ဓါတ်အားအတွက် မူစယ်မြို့နယ်အတွင်း ရေကာတာ တည်ဆောက်မည်
8.5.2015
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ဒေသခံများသုံးစွဲရန် လျှပ်စစ်မီးအတွက် နမ့်ပေါ့ချောင်းပေါ်တွင် ရေကာတာ ဆောက်လုပ် မည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ပေါ့ရေကာတာကို မူစယ်မြို့နှင့် ၁၀ မိုင်ကျော်ကွာဝေးသည့် တင်းကျူ၌ ကရိတ်ဟော်ခမ်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ၂၀၁၅ အောက်တိုဘာလအတွင်း ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး ၃ နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ဆို၏။
“ရေကာတာဆောက်လုပ်ပြီးလို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရင်လည်း မူစယ်အတွက်ဘဲလို့ ပြောတယ်။ တရုတ်ကို မရောင်းပေးဘူးတဲ့။ ဆောက်လုပ်မယ့်နေရာက မူစယ်နဲ့လည်းဝေးတော့ ဒေသခံတွေ ငြိမ်နေတယ်။ ကန့်ကွက်မယ်လို့ ပြောဆိုတာတွေ မကြားရသေးဘူး” ဟု ဒေသခံ စိုင်းခေါဝ် က ပြောပါတယ်။
မေလ ၁ ရက်နေ့က နမ့်ပေါ့ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ကရိတ်ဟော်ခမ်းကုမ္ပဏီက ဒေသခံနှင့်တွေ့ ဆုံကာ ရှင်းလင်းပြခဲ့ကြောင်း၊ အကြမ်းဖျင်းအားဖြင့် ချောင်းဧရိယာ ၁၁၅ ဧကနှင့် ကုန်းပေါ်ဧရိယာ ၄၇၉ ဧက စုစုပေါင်း ၅၄၉ ဧက ရေလွှမ်းမိုးနိုင်ကြောင်း ဆို၏။
သျှမ်းပြည်နယ်ကနေ ၀ တကယ်ခွဲထွက်တော့မှာလား (ဆောင်းပါး)
7.5.2015
မေ ၁ - ၆ ရက်နေ့ အထိ ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ကမကထပြု၊ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မိုင်းလားတပ်မတော်တို့ ကူညီ ပံ့ပိုးမှု နဲ့ ရှမ်းပြည်အရှေ့ပိုင်း ပန်ဆန်းမြို့မှာ တိုင်း ရင်းသားလက်နက် ကိုင် တပ်ဖွဲ့ ၁၂ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ စုံညီတဲ့ ညီလာခံ တရပ် ကျင်းပ ကြပါတယ်။ အိမ်ရှင် ၀ တပ်ဖွဲ့က ကိုယ်ပိုင် ပြည်နယ် ထူထောင်နိုင်ရေးအတွက် ထောက်ခံ မှုရဖို့ ညီလာခံလက်ခံကျင်းပ ရခြင်းရဲ့ ရည်ရွယ်ချက် များ ထဲက အဓိကထဲက တခုပါဝင်ပါတယ်။
ညီလာခံ ပထမ နေ့ အဖွင့်မိန့်ခွန်းမှာဘဲ ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူ ချန်းက ၂၀၀၈ ဖွဲ့စည်း ပုံအရ ရှမ်းပြည် အရှေ့ပိုင်း ဟိုပန်ခရိုင်အတွင်း ၃ မြို့နယ်၊ မက်မန်းခရိုင်အတွင်း သုံးမြို့နယ် ကို စုစည်းပြီး ၀ ကိုယ်ပိုင် အုပ်ချုပ်ရတိုင်းအဖြစ် သတ်မှတ်ပေးထားတဲ့အဆင့်ကို တက်ပြီး ပြည်နယ် အဆင့် သတ်မှတ်ပေးဖို့ နေပြည်တော်အစိုးရထံ ၀ တပ်ဖွဲ့ တင်ပြတောင်း ဆိုရင် ထောက်ခံ အသိ အမှတ်ပြုပေးဖို့ ပန်ဆန်း ရောက် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ ရဲ့ ကိုယ်စား လှယ် တွေထံ ၀ ခေါင်းေ ဆာင် ပေါက် ယူချန်းက တောင်းဆိုလိုက်ပါတယ်။
လောက်ကိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သော စစ်ရှောင်မိသားစုဝင် ၇၀၀၀ နီးပါးရှိလာ
8.5.2015
လောက်ကိုင်ဒေသရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြသော ဒေသခံစစ်ရှောင်မိသားစုများသည် တိုက်ပွဲများရပ်စဲသွားသည့် အချိန်မှစတင်ကာ လောက်ကိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိရာ ယခုဆိုလျှင် ၇၀၀၀ နီးပါးရှိပြီဖြစ် ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် BP-125 အနီးနှင့် ရန်လုံ ကျိုင်းနယ်စပ်ဂိတ်အနီးတွင် တိမ်းရှောင်ခိုလှုံနေသော ဒေသခံများသည် တဖြည်းဖြည်းဝင်ရောက်လာခဲ့ရာ မေ ၅ ရက်နေ့ အထိ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
တရားမဝင်သတ္တုကျောက်များ သယ်ယူသည့် တရုတ်နိုင်ငံပိုင်ကားများမူစယ်ဒေသခံများဖမ်းဆီး
သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း
 မေလ ၅ ရက်နေ့ ၂၀၁၅
 သျှမ်းမြောက် မူစယ်ခရိုင်အတွင်းရှိ တရားမဝင်သတ္တုကျောက်များ လာရောက်သယ်ယူသည့် တရုတ်နိုင်ငံသား ပိုင်ကားများကို မူစယ်ဒေသခံများပူးပေါင်း ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ လွယ်မောက်တောင်နှင့် ပန်ခါးတောင် မှ သတ္တုကျောက်များကို လာရောက် ခိုးထုတ်နေကြခြင်းဖြစ်ပြီး မူစယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုအတွင်းရှိ တရားမဝင်နယ်စပ် ကူးတို့ဆိပ် တစ်ခု၌ ဖမ်းဆီး ရမိ ကြောင်း၊ ဖမ်းဆီးရ သည့်ကားများမှာ တရုတ်ပြည်မှ မြေသယ် ကားကြီး (၄) စီး၊ မြေကလော်စက်(ဖူတိုစာ)ကား (၁)စီးနှင့် ပါဂျယ်ရိုကား တစ်စီး တို့ဖြစ်ပြီး ယခုတွင်စယ်လန့်ကျေးရွာထဲတွင် ထိန်းသိမ်းထားကြောင်း ထုန့်မော(၀်) ဒေသခံ စိုင်းအွန် ကဆိုသည်။
လောက်ကိုင်ဒေသအား အစိုးရမှ ဆက်လက်အုပ်ချုပ်ပေး ရန် ဒေသခံများ တောင်းဆို
6.5.2015
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင်မြို့ရွာများအား ဖုန်ကြားရှင်ဦးဆောင် သော ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ နယ်မြေတည်ငြိမ်အေး ချမ်းရေးကို စစ်အုပ်ချုပ်ရေးဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုးကန့်ဒေသအား အစိုးရဘက်မှ ဆက်လက်တာဝန်ယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။
 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လောက်ကိုင်မြို့ခံတစ်ဦးက“တိုက်ပွဲတွေဖြစ်တော့ မြို့ထဲကနေလွတ်ရာ ကျွတ်ရာ ထွက်ပြေးကြရတယ်၊ အခုမှ ပြန်လာနေရတာ၊ တချို့ဆိုရင် ခုထိပြန်မလာရဲသေးဘူး၊ အစိုးရကို ဆက်ပြီး အုပ်ချုပ်စေချင်တာ မှန်ပါတယ်၊ ဒီမှာက ဖုန်ကြားရှင်အဖွဲ့ရဲ့ အန္တရာယ်ကို ဒေသခံတွေရင်ဆိုင်နေရတယ်၊ ပွင့်ပွင့် လင်းလင်းပြောရရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး လူသစ်စုတာတွေအထိ လုပ်လာတယ်” ဟု ပြောကြားသည်။
၂ဝ၁၄-၂ဝ၁၅ မြန်မာ့ဆန် ပြည်ပသို့ အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့
ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်အတွင်း မြန်မာနိုင်ငံ၏ ဆန် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုသည် နှစ်ပေါင်း ၅ဝ အတွင်း ပမာဏ အများဆုံး စံချိန်တင် တင်ပို့ရောင်းချ နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်မှ သိရသည်။
အထွေထွေအတွင်းရေးမှူးဖြစ် သူ ဒေါက်တာစိုးထွန်းက ”တရုတ် နိုင်ငံက ဆန်စပါးဝယ်လိုအား မြင့် တက်လာတာလည်း ပါတယ်။ နိုင်ငံ ပေါင်း ၆၄ နိုင်ငံကို ကျွန်တော်တို့ တင်ပို့ခဲ့ပါတယ်။ အဲဒီမှာ တရုတ် နိုင်ငံကို တင်ပို့ရောင်းချခဲ့တာက စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသ၃ သန်းဖိုးဖြစ်ပါတယ်”ဟု ပြောသည်။
တော်ဝင်နှင်းဆီအမှု၌ သားဖွားမီးယပ်ဆရာဝန်မကြီးနှင့် တံတားဦးလေဆိပ်တာဝန်ခံတို့အား မေ ၅ ရက်တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် မေ ၁၄ ရက်သို့ ထပ်မံချိန်းဆိုထား
6-5-2015
မန္တလေးမြို့တော်ဝင်နှင်းဆီ၌ တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးကုသမှုတွင် တော်ဝင်နှင်းဆီဆေးရုံမှာ ပူးပေါင်းပါဝင် အကျိုးတူဆောင်ရွက်မှုများရှိခဲ့သည်ဟု မန္တလေးဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာသောင်းလင်းက ဧပြီ ၂၉ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်ဆရာဝန်မကြီး ဒေါက်တာမြသီတာနှင့် တံတားဦးလေဆိပ်တာဝန်ခံ ဦးထူးအောင်အား မေ ၅ ရက် တွင် သက်သေထွက်ဆိုရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းရှိသဖြင့် မေ ၁၄ ရက် သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
 မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသားများမှာလည်း ခွင့်ပြုမိန့် မရှိဘဲနေထိုင်ခြင်း၊ ညမ်ညမ်းစာစောင်များနှင့်ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့်ဇနီး တို့ကို အမှုဖွင့် တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။
Tuesday, May 5, 2015
မြန်မာ့တပ်မတော် "၀" ကိုတိုက်နိုင်မလား
မေလ ၅ ရက်၊ ၂၀၁၅
မြန်မာ့တပ်မတော် အနေနှင့်ကိုးကန့် (ဖုန်ကြားရှင်) လို ရန်သူ ၂၀၀၀ / ၃၀၀၀ လောက်ကို ရင်ဆိုင်တိုက်ခိုက် ရာမှာ အကျအဆုံးတွေရှိနေတဲ့အတွက် ဝ လို အင်အား ၂၀၀၀၀ လောက် ရန်သူ (လက်နက်အင်အားဖုန်ကြားရှင် ထက်သာသူ ) ၊တိုက်ရည်ခိုက်ရည်ရှိပြီး သံချပ်ကာ လူသယ် ကင်းထောက်ယာဉ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံး ပိုင်ဆိုင်သူကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး လို့ ထင်နေကြသလို တိုက်ရင်လည်း အကျ အဆုံး သိပ်များ မယ်လို့ တွေးနေကြသူတွေ အများ ကြီးပါ ။
 တပ်မတော်သား တချို့ ကိုယ်တိုင် ဒီလိုတွေးမိနေကြပါ တယ်။
 ကျွန်တော်က ဝ တောင်ပိုင်းဒေသ မိုင်းယွန်း ဟိုပန် ဟိုရွက် လွယ်ပန်ဖတ် ထင်းရူး တောင် မုန်းတော့ မုန်းထ ဒေသတွေ မှာ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ရှမ်းလူမျိုး ဖြစ်တဲ့ အတွက် ရှမ်းစကား အတန်ငယ် တတ်လို့ ဝ တွေဆီမှာ ဆက်ဆံရေး အရာရှိ အနေနှင့်တွဲ ဖက် လုပ်ကိုင် ဖူး လို့ ဝ တွေ အကြောင်း ကောင်းကောင်း သိပါတယ် ။
 သူတို့မှာအား သာ ချက်တွေရှိနေသလို အားနည်းချက်တွေလည်းရှိနေပါတယ်။
 တချို့အားသာ ချက်တွေက တောင် အခုအချိန်မှာအား နည်း ချက်ဖြစ်လာ နေပါ ပြီ ။
ကျောက်ဖြူမြို့နယ်အတွင်းရှိ ပျက်စီးသွားသည့်လယ်မြေများအား ပြန်လည်ပြုပြင်ရာတွင်တောင်သူနှင့် ကုမ္ပဏီတို့ပြဿနာဖြစ်
ကျောက်ဖြူ၊ မေလ၊ ၅ ရက်
မိုး (မြောက်ဦး)...
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ လယ်မြေတစ်ချို့မှာ
ရွှေသဘာဝဓါတ်ငွေ့သန့်စင်စက်ရုံနှင့်
ဓါတ်ငွေ့တွန်းစက်များတည်ဆောက်မှုမှထွက်ရှိသော မြေများဖုံးလွှမ်းမှုကြောင့်
လယ်မြေဧက ၆၀ ကျော်တို့မှာ ပျက်စီးသွားခဲ့ရာ ယခုအခါ အဆိုပါလယ်များအား
ပြန်လည်ပြုပြင်ပေးရန်အတွက် ကိုးရီးယားနိုင်ငံပိုင် Daewoo ကုမ္ပဏီမှ
ဒေသခံကုမ္ပဏီများအား လွှဲပြောင်းပေးလိုက်သည့်အတွက် တောင်သူများနှင့်
တာဝန်ယူပြုလုပ်နေသည့် လုပ်ငန်းရှင်များပြဿနာဖြစ်ပွားနေကြကြောင်းသတင်း
ရရှိသည်။
တရုတ်သံရုံးရှေ့တွင်ဆန္ဒဖော်ထုတ်သူများကို မေ ၁၅ တွင်အမိန့်ချမည်
Written by  ကျော်စိုးမိုး
ရန်ကုန် မေ ၅။        ။ လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့ တွင်ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့်တရားစွဲ ဆိုခံထားရသည့် ဦးနေမျိုးဇင် အပါအ၀င် ခြောက် ဦး၏အမှုကိုလာ မည့် မေလ ၁၅ ရက်တွင် အမိန့်ချမည်ဟု ဒဂုံမြို့နယ် တရားသူကြီး ကပြောသည်။
အမှုအတွက်တရားစွဲဆိုခြင်းခံထားရသည့် ဦးနေမျိုးဇင်အပါအ၀င် ခြောက် ဦးတို့ သည် မေ ၅ ရက်က ဒဂုံမြို့နယ် တရားသူကြီးထံသို့ အပြီးသတ်လျှောက်လဲ ချက်ပေးခဲ့ရာ  တရားစွဲဆိုခံရသူ ဦးသန်းဆွေက တရားစီရင်ရေးကို အယုံအကြည်မရှိဟုဆိုပြီး လျှောက်လဲချက်မပေးဘဲ နေခဲ့သည်။
ယင်းအပြင် တရားစွဲဆိုရာတွင် ပါဝင်သူ ကိုတင်ထွဋ်ပိုင်ကစာဖြင့်လျှောက်လဲချက်တင်ခဲ့ပြီး ကျန်တရားစွဲဆိုခံထားရသူ လေးဦးက တရားစွဲဆိုထား သည့်ပုဒ်မ များကို မိမိတို့ကျူးလွန်ခဲ့ခြင်းမရှိဟု လျှောက်လဲချက်ပေးခဲ့သည်။
ဖွဲ့စည်းပုံ ပြင်ဆင်မှသာ အပစ်ရပ် လက်မှတ်ထိုးမည်
စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာလျှင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်း “၀” ပြည် သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA) ၏ စစ်ဦးစီးချုပ် ပေါက်ယူချန်းက မေလ ၄ ရက်နေ့တွင် ပြောဆိုသည်။
“ဘယ်လိုပဲ ပြောပြော အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ဒါက အဓိက Main ပဲ ၊ ဒီလို ပြင်ဆင်နိုင်မှလည်း တိုင်းရင်းသားအားလုံး လက်ခံနိုင်မယ့် သဘောရှိတယ်။ ကျနော်တို့ “၀” အဖွဲ့အစည်းကလည်း ဒီလိုပါပဲ” ဟု ပေါက်ယူချန်းက ပြောသည်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်စုပေါင်း အဖွဲ့(NCCT) များအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့တွင် သဘောတူညီ လက်မှတ် ရေးထိုး ခဲ့ပြီဖြစ် သော်လည်း ယခု ပန်ဆန်း တိုင်းရင်းသားညီလာခံတွင် ယင်းသို့သော တိုင်းရင်းသားများ၏ သဘောထားထပ်မံ ပေါ်ထွက် လာခြင်းဖြစ်ရာ ယခု တိုင်းရင်းသားညီလာခံအပြီးတွင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အခက်အခဲများ ထပ်မံ ရင်ဆိုင် ရဖွယ် ရှိနေ သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
တရုတ်နယ်စပ်ရှိ ဒုက္ခသည် (၃၀၀၀၀) ကျော်အား ခေါ်ယူရန် လာမည့် လွှတ်တော်တွင် အဆိုတင်မည်
4.5.2015
တရုတ်နယ်စပ်တွင် ကျန်ရှိနေသည့် ဒုက္ခသည် (၃၀၀၀၀) ကျော်အား ပြန် လည် ခေါ်ယူနိုင်ရန် လာမည့် ပြည်ထောင်စု လွှတ်တော်တွင် အဆို တင်သွင်းမည် ဖြစ်ကြောင်း လောက်ကိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောသည်။
 ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်နေ့ တွင် ကိုးကန့်ပုန်းရှောင် လက်နက်ကိုင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ လောက်ကိုင် ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေသူ များဖြစ်သည်။
ကျောက်ဖြူ မဒေးကျွန်းကကလေးတွေ
ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ် စီအန်ပီစီ ကုမ္ပဏီမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ နေထိုင်တဲ့ နေအိမ်တွေဟာ လူမြင်မကောင်းအောင် နိမ့်ကျနေပါတယ်။
အဲ့ဒီနေရာမှာ ကလေး ၃၀၅ ယောက်ရှိပြီး ကျောင်းလည်း မရှိတဲ့ အတွက် ခလေးတွေက စာမသင်နိုင်ပါဘူး။
ဆေးခန်းလည်း လမ်းတစ်ဘက် ခပ်ဝေးဝေးမှာသာ ရှိပြီး တပတ်တစ်ကြိမ် ဖွင့်ပါတယ်၊ ဆရာဝန် မရှိလို့ သားဖွား ဆရာမကို အားကိုးနေရပါတယ်။
BBC
တရုတ် - မြန်မာ အငြင်းပွားနယ်စပ်မှ နယ်စည်းအခြေအနေကို စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်ဟုဆို
Tuesday, May 5, 2015
တရုတ်နှင့် မြန်မာတို့ အငြင်းပွားနေသည့် နယ်စပ်မှ ယခင်သတ်မှတ်ထား သည့် နယ်စည်းအခြေအနေ အပြောင်းအလဲ မရှိရေးအတွက် နယ်စပ် စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်နေသည်ဟု နယ်စပ်စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက မဇ္ဈိမကို ပြောသည်။
"နမ့်ခမ်းနဲ့ မူဆယ်က နယ်စပ်တိုင်ပေါင်း ၉၂ တိုင် အခြေအနေနဲ့ အရင် သတ်မှတ်ထားတဲ့ အတိုင်းအတာတွေကို စစ်ဆေးထားပါတယ်။ မူလအတိုင်း အရင်ကတည်းက စိုက်ထားတဲ့အတိုင်း ရှိပါတယ်" ဟု ၎င်းက ဆိုသည်။
မြန်မာ ပိုင်နက်အတွက် တရုတ်နိုင်ငံအလံ လာရောက် စိုက်ထူပြီးနောက်ပိုင်း ဧပြီလ တတိယပတ်အတွင်း မူဆယ်နယ်စပ် စောင့်ကြည့်ရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။
Sunday, May 3, 2015
‘၀’ ဒေသ ပန်ဆန်းမြို့ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သော ဒေသအား ခရီးသွားများ လေ့လာလည်ပတ်နိုင်သည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်နေ
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
Monday, May 4, 2015
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့ ပတ်ဝန်းကျင်ရှိ အင်္ဂလိပ်ခေတ်က ဘိန်းစတင်စိုက်ပျိုးခဲ့သည့် ဒေသအား ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာလည်ပတ်နိုင်မည့် နေရာအဖြစ် ပြုလုပ်သွားရန် စီစဉ်မှုများ ရှိနေကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
.
ကွန်မြူနစ်တို့အောင်ပွဲခံသမင်လည်ပြန်
'ဂုဏ်ဒြပ်ကြီးမားလှသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီအဓွန့်ရှည်ပါစေ'' ဟူ၍ ဖော်ပြထားသော နဖူးစည်း စာတန်းများက ဟိုချီမင်းမြို့၏ လမ်းများ အထက်တွင် တလူလူလွင့်ပျံနေသည်။ ယခင်က ဆိုင်ဂုံဟု ထင်ပေါ်ကျော် ကြားခဲ့သော ဟိုချီမင်းမြို့တွင် ဧပြီ ၃ဝ ရက်က ကွန်မြူနစ်အောင်ပွဲ နှစ် (၄ဝ) ပြည့်အထိမ်းအမှတ် အခမ်းအနားများကို ဝှဲချီးသဘင်ဆင်ယင်ကျင်းပခဲ့ရာတွင် ဗီယက်နမ်ကွန်မြူနစ်တပ်ဖွဲ့များကို ဂုဏ်ပြုသည့် စစ်ရေးပြ အခမ်းအနားလည်း ပါဝင်သည်။
 ၁၉၇၅ခုနှစ် ဧပြီ ၃ဝ ရက်က မြောက်ဗီယက်နမ်သံချပ်ကာကားများ ဆိုင်ဂုံမြို့တွင်းသို့ တလိမ့်လိမ့်ဖြင့်ချင်းနင်းဝင်တက်ရောက်ခဲ့ကြသည့် သမိုင်းပုံရိပ်ကို ပြန်ပြောင်းသတိရစရာပါပေ။ထိုစဉ်ကဆိုင်ဂုံသည် တောင်ဗီယက်နမ်၏ မြို့တော် ဖြစ်ခဲ့သည်။
ကိုးကန့်ဒေသတွင် ပြန်လည်အခြေချသူများအား ကူညီရန် အဖွဲ့တစ်ခုဖွဲ့
Monday, May 4, 2015
ကိုးကန့်ဒေသအုပ်ချုပ် ရေးဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ခေါင်းဆောင်သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖွဲ့စည်းလိုက်ပြီး ဒေသတွင်း ပြန်လည်အခြေချနေထိုင်သူများအနက် ရပ်တည်ရန် ခက်ခဲသူ များအား ကူညီရေးလုပ်ဆောင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
 ကိုးကန့်ဒေသကို တပ်မ တော်က စစ်အုပ်ချုပ်ရေးကြေညာ ပြီးနောက် ဦးပယ်စောက်ချိန်ဦး ဆောင်သော ကိုးကန့်ဒေသအုပ် ချုပ်ရေးဦးစီးအဖွဲ့မှာ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ အကျုံးမဝင်တော့ သော်လည်း ဒေသခံများအား ကူ ညီရေး အရပ်ဘက်အဖွဲ့အစည်း အနေဖြင့် တရားဝင်ဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်နီနိုင်က ပြောသည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့(MNDAA) ၏ ထုတ်ပြန်ကြေညာချက်များအား သတင်းမီဒီယာများတွင် ထည့်သွင်း ဖော်ပြပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်
 နေပြည်တော် ၊ မေ ၎
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ခေါင်းဆောင်းများ အစည်းအဝေးသို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်သောင်းကျန်းသူအဖွဲ့) တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
 အဆိုပါ ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA) ကို နိုင်ငံတော်အစိုးရမှ မတရားအသင်းအဖြစ် သတ်မှတ် ကြေညာထားရှိသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA) ၏ ထုတ်ပြန်ကြေညာချက်များကို သတင်းမီဒီယာများအနေဖြင့် ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်စေရေး အသိပေးထားရှိပါရန်နှင့် ထုတ်လွှင့်ဖော်ပြခဲ့ပါက တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ညှိနှိုင်း အကြောင်းကြားအပ်ပါသည်။
 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်များ မီဒီယာများ မဖော်ပြရန် တပ်မတော် ကြေညာ
May 4, 2015
တပ်မတော်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို မတရားအသင်းအဖြစ် သတ်မှတ်ထားသောကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမြို့တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ အစည်းအဝေးပွဲကို တက်ရောက်နေသော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို မဖော်ပြရန် တပ်မတော်က ထုတ်ပြန်ကြေညာလိုက်သည်။
ကာတွန်း
ပန်ဆန်းမြို့ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်းကို လေ့လာခွင့်ပြုမည်ဟုဆို
ပန်ဆန်းမြို့ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်းကို လေ့လာခွင့်ပြုမည်ဟုဆို
3-may-2015
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်း အဆောက်အဦး
 ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ပန်ဆန်းမြို့ရှိ ယခင်ဗမာ ပြည် ကွန်မြူနစ်ပါတီ ဗဟိုစခန်း ဟောင်းကို နိုင်ငံခြားသားများအ ပါအ၀င် ပြည်သူများ ပိုမိုလာ ရောက်လေ့လာနိုင်ရန် ပြုပြင်မွမ်း မံမည်ဖြစ်ကြောင်း ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ကျန်းမာရေးဌာနမှူး  ဒေါက်တာထွန်းကြည်က ပြောသည်။
ပန်ဆန်းမြို့တွင် ကျင်းပနေ သော တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးသို့ သတင်းယူရန် ရောက်ရှိနေသည့် သတင်း ထောက်များအား ပန်ဆန်းမြို့မှ နှစ်မိုင်ခန့်အကွာတွင်   တည်ရှိ သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို စခန်းဟောင်းသို့ လိုက်လံပြသစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်းတွင် ဗကပ ခေါင်းဆောင်သခင်ဗသိန်းတင် နေအိမ်၊ ဗဟိုအစည်းအဝေးခန်းမ၊ဗဟိုစာရွက်စာတမ်း သိုလှောင် ခန်းများ တည်ရှိသည်။
၁၉၇၈ ဇူလိုင်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုစခန်းကို ‘၀’ ဒေသရှိ ပန်ဆန်းမြို့သို့ ပြောင်း ရွှေ့ခဲ့ပြီး  အဆိုပါ  စခန်းမှနေ၍ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ တော်လှန်ရေးလှုပ်ရှားမှုများကို  ဦးစီးညွှန်ကြားခဲ့ကြောင်း သိရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ သည် ၁၉၈၉ ဧပြီ ၁၇ ရက်တွင် ထိုဗဟိုစခန်းနေရာမှ ဆုတ်ခွာ ခဲ့ရသည်။
7Days
ကိုးကန့်စစ်ပွဲမှာ တရုတ်လက်ချက်ကင်းကြောင်း သူရဦးရွှေမန်း ပြောကြား
2-5-2015
ကိုးကန့်ဒေသစစ်ပွဲတွေမှာ တရုတ်အစိုးရအနေ နဲ့ နောက်ကွက်က ပါဝင်ပတ်သက်မှု မရှိဘူး လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအချုပ်အချာ အာဏာပိုင်စိုးမှုကို အသိအမှတ်ပြုထားတဲ့ နိုင်ငံဖြစ် တာကြောင့် ကိုးကန့်စစ်ပွဲမှာ တစုံတရာ ပါဝင်ပတ်သက် မှု မရှိနိုင်ကြောင်း သူရဦးရွှေမန်းက RFA လွတ်လပ်တဲ့ အာရှအသံနဲ့ မနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ သီးသန့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။
"တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ပြည်တွင်းရေးကို စွက်ဖက်တဲ့နိုင်ငံတစ်ခု မဟုတ်ပါဘူး၊ ထိုနည်းတူစွာပဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ မိမိတို့မြန်မာနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်မှုမရှိနိုင်ဘူးလို့ပဲ ပြောရမှာဖြစ် ပါတယ်"
##### သူ့အပြော၊ သူ့အမြင် ##### တိုက်ချင်သပဆို ရင်လဲတိုက်ပေါ့ ကွယ်
##### သူ့အပြော၊ သူ့အမြင် #####
တိုက်ချင်သပဆို ရင်လဲတိုက်ပေါ့ ကွယ်
======================
ဒီလိုဗျ။ ။
မနေ့က ၀ ပန်းခမ်းမှာလုပ်နေတဲ့ တိုင်ရင်းသားလက်နက်ကိုင် ထိပ်သီးအစည်ဝေး
ဒုတိယမြောက်နေ့မှာ ၀ တိုင်းရင်သားတချို့ က
( စစ်အစိုးရကို လက်နက်ကိုင်တိုင်းရင်သားအားလုံးဝိုင်းတိုက်ကြပါ )ဆိုတဲ့
စာတန်း ကိုင်ပြီး ဆွေးနွေပွဲပြင်ပမှာ ဆန္ဒပြကြပါတယ်။
-
တရုတ်ကို သတ္ထုခိုးထုတ်သည့် ကားများ
မူဆယ် နမ့်ခမ်းလူထုက ဖမ်းဆီးပေးထားတဲ့ သတ္ထုခိုးထုတ်သည့် ကားများ
တရုတ်နိုင်ငံတွင်း စစ်ဘေးရှောင်နေသည့် ကိုးကန့် လူမျိုးများ ပြည်တွင်းသို့ စတင် ပြောင်းရွှေ့
30-4-2015
ကိုးကန့်ဒေသတွင် တပ်မတော်နှင့်  ဖုန်ကြားရှင်၏ ကိုးကန့်တပ် (MNDAA) တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ အတွင်း စစ်ဘေးရှောင် နေသည့် ကိုးကန့်လူမျိုးများ ယခုရက်ပိုင်းအတွင်း ပြည်တွင်းသို့စတင် ပြောင်းရွှေ့လာပြီဖြစ်ကြောင်း ပြောင်းရွှေ့ လာသူများကို အကူအညီပေး နေသည့် ကွမ်းလုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က The Messenger Media  သို့ပြောသည်။ ဧပြီလ (၂၉) ရက်နေ့တွင် တရုတ်ဘက်တွင် စစ်ဘေးရှောင် နေသည့် ကိုးကန့် လူမျိုး (၈၃) ဦးတို့သည် ချင်းရွှေဟော်ဘက်မှ ၀င်ရောက်လာ သဖြင့် ၎င်းတို့ဒေသ ဖြစ်သော ကွမ်းလုံမြို့နယ် ထင်ချန်း ကျေးရွာသို့ ပို့ဆောင်ပေး ခဲ့ကြောင်း  သိရသည်။
ကိုးကန့်ပြသနာနဲ့ တပ်မတော် အကျပ်အတည်း
 – စည်သူအောင်မြင့်
အားလုံးဟာ နိုင်ငံရေး ပြဿနာချည်းပဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်နေ တာလည်း နိုင်ငံရေး ပြဿနာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်နေတာလည်း နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပြဿနာ။ အဲကိုယ့် တိုင်းပြည်ကောင်းအောင် ဉာဏ် အမြော်အမြင်ရှိရှိနဲ့ ကြိုးစားရ မယ် …
လာကပေါ် – ကျုပ်တို့အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲနော်။ အရမ်းကို စိတ်ဓာတ်ခိုင်မာ ပြတ်သားတယ်။
အောင်ကျော် – ဘာတုန်း၊ ဘယ်နေရာမှာခိုင်မာပြီး ဘယ်နေရာမှာ ပြတ်သားနေတာလဲ။ ခင်ဗျားလည်း ကျွန်တော်နဲ့ပေါင်းပြီး မရှင်းမရှင်း ပြောတတ်လာပြီ။
ဩလာကပေါ် – သြော် ဘာမှမဟုတ်ပါဘူး။ ကိုးကန့်တပ်ဖွဲ့(MMDAA) နဲ့ ပတ်သက်ပြီး ဆွေးနွေးတာမျိုး မလုပ် နိုင်ဘူးဆိုပြီး အပြတ်ပြောလိုက်လို့ပါ။ သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကိုယ်တိုင် ပြောတာနော်။
ကာတွန်း
Friday, May 1, 2015
တရုတ် ရေနံကုမ္ပဏီ ဖွံ့ဖြိုးရေး အကူအညီ ရပ်ဆိုင်းမှု မဒေးကျွန်း ဒေသခံများ မကျေနပ်
ကျော်ခ| April 30, 2015 
---------------------------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်း ဒေသခံများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း(CNPC)တို့က ပေးအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး အကူအညီများ ရပ်ဆိုင်းနေသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
ရွှေသဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းကို အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် CNPC နှင့် MOGE တို့က မဒေးကျွန်း ဒေသကို လျှပ်စစ်စွမ်းအင်နှင့် ဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကူညီခဲ့သော်လည်း လတ် တလော တွင် အကူအညီများ ရပ်ဆိုင်းနေသဖြင့် အခက်ကြုံနေရသည်ဟု မဒေးကျွန်းဒေသခံ တချို့က ဧရာဝတီသို့ ပြောသည်။
ကျောက်ဖြူ မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က“ဆက်သွယ်ရေး တာဝါတိုင်ရယ်၊ လျှပ်စစ် မီတာဘောက် တပ်ဆင်ဖို့ ကိစ္စရယ် အဲဒါအတွက်ကို ပိုက်ဆံလှူတယ်။ လှူတယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုပဲ ဒေသခံတွေက လက်ခံရရှိပြီးတော့ လုပ်ပေး ဖို့ ကတိပေးထားတဲ့ဟာတွေကို ပြီးပြတ်အောင်လုပ်မပေးဘူး”ဟု ပြောပြသည်။
မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမနှင့် ပြိန်ရွာ သုံးရွာက အိမ်ခြေ ၇၀၄ အိမ်အတွက် လျှပ်စစ်နှင့် ဆက်သွယ်ရေး ရရှိရန် အမေရိ ကန် ဒေါ်လာ ၄ သိန်း ၂ သောင်း လှူဒါန်းကြောင်း CNPC နှင့် MOGE တို့က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အလှူငွေ စာတန်းပါသည့် ဆိုင်းဘုတ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ တဆင့် ဒေသခံများထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်တာဝါတိုင်မှာ တည်ဆောက်ပြီး ဖြစ်သော်လည်း တယ်လီဖုန်းလိုင်းများ သုံးစွဲမှုအစဉ်မပြေသေးသလို လျှပ်စစ် မီတာဘောက် များမှာလည်း အိမ်တိုင်းစေ့ မရရှိသေးသဖြင့် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားထားကြောင်း၊ သို့သော် လည်း ထူးခြားမှု မရရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
မဒေးကျွန်းရှိ ကျေးရွာများအတွက် ဖွံ့ဖြိုးရေးအကူအညီများသည် ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သင်္ကြန် ကာလကြောင့် ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း၊ လာမည့် မေလထဲတွင် ပြန်လည် စတင်နိုင်ရန် CNPC ကုမ္ပဏီကို အကြောင်းကြား ထားကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ဧရာဝတီသို့ ပြောသည်။
ဦးညီညီလင်းက“ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက CNPC က ငွေရောက်မလာသေးလို့ပါ။ အဲဒီအတွက် ကျနော်တို့ကလည်း MOGE ကနေ CNPC ကို တဆင့်အကြောင်းကြားပြီးမှ CNPC က ပိုက်ဆံချပေးတာပါ။ သင်္ကြန် ပြီးရင်တော့ ပို့လာမယ် ပြောတယ်။ သူတို့ ပို့လာ တာနဲ့ ကျနော်တို့က(လျှပ်စစ် မီတာဘောက်) တပ်ဆင်ပေး လိုက်ရုံပါပဲ”ဟု ပြောသည်။
မဒေးကျွန်းပေါ်က အိမ်ခြေ ၇၀၀ ကျော်အနက် ၅၀၀ ကျော်သည် လျှပ်စစ်မီတာဘောက် တပ်ဆင်ပေးပြီး ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားသည့် လမ်းကြောင်းပေါ်က မြေယာများ အတွက်လည်း လျော်ကြေးများ ပေးချေပြီး ဖြစ်ကြောင်း ဦးညီညီလင်းက ဆက်လက် ပြောဆိုသည်။
မဒေးကျွန်းဒေသခံများသည် ၄င်းတို့၏ နစ်နာမှုများ အတွက် တစုံတရာ ရရှိရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကို ၂၀၁၁ ခုနှစ်မှ စတင် တောင်းဆိုခဲ့ကြသော်လည်း ယနေ့အထိ အောင်မြင်မှု မရှိသေးပေ။
မဒေးကျွန်းပေါ်တွင် တည်ဆောက်ထားသည့် တရုတ် စီမံကိန်းများကြောင့် ဒေသခံ အများစုသည် လယ်ယာမဲ့၊ အလုပ်လက်မဲ့များ ဖြစ်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။
မဒေးကျွန်းပေါ်၌ ရေနံပိုက်လိုင်း စီမံကိန်း၊ ဂါလန် သိန်းချီဆံ့သည့် ရေနံစိမ်း သိုလှောင်ကန်ကြီးများ စီမံကိန်းနှင့် နိုင်ငံတကာ ရေနံ တင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများကို တည်ဆောက်ထားပြီး လုပ်ငန်းများ လည် ပတ် နေပြီ ဖြစ်သည်။
ဧရာဝတီ
ကိုးကန့်တိုက်ပွဲ၊ တပ်မတော် ရဲ့ အရှုံးအမြတ်ကို တွက်ချက်ကြည့်ခြင်း
Written by စည်သူအောင်မြင့်
-------------------------
အခုဆိုရင် ကိုးကန့် တိုက်ပွဲပြဿနာ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောဆိုဆွေးနွေးတဲ့ အဆင့် ရောက်လာပါပြီ။
အခုရက်ပိုင်း တရုတ်နိုင်ငံ ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးတော့လည်း အဲဒီအကြောင်း ပါပါတယ်။ မေလ(၁) ရက်နေ့ ဝ နယ် ပန်ဆန်းမှာ ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကြီးမှာလည်း ဒီကိစ္စ ထည့်သွင်း ဆွေးနွေးကြပါဦးမယ်။ သိပ်မကြာသေးခင်တုန်းကလည်း ကိုးကန့် တိုက်ပွဲ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းအမှန် ထုတ်ပြန်ရေးအဖွဲ့နဲ့ စာနယ်ဇင်း မီဒီယာတချို့ အချေအတင် ဖြစ်ခဲ့ပါသေးတယ်။ ကိုးကန့် တိုက်ပွဲ ပြဿနာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က နိုင်နေသလား၊ ရှုံးနေသလား၊ ဘယ်နေရာတွေမှာ နိုင်နေ၊ ရှုံးနေသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
လတ်တလော ကိုးကန့်တိုက်ပွဲတွေ စ ဖြစ်ပေါ်လာတာဟာ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ် တအောင်းပလောင် နယ်မြေမှာ အခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ကိုးကန့်နယ်မြေထဲ ထိုးဖောက် ဝင်ရောက်လာပြီးနောက်ပိုင်း အစ ပြုလာတာ ဖြစ်ပါတယ်။
ကိုးကန့် တိုက်ပွဲ ပြဿနာကို လေ့လာရင် ဒီ့မတိုင်ခင် သမိုင်းကို လေ့လာဖို့လည်း လိုပါတယ်။ ၁၉၆၈ ရှေ့ပိုင်းမှာ လက်ရှိ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ တရုတ်ပြည်ထဲ ဝင်ရောက်တိမ်းရှောင်သွားသူ ဖြစ်ပါတယ်။
၁၉၆၇ ဇွန်လ မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အရေးအခင်းဖြစ်၊ တရုတ်လူမျိုးတွေ ရိုက်နှက်၊ သတ်ဖြတ် အကြမ်းဖက်တာ ခံရပြီးနောက် ၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ အလံထောင်ထားတဲ့ တရုတ်တပ်ဖွဲ့တွေ တရုတ်နိုင်ငံဘက်ကနေ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ပါတယ်။ အဲဒီ တပ်ဖွဲ့ထဲမှာ ဖုန်ကြားရှင်ဟာ တပ်မှူးတစ်ယောက် အနေနဲ့ ပြန်ပါလာပါတယ်။
နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၈၉ မတ်လ အရောက်မှာ ဦးဖုန်ကြားရှင် ဦးဆောင်ပြီး ဗကပ ကိုးကန့် တပ်ဖွဲ့ဟာ ဗကပ ဗဟိုခေါင်းဆောင်တွေကို ပုန်ကန်တွန်းလှန်ပြီး MNDAA ဆိုတဲ့ သီးခြားတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ နောက်ပိုင်း ဖုန်ကြားရှင် နည်းတူ ဝ၊ မိုင်းလား နဲ့ ကချင် ၁၀၁ စစ်ဒေသဟာလည်း ဗကပ ခေါင်းဆောင်မှုအောက်က ခွဲထွက်လို့ ဗကပ ပြိုကွဲသွားခဲ့ပါတယ်။
ဗကပ ကို ပုန်ကန်ပြီးနောက် ဦးဖုန်ကြားရှင်ဟာ နဝတ စစ်အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ရယူပါတယ်။ နောက်ထပ် အနှစ် ၂၀ အကြာ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးတာကို လက်မခံတဲ့ ဦးဖုန်ကြားရှင်နဲ့ သူ့တပ်ဖွဲ့ကို မူးယစ်ဆေးဝါး အကြောင်းပြုပြီး အစိုးရတပ်က တိုက်ထုတ်ပစ်လိုက်ပါတယ်။ ဦးဖုန်ကြားရှင်ဟာ ဝရမ်းပြေး ဖြစ်သွားပါတယ်။
အခု ၂၀၁၅ ဦးဖုန်ကြားရှင်ရဲ့ တပ်တွေ ကိုးကန့်ဒေသကို ပြန်အခြေချဖို့ ကြိုးစားလာတဲ့အခါ မြန်မာ့တပ်မတော်က အပြင်းအထန် တိုက်ထုတ်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။ လူသူ လက်နက်အင်အား အများကြီး အသုံးပြုတဲ့အပြင် လေကြောင်းပစ်ကူတွေကိုလည်း အသုံးပြုပါတယ်။
ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းပြီးတော့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သတင်း ထုတ်ပြန်ချက်တွေအရ အရာရှိ၊ အကြပ်တပ်သား ရာဂဏန်းကျော် သေဆုံး၊ ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပြီးပါပြီ။
နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဧပြီ ၂၃-၂၄ ပွိုင့် ၂၂၀၂ တိုက်ပွဲမှာဆိုရင် တပ်မတော်ဘက်က အယောက် ၈၀-၉၀ ကျဆုံးတယ်၊ စစ်သုံ့ပန်းတချို့ ဖမ်းမိတယ် ဆိုပြီး ကိုးကန့်ဘက်က သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ အသေအပျောက် စာရင်း မကြေညာဘဲ ထိန်ချန်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အင်အား တစ်ထောင်နှစ်ထောင် လောက်ပဲ ရှိမယ်လို့ အစိုးရဘက်က ခန့်မှန်းထားတဲ့ ကိုးကန့်သူပုန်တွေနဲ့ တိုက်ခိုက်ရာမှာ တပ်မတော်ဘက်က အရာရှိ၊ တပ်သား အဲလောက် ရာနဲ့ချီ ကျဆုံးတယ်ဆိုတာ အောင်မြင်မှု ရနေတဲ့ တိုက်ပွဲလို့တော့ မဆိုနိုင်ပါဘူး။
တိုက်ပွဲ စာရင်းချုပ်ကို ကြည့်ရင် တပ်မတော်ဟာ လောက်ကိုင်အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းကို စိုးမိုးနိုင်တဲ့ အနေအထားအထိ နယ်မြေတွေကို သိမ်းပိုက်နိုင်တယ် ဆိုပေမယ့် ဒေသအခြေအနေ ပုံမှန်ဖြစ်ဖို့ အလွန်ဝေးနေသေးတာ၊ လူအသေအပျောက် များနေတာတွေကြောင့် ရှုံးနေတယ်လို့တောင် ကောက်ချက်ချနိုင်ပါတယ်။
နောက်ပြဿနာ တစ်ခုက ကိုးကန့်ရဲ့ မြေနေရာ အနေအထားပါ။ အင်အားကြီး တရုတ်နိုင်ငံရဲ့ နယ်နိမိတ်နဲ့ ထိစပ်နေပြီး တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးနေရာတွေဟာ နယ်စပ် နယ်နိမိတ် မျဉ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ ထုံးစံအတိုင်း တရုတ်နိုင်ငံဟာ မြန်မာ့တပ်မတော်ကို သူ့နိုင်ငံ နယ်မြေ အသုံးပြုပြီး တိုက်ခိုက်ခွင့် မပေးပါဘူး။ မပေးရုံမက သူ့နိုင်ငံနယ်မြေထဲ အမြောက်ဆံ ကျ၊ သူ့နိုင်ငံသား သေကြေတဲ့ ကိစ္စ ဖြစ်ပွားပြီးနောက်၊ နောက်တစ်ခါဆို သည်းမခံဘူး လို့တောင် ပြောလာပါတယ်။
ဧပြီ ၂၈ ပုံမှန် သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာဟောင်လေ က မြန်မာ့တပ်မတော် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။ အမြှောက်ဆံ ထပ်ကျသေးတယ်၊ လူမသေတော့ တော်သေးတယ် ဆိုပြီး သတိပေးတာမျိုး လုပ်ပါတယ်။ ဒါကိုကြည့်ရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိစ္စမှာလည်း တပ်မတော်ဘက်က အရှုံးပေါ်နေတဲ့သဘောပါ။
တတိယ ပြဿနာက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပါ။ ကိုးကန့်တိုက်ပွဲ ဖြစ်ပြီးနောက် အဲဒီတိုက်ပွဲတွေမှာ ဝ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ ကချင်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ရခိုင်တပ်ဖွဲ့ တွေ ပါဝင် ကူညီ တိုက်ခိုက်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တာဝန်ယူကြရမယ် ဆိုပြီး တပ်မတော်ဘက်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒါကို ဝ၊ ကချင်နဲ့ မိုင်းလား တပ်ဖွဲ့တွေက ငြင်းဆိုခဲ့ကြပါတယ်။
နောက်ဆက်တွဲအနေနဲ့ အရင်က ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ ဖာသိဖာသာနေခဲ့တဲ့ အင်အားကြီးတဲ့ ဝ နဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ သူတို့ အနေအထား သူတို့ပြင်ဆင်လာတာ တွေ့ကြရပါတယ်။ အဲဒီမှာ ဝ နယ် ပန်ဆန်းက လက်နက်ကိုင် ၁၂ ဖွဲ့ အစည်းအဝေးလည်း ပါပါတယ်။ ပြောရရင် ကိုးကန့်တိုက်ပွဲကို အကြောင်းပြုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ပို နီးစပ်သွားစေပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဘက်က ရှုံးပါတယ်။
နောက်ပြဿနာက သတင်းမီဒီယာနဲ့ ပတ်သက်လို့ပါ။ တပ်မတော်ဟာ ကိုးကန့်မှာ သတင်းအမှောင်ချလိုပုံ ရပါတယ်။ ကိုးကန့်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကို သေဒါဏ်ချနိုင်တဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ပါတယ်။
ကိုးကန့်ဘက်ကို သတင်းမေးပြီး ရေးသားဖော်ပြလို့ မရအောင် ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းကို ဝရမ်းပြေးအဖြစ် ကြေညာပါတယ်။ အလဲဗင်းလို သတင်းစာက နှစ်ဘက် အသံနဲ့ သတင်းရေးတဲ့အခါ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ကို ထိခိုက်စေလို့ ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဘက်က ရှုံးတာပါပဲ။
အခြားတစ်ဘက်မှာလည်း တိုင်းပြည်ဘဏ္ဍာငွေကြေး အသုံးပြု တိုက်ရတဲ့ တိုက်ပွဲဖြစ်လို့ ဘဏ္ဍာငွေကြေး ဆုံးရှုံးမှုလည်း ရှိနေပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော် တပ်မှူးတွေရဲ့ စစ်သေနင်္ဂဗျူဟာ အရည်အသွေးနဲ့ တိုက်ရည်ခိုက်ရည် အစစ်အမှန်ကို မြင်တွေ့ရတဲ့ အကျိုးအမြတ် တစ်ခုတော့ ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ ကိုးကန့်ပဋိပက္ခမှာ တိုင်းပြည်အတွက် ရလဒ်ကောင်းအောင်၊ ဘက်စုံက အနိုင်ရအောင် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
mizzima
ကိုးကန့်တိုက်ပွဲ၊ တပ်မတော် ရဲ့ အရှုံးအမြတ်ကို တွက်ချက်ကြည့်ခြင်း
Written by စည်သူအောင်မြင့်
-------------------------
အခုဆိုရင် ကိုးကန့် တိုက်ပွဲပြဿနာ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောဆိုဆွေးနွေးတဲ့ အဆင့် ရောက်လာပါပြီ။
အခုရက်ပိုင်း တရုတ်နိုင်ငံ ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးတော့လည်း အဲဒီအကြောင်း ပါပါတယ်။ မေလ(၁) ရက်နေ့ ဝ နယ် ပန်ဆန်းမှာ ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကြီးမှာလည်း ဒီကိစ္စ ထည့်သွင်း ဆွေးနွေးကြပါဦးမယ်။ သိပ်မကြာသေးခင်တုန်းကလည်း ကိုးကန့် တိုက်ပွဲ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းအမှန် ထုတ်ပြန်ရေးအဖွဲ့နဲ့ စာနယ်ဇင်း မီဒီယာတချို့ အချေအတင် ဖြစ်ခဲ့ပါသေးတယ်။ ကိုးကန့် တိုက်ပွဲ ပြဿနာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က နိုင်နေသလား၊ ရှုံးနေသလား၊ ဘယ်နေရာတွေမှာ နိုင်နေ၊ ရှုံးနေသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
လတ်တလော ကိုးကန့်တိုက်ပွဲတွေ စ ဖြစ်ပေါ်လာတာဟာ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ် တအောင်းပလောင် နယ်မြေမှာ အခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ကိုးကန့်နယ်မြေထဲ ထိုးဖောက် ဝင်ရောက်လာပြီးနောက်ပိုင်း အစ ပြုလာတာ ဖြစ်ပါတယ်။
ကိုးကန့် တိုက်ပွဲ ပြဿနာကို လေ့လာရင် ဒီ့မတိုင်ခင် သမိုင်းကို လေ့လာဖို့လည်း လိုပါတယ်။ ၁၉၆၈ ရှေ့ပိုင်းမှာ လက်ရှိ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ တရုတ်ပြည်ထဲ ဝင်ရောက်တိမ်းရှောင်သွားသူ ဖြစ်ပါတယ်။
၁၉၆၇ ဇွန်လ မြန်မာနိုင်ငံမှာ တရုတ်-ဗမာ အရေးအခင်းဖြစ်၊ တရုတ်လူမျိုးတွေ ရိုက်နှက်၊ သတ်ဖြတ် အကြမ်းဖက်တာ ခံရပြီးနောက် ၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ အလံထောင်ထားတဲ့ တရုတ်တပ်ဖွဲ့တွေ တရုတ်နိုင်ငံဘက်ကနေ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ပါတယ်။ အဲဒီ တပ်ဖွဲ့ထဲမှာ ဖုန်ကြားရှင်ဟာ တပ်မှူးတစ်ယောက် အနေနဲ့ ပြန်ပါလာပါတယ်။
နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၈၉ မတ်လ အရောက်မှာ ဦးဖုန်ကြားရှင် ဦးဆောင်ပြီး ဗကပ ကိုးကန့် တပ်ဖွဲ့ဟာ ဗကပ ဗဟိုခေါင်းဆောင်တွေကို ပုန်ကန်တွန်းလှန်ပြီး MNDAA ဆိုတဲ့ သီးခြားတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ နောက်ပိုင်း ဖုန်ကြားရှင် နည်းတူ ဝ၊ မိုင်းလား နဲ့ ကချင် ၁၀၁ စစ်ဒေသဟာလည်း ဗကပ ခေါင်းဆောင်မှုအောက်က ခွဲထွက်လို့ ဗကပ ပြိုကွဲသွားခဲ့ပါတယ်။
ဗကပ ကို ပုန်ကန်ပြီးနောက် ဦးဖုန်ကြားရှင်ဟာ နဝတ စစ်အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေး ရယူပါတယ်။ နောက်ထပ် အနှစ် ၂၀ အကြာ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးတာကို လက်မခံတဲ့ ဦးဖုန်ကြားရှင်နဲ့ သူ့တပ်ဖွဲ့ကို မူးယစ်ဆေးဝါး အကြောင်းပြုပြီး အစိုးရတပ်က တိုက်ထုတ်ပစ်လိုက်ပါတယ်။ ဦးဖုန်ကြားရှင်ဟာ ဝရမ်းပြေး ဖြစ်သွားပါတယ်။
အခု ၂၀၁၅ ဦးဖုန်ကြားရှင်ရဲ့ တပ်တွေ ကိုးကန့်ဒေသကို ပြန်အခြေချဖို့ ကြိုးစားလာတဲ့အခါ မြန်မာ့တပ်မတော်က အပြင်းအထန် တိုက်ထုတ်ဖို့ ကြိုးစားတာ တွေ့ရပါတယ်။ လူသူ လက်နက်အင်အား အများကြီး အသုံးပြုတဲ့အပြင် လေကြောင်းပစ်ကူတွေကိုလည်း အသုံးပြုပါတယ်။
ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းပြီးတော့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သတင်း ထုတ်ပြန်ချက်တွေအရ အရာရှိ၊ အကြပ်တပ်သား ရာဂဏန်းကျော် သေဆုံး၊ ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပြီးပါပြီ။
နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ဧပြီ ၂၃-၂၄ ပွိုင့် ၂၂၀၂ တိုက်ပွဲမှာဆိုရင် တပ်မတော်ဘက်က အယောက် ၈၀-၉၀ ကျဆုံးတယ်၊ စစ်သုံ့ပန်းတချို့ ဖမ်းမိတယ် ဆိုပြီး ကိုးကန့်ဘက်က သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကတော့ အသေအပျောက် စာရင်း မကြေညာဘဲ ထိန်ချန်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အင်အား တစ်ထောင်နှစ်ထောင် လောက်ပဲ ရှိမယ်လို့ အစိုးရဘက်က ခန့်မှန်းထားတဲ့ ကိုးကန့်သူပုန်တွေနဲ့ တိုက်ခိုက်ရာမှာ တပ်မတော်ဘက်က အရာရှိ၊ တပ်သား အဲလောက် ရာနဲ့ချီ ကျဆုံးတယ်ဆိုတာ အောင်မြင်မှု ရနေတဲ့ တိုက်ပွဲလို့တော့ မဆိုနိုင်ပါဘူး။
တိုက်ပွဲ စာရင်းချုပ်ကို ကြည့်ရင် တပ်မတော်ဟာ လောက်ကိုင်အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းကို စိုးမိုးနိုင်တဲ့ အနေအထားအထိ နယ်မြေတွေကို သိမ်းပိုက်နိုင်တယ် ဆိုပေမယ့် ဒေသအခြေအနေ ပုံမှန်ဖြစ်ဖို့ အလွန်ဝေးနေသေးတာ၊ လူအသေအပျောက် များနေတာတွေကြောင့် ရှုံးနေတယ်လို့တောင် ကောက်ချက်ချနိုင်ပါတယ်။
နောက်ပြဿနာ တစ်ခုက ကိုးကန့်ရဲ့ မြေနေရာ အနေအထားပါ။ အင်အားကြီး တရုတ်နိုင်ငံရဲ့ နယ်နိမိတ်နဲ့ ထိစပ်နေပြီး တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးနေရာတွေဟာ နယ်စပ် နယ်နိမိတ် မျဉ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ ထုံးစံအတိုင်း တရုတ်နိုင်ငံဟာ မြန်မာ့တပ်မတော်ကို သူ့နိုင်ငံ နယ်မြေ အသုံးပြုပြီး တိုက်ခိုက်ခွင့် မပေးပါဘူး။ မပေးရုံမက သူ့နိုင်ငံနယ်မြေထဲ အမြောက်ဆံ ကျ၊ သူ့နိုင်ငံသား သေကြေတဲ့ ကိစ္စ ဖြစ်ပွားပြီးနောက်၊ နောက်တစ်ခါဆို သည်းမခံဘူး လို့တောင် ပြောလာပါတယ်။
ဧပြီ ၂၈ ပုံမှန် သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာဟောင်လေ က မြန်မာ့တပ်မတော် ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ။ အမြှောက်ဆံ ထပ်ကျသေးတယ်၊ လူမသေတော့ တော်သေးတယ် ဆိုပြီး သတိပေးတာမျိုး လုပ်ပါတယ်။ ဒါကိုကြည့်ရင် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိစ္စမှာလည်း တပ်မတော်ဘက်က အရှုံးပေါ်နေတဲ့သဘောပါ။
တတိယ ပြဿနာက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပါ။ ကိုးကန့်တိုက်ပွဲ ဖြစ်ပြီးနောက် အဲဒီတိုက်ပွဲတွေမှာ ဝ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ ကချင်တပ်ဖွဲ့၊ ပလောင်တပ်ဖွဲ့၊ ရခိုင်တပ်ဖွဲ့ တွေ ပါဝင် ကူညီ တိုက်ခိုက်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တာဝန်ယူကြရမယ် ဆိုပြီး တပ်မတော်ဘက်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒါကို ဝ၊ ကချင်နဲ့ မိုင်းလား တပ်ဖွဲ့တွေက ငြင်းဆိုခဲ့ကြပါတယ်။
နောက်ဆက်တွဲအနေနဲ့ အရင်က ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ ဖာသိဖာသာနေခဲ့တဲ့ အင်အားကြီးတဲ့ ဝ နဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ သူတို့ အနေအထား သူတို့ပြင်ဆင်လာတာ တွေ့ကြရပါတယ်။ အဲဒီမှာ ဝ နယ် ပန်ဆန်းက လက်နက်ကိုင် ၁၂ ဖွဲ့ အစည်းအဝေးလည်း ပါပါတယ်။ ပြောရရင် ကိုးကန့်တိုက်ပွဲကို အကြောင်းပြုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ပို နီးစပ်သွားစေပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဘက်က ရှုံးပါတယ်။
နောက်ပြဿနာက သတင်းမီဒီယာနဲ့ ပတ်သက်လို့ပါ။ တပ်မတော်ဟာ ကိုးကန့်မှာ သတင်းအမှောင်ချလိုပုံ ရပါတယ်။ ကိုးကန့်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကို သေဒါဏ်ချနိုင်တဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ပါတယ်။
ကိုးကန့်ဘက်ကို သတင်းမေးပြီး ရေးသားဖော်ပြလို့ မရအောင် ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းကို ဝရမ်းပြေးအဖြစ် ကြေညာပါတယ်။ အလဲဗင်းလို သတင်းစာက နှစ်ဘက် အသံနဲ့ သတင်းရေးတဲ့အခါ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ကို ထိခိုက်စေလို့ ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ဒီနေရာမှာလည်း တပ်မတော်ဘက်က ရှုံးတာပါပဲ။
အခြားတစ်ဘက်မှာလည်း တိုင်းပြည်ဘဏ္ဍာငွေကြေး အသုံးပြု တိုက်ရတဲ့ တိုက်ပွဲဖြစ်လို့ ဘဏ္ဍာငွေကြေး ဆုံးရှုံးမှုလည်း ရှိနေပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော် တပ်မှူးတွေရဲ့ စစ်သေနင်္ဂဗျူဟာ အရည်အသွေးနဲ့ တိုက်ရည်ခိုက်ရည် အစစ်အမှန်ကို မြင်တွေ့ရတဲ့ အကျိုးအမြတ် တစ်ခုတော့ ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ ကိုးကန့်ပဋိပက္ခမှာ တိုင်းပြည်အတွက် ရလဒ်ကောင်းအောင်၊ ဘက်စုံက အနိုင်ရအောင် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
mizzima