Thursday, April 30, 2015

May Day

အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုပါတယ် .............

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့၌လေ့လာ

 ကူမင်း- ဧပြီလ၂၉ ရက်

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယဝန်ကြီး Mr. Chen Fengxiang ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန် တို့နှင့်အတူ ၂၀၁၅ခုနှစ် ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေး
ဌာနသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ ညွှန်ကြားရေးမှူး မစ္စတာ ကျိုးလီရွှယ် က ကြိုဆိုခဲ့ပြီး သိရှိလိုသည်များကို လိုက်လံရှင်းလင်း
ပြသခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက်သို့
ရောက်ရှိကြပြီး ပြတိုက် ဒုတိယအထွေထွေမန်နေဂျာ မစ္စလီလီမင် က စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက် အတွင်း လိုက်လံရှင်းလင်း
ပြသခဲ့သည်။

ကျောက်ဖြူ ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း လျော်ကြေးများပေးပြီးကြောင်း CNPC ရှင်း


ကျောက်ဖြူ ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း.ရွံ့ဖုန်းမြေကိစ္စ
မြေယာလျော်ကြေး နစ်နာကြေးကိစ္စ ကျောက်ဖြူ မြို့နယ် အမ်းမြို့နယ်အတွင်း ပိုက်လိုင်းသွယ်တန်းခြင်းကြောင့်.ကျိုးပျက်သွားသော
ကာရီတာတမံကိစ္စ အတွက် ၃၀.၄.၂၀၁၅ နေ့ ရန်ကုန်မြို့တွင် CNPC တာဝန်
ရှိသူများနှင့်ဆွေးနွေးပြီးပါပြီ


ပိုက်လိုင်းသွယ်တန်းရာတွင်ဖြစ်ပေါ်ခဲ့သောနစ်နာမှုအားလုံးအတွက် ၂၀၁၃ ကတည်းကအပြတ်ပေးခဲ့ပြီဖြစ်ကြောင်း CNPC သုတေသနဌာန တာဝန်ခံကရှင်းပါတယ်။
 

 တစ်ကယ်တမ်း ဒီနေ့ထိပျက်စီးနစ်နာနေသူတွေအတွက်ကတော့ ဆန္ဒပြရုံမှတစ်ပါးအခြားမရှိတောလေပြီ။

TUN KYI fb

ဆက်ကြေးကောက်ခံနေသောTNLAကို တပ်မတော် သွားရောက်ရှင်းလင်း၊ လက်နက်များသိမ်းဆည်းရမိ

ဇေဝေယံ
 ရန်ကုန်- ဧပြီ ၃၀

TNLA ၏ဆက်ကြေးကောက်ခံမှုကြောင့်တပ်မတော်နှင့်အပြန်အလှန်
 ပစ်ခတ်မှုဖြစ်ပွားပြီးလက်နက်များသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ယခုလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် TNLAလက်နက်ကိုင်များသည်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်-နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနမ့်ဖလွန်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်တွင်သွားလာသောယာဉ်များအား
 ယာဉ်ကြီးတစ်စီးလျှင်ကျပ် ၃ သိန်းမှ ၅ သိန်းနှင့်ယာဉ်ငယ်များအားတစ်စင်းလျှင်ကျပ် တစ်သောင်းမှနှစ်သောင်းထိ TNLA အဖွဲ့အင်အား ၅၀ ခန့်မှကောက်ခံခဲ့ကြောင်းသိရသည်။


##### ကျန်းမာရေးသတိ ##### တရုတ်က ဝင်လာတဲ့ ဂျယ်လီပါ။

 တရုတ်က ဝင်လာတဲ့ ဂျယ်လီပါ။
================

ကျနော် စတိုးဆိုင် တခုကနေဝယ်လာခဲ့တာပါ။
ဝယ်လာခါစတုန်းကတော့ ကျနော်လည်း တစ်ခု စားလိုက်မိပါသေးတယ်။ အဲဒီတုန်း ကတော့ မထူးခြားသေးပါဘူး
 တခြား ဂျယ်လီတွေလိုပါပဲ။
အဲဒါနဲ့ ကျန်တဲ့ ဂျယ်လီတွေကို ရေခဲသေတ္တာ ထဲထည့်ထားလိုက်ပါတယ်။

##### သူ့အမြင် ##### တံခါးမှူးများနှင့် သယံဇာတ စီမံခန့်ခွဲမှု

##### သူ့အမြင် #####

၃၀.၄.၂၀၁၅
 တံခါးမှူးများနှင့် သယံဇာတ စီမံခန့်ခွဲမှု
==========================

တစ်နေ့က မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေအတွင်း အဖိုးတန်သစ်တွေ ခိုးထုတ်ဖို့အတွက် တရုတ်ပြည်က ဝင်ရောက်လာတဲ့ မော်တော်ယာဉ် ၄၈၃ စီးနဲ့ နိုင်ငံသား ၂၀ ဦး၊ တရုတ်နိုင်ငံသား ၁၃၉ ဦးကို ဖမ်းဆီးရမိသည် ဆိုတဲ့ သတင်းကြောင့်ပါ။

ဒါနဲ့ဆက်စပ်ပြီး စဉ်းစားမိတာက တိုင်းတစ်ပါးက ကိုယ်ထည်ကြီးမားတဲ့ စက်ယန္တရားကြီးများ မြန်မာနိုင်ငံထဲကို ဘယ်လိုဝင်ရောက်ပြီး ဘယ်နည်းဘယ်ပုံနဲ့ ဒီလိုအရေအတွက် များပြားစွာ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာကြသနည်း။ မိမိတိုင်းပြည်တွင် ယာဉ်နံပါတ်မတပ်ဘဲ မောင်းနှင်တဲ့ ယာဉ်တွေကို တွေ့ရင် စစ်ဆေးကြပ်မတ်တဲ့ ဝန်ထမ်းတွေ အပါအဝင် နယ်စပ်အဝင်အထွက်တွေမှာ ဆိုင်ရာဆိုင်ရာ စစ်ဆေးဖို့အတွက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ တံခါးမှူး နှစ်ယောက်အနက် မည်သို့သော တံခါးမှူး ဖြစ်နေသလဲ ဆိုတာရယ်၊ ဒီဝန်ထမ်းတွေကို စီမံခန့်ခွဲနေတဲ့ အပေါ်က အဆင့်ဆင့်သော တာဝန်ရှိသူတွေ စဉ်းစားမိစေဖို့ပါ။

တရုတ်အစိုးရအာဘော်လွှမ်းမိုးမည့် ပန်ဆန်းညီလာခံ

30.4.2015

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များစုပေါင်းပြုလုပ်မည့်စတုထ္တအကြိမ်မြောက်ညီလာခံအား ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်၊ “၀” ဒေသရှိပန်ဆန်းမြို့တွင်ကျင်းပပြုလုပ်ရန်အတွက် စီစဉ်လျက်ရှိနေကြ ကြောင်းသိရှိရသည်။ UWSA “၀” တပ်ဖွဲ့အနေဖြင့် အဆိုပါညီလာခံသို့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၂) ဖွဲ့အား တက်ရောက်ရန် ဖိတ်ကြားထားပြီးအခြားသော လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်အချို့ကိုလည်း ဖိတ်ကြားထား ကြောင်း သိရှိရသည်။

ထိုကဲ့သို့ဖိတ်ကြားထားခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ (၁၂) ဖွဲ့တွင် ယနေ့အရှေ့မြောက်ဒေသမှ မြန်မာပြည်အတွင်းသို့ ကျူးကျော်ဝင်ရောက် လာခဲ့သော ဖုန်ကြားရှင်၏ ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့အပြင်၊ ဖုန်ကြားရှင်ဘက်မှ ပူးပေါင်း ပါဝင် တိုက်ခိုက်ပေးနေသည့် AA သောင်းကျန်းသူများနှင့် TNLA အဖွဲ့တို့ပါဝင်နေခြင်းကြောင့်လည်း ပန်ဆန်းညီလာခံ ပြုလုပ်မည့် သဘောထားအပေါ် ဝေဖန်မှုများမြင့် တက်လျက်ရှိကြောင်းတွေ့ရှိလာရသည်။

##### သူ့အမြင် ##### ကိုးကန့် တိုက်ပွဲ စစ်ရေး သုံးသပ်ချက် ( မိုးသီးဇွန် )

##### သူ့အမြင် #####

ကိုးကန့် တိုက်ပွဲ စစ်ရေး သုံးသပ်ချက် ( မိုးသီးဇွန် )

စစ်တခုလုံး Theater of War ကို ခြုံ ပြီး ပြောရရင် တော့ ကိုးကန့် က အသာစီးရနေတယ်။
 မြန်မာစစ်တပ်ရှုံး ပြီး ကိုးကန့် နိင်တယ်လို့  ကောက်ချက်ချနိင်ပါတယ်။


ဒီလိုရရတဲ့အကြောင်းကတော့ ပရပ်ရှား စစ်ပါရဂူ ကလေ့စ်ဝစ် က '' Defense in stronger than attack '' ခံစစ်က ထိုးစစ်ထက် ပြင်းထန်တယ် ဆိုတဲ့ သီအိုရ ကို ကိုယ်တိုင်စစ်ကိုဦးစီးတိုက်ခဲ့ဘူးသူတိုင်းသိနိင်ကြပါတယ်။

ကိုးကန့် က ခံစစ် နေရာယူထားတယ်။ မြန်မာ့တပ်က ထိုးစစ် ဆင် ရတဲ့အနေထားဖြစ်တယ်။ ထိုးစစ်က တော်တော်လေး ဖရိုဖရဲဖြစ်နေတဲ့ တိုက်ရိုက် ချဉ်းကပ်မှု Direct Approach ဖြစ်နေပါတယ်။
 အဆိုးဆုံးတခုကတော့ ကိုးကန့် နယ်မြေကို မြန်မာစစ်တပ်က ကျူးကျော်သူလို့ ဖြစ်နေတယ်။ အခွံပဲကျန်ခဲ့တဲ့ လောက်ကိုင် မြို့ ကိုကြည့်ရင် မြန်မာ စစ်တပ်ဟာ ကိုးကန် လူထုရဲ့ ထောက်ခံ ကူညီမှု လုံးဝ မရှိဘူးဆိုတဲ့သဘောကို ပြနေတယ်။မြန်မာစစ်တပ်ကလဲ သူ နဂိုဗီဇ ခိုးဆိုးခါး အကျင့် အတိုင်း ပဲ သူခိုးတပ်ကြီးလို့ဖြစ်နေပြီး ပရောဖက်ရှင် နယ် စစ်တပ် တခုလို ပြုမှုနိင်စွမ်းမရှိသလိုဖြစ်နေပါတယ်။
 ရုရှား ပညာတော်သင်ပြန် ဗိုလ်မှုး စိုင်းသိန်းဝင်း က '' တိုက်ပွဲကျတဲ့ မြန်မာစစ်သည်တွေကိုယ်ပေါ်မှာ သာမန်တပ်သားတဦး မပိုင်ဆိုင်နိုင်တဲ့ အရပ်သုံးပစ္စည်းတွေနဲ့ တွေ့ရတာပဲ။ ခိုးထုပ်ခိုးထည်နဲ့ မိတယ်လို့ ဆိုမလား။ တိုက်ရာပါပစ္စည်းနှင့်တကွ အသေဖမ်းဆီးရမိတယ်လို့ ပြောမလား။ ''
လို့ စစ်သားတွေက စစ်သားနဲ့မတူတော့ အကျင့်စာရိုက်နဲ့စည်းကမ်း ယိုယွင်းမှုတွေကို ထောက်ပြထားတယ်။

စစ်သုံ့ပန်းတွေပြန်လွှတ်ပေးမယ်လို့ ကိုးကန့်အဖွဲ့ ပြောကြား

30.4.2015

ကိုးကန့်တပ်ကဖမ်းမိထားတဲ့ အစိုးရတပ်ဖက်က စစ်သုံ့ပန်း ၅ ယောက် ရှိနေပြီး၊ အဲ့ဒီလူတွေကို မကြာခင်ပြန် လွှတ်ပေးမယ်လို့သိရပါတယ်။


သူတို့ထဲကတစ်ယောက်က ဒဏ်ရာရထားလို့ကုပေးနေပြီး၊ စစ်ဆေးမေးမြန်း ပြီးတဲ့အခါ ပြန်လွှတ်မယ်လို့ MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက RFA ကို ပြောပါတယ်။

"၅ ဦးမှာ တစ်ဦးက ဒဏ်ရာနည်းနည်းပြင်းထန်လို့ ပခုံးမှာဒဏ်ရာလည်း ရတယ် ပေါင်မှာလည်း ဒဏ်ရာရတယ်ဆိုတော့ သူ့ကိုကုသပေးနေတယ်အခု၊ အဲ့မှာ ကျနော်နည်းနည်းလေး မေးကြည့်စရာ ရှိတယ်၊ ဆိုလိုတာက ဘာကြောင့်မို့လို့ ကျနော်တို့ ကိုးကန့်တိုင်းရင်းသားကို ဒီလောက်ကြီး သဲသဲမဲမဲဖြစ်နေလဲဆိုတာ သူတို့သိမလားဆိုတော့ ကျနော်အဲ့ဒါလေး နည်းနည်းလေး မေးနေတာပါ၊ ကျနော်တို့ နည်းနည်းမေးပြီးတော့ သူတို့ကို သွားချင်တဲ့နေရာကို ကျနော်တို့လိုက်ပို့ပေးလိုက်မလို့"

တပ်မတော်စစ်ကြောင်းများက ဆက်ကြေးကောက်ခံနေသော TNLA အဖွဲ့အား တိုက်ခိုက်ရှင်းလင်း

နေပြည်တော် ၊ ဧပြီ ၃၀

 ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် - နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ နမ့်ဖလွန်းကျေးရွာနှင့် အနီး ပတ်ဝန်းကျင်များ၌ ဧပြီ ၂၉ ရက်တွင် TNLA အဖွဲ့မှ အင်အား ၅၀ ဦးခန့်သည် အဖွဲ့ ၂ ဖွဲ့ခွဲကာ ကားလမ်း အတက်/အဆင်း ယာဉ်များအား ယာဉ်ငယ်တစ်စီးလျှင် ကျပ်တစ်သောင်း မှ နှစ်သောင်းအထိ၊ ယာဉ်ကြီး တစ်စီးလျှင် ကျပ်ငါးသိန်း ဆက်ကြေးကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။

 ထိုသို့ ဆက်ကြေးကောက်ခံနေသော TNLA အဖွဲ့အား တပ်မတော် စစ်ကြောင်းများက သွားရောက်ရှင်းလင်းရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့များက ဟိုဖျက်ကျေးရွာဘက်သို့ ဆုတ်ခွာသွား ကြသည်။

 ပစ်ခတ်တိုက်ခိုက်မှုများတွင် တပ်မတော်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး TNLA အဖွဲ့ထံမှ အမ် (၂၁) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း နှင့် တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသော TNLA အဖွဲ့များနောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

 မြ၀တီ

Wednesday, April 29, 2015

မေဒေးနှင့်ကဆုန်လပြည့်နေ့များတွင် ဝမ်ပေါင်နှင့်ယန်စီကုမ္ပဏီတို့မှ မြန်မာအလုပ်သမားများ အလုပ်ရပ်သပိတ်ပြုလုပ်မည်

အောရမ်း
ရန်ကုန် ဧပြီ ၂၉...

မေဒေးနှင့်ကဆုန်လပြည့်နေ့ များတွင် မုံရွာခရိုင်အတွင်းရှိ ကုမ္ပဏီများဖြစ်သည့် ဝမ်ပေါင်နှင့် ယန်စီကြေးနီထုတ်လုပ်ရေး ကုမ္ပဏီ များမှ မြန်မာအလုပ်သမားများ သည် အလုပ်ရပ်သပိတ်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီများမှ မြန်မာ အလုပ်သမားများသည် တရုတ် အလုပ်သမားများထက် လုပ်ခလစာ နည်းပါးခြင်းကြောင့်တိုးမြှင့်တောင်း ဆိုရာ ၄င်းတို့တောင်းဆိုသည့် နှုန်း ထားအတိုင်း တိုးမြှင့်ပေးခြင်း မရှိ သည့်အတွက် ယခုလိုပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမား များဘက်မှ ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ် အကြံပေးဦးရန်နိုင်ထွေးက ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။

### ကျန်းမာရေး ### မြန်မာကလေးများအား လူမျိုတုန်းအောင်၊ ရည်ရွယ်ချက်ရှိရှိ၊ထုတ်လုပ်ဖြန့်ဖြူးနေသော အစပ်ချောင်းမုန့် ထုတ်လုပ်ပုံအဆင့်ဆင့်

### ကျန်းမာရေး ### 

မုန့်- တိုက်ပွဲ



မြန်မာကလေးများအား လူမျိုတုန်းအောင်၊ ရည်ရွယ်ချက်ရှိရှိ၊ထုတ်လုပ်ဖြန့်ဖြူးနေသော
အစပ်ချောင်းမုန့် ထုတ်လုပ်ပုံအဆင့်ဆင့်
=======================
-ဤဓာတ်ပုံများသည်တရုတ်ပြည်တွင်းမီဒီယာများမှရရှိထားသောပုံများဟုသိရှိရပါသည်။
 

-မြန်မာနိုင်ငံရှိ Face book စာမျက်နှာများပေါ်တွင်စတင်ပြန့်နံ့နေသောပုံများဖြစ်ပါသည်။
 

-မြန်မာပြည်တွင်းရှိကလေးများအားလုံးလိုလိုနေ့စဉ် စားသုံးနေကြသော နာမည်ကြီး တရုတ်အစပ်ချောင်းမုန့်
ထုပ်လုပ်ပုံအဆင့်ဆင့်ကိုမှတ်တမ်းတင်ရိုက်ကူးထားသောပုံများဖြစ်ပါသည်။


-မုန့်ထုတ်လုပ်ရာတွင်အသုံးပြုနေသောအမျိုးအမည်မသိ ပါဝင်ပစ္စည်းများ၊ ဓာတုဆိုးဆေးများ၊ မုန့်ထုတ်လုပ်
သော ပါတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ မုန့်ထုတ်လုပ်သောသူများ၏ ဖြစ်ကတတ်ဆန်းထုတ်လုပ်မှု အခြေအနေများ၊ မုန့်ထည့်သွင်းပြုလုပ်သည့် အိုးခွက်များ၏ညစ်ညမ်းမှုများ၊ နောက်ဆုံးတွင် Packing လှလှလေးများ ထုပ်ပိုးပြီး ကလေးများအား လိမ်လည်ရောင်ချပြီး နောင်တချိန်တွင် ရောဂါဘယမျိုးစုံဖြင့် လူမျိုးတုန်းအောင်ကြံစည် ထားပုံများကိုကွက်ကွက်ကွင်းကွင်းဖော်ပြထားပါသည်။
 

ကိုးကန့်-မြန်မာတိုက်ပွဲမှ အမြောက်ကျည်ဆန်များကျ၍ တရုတ်က ထပ်မံကန့်ကွက်


30-4-2015

မြန်မာအစိုးရစစ်တပ်နှင့်ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ တိုက် ခိုက်ရာတွင် တရုတ်နယ်စပ်ကို ကျော်၍ တိုက်ခိုက်မှုများမပြုလုပ်ရန် တရုတ်အစိုးရက ယမန်နေ့က ထပ်မံတောင်းဆိုလိုက်သည်။ မြန်မာနှင့် ကိုးကန့်တပ်ဖွဲ့များအပြန်အလှန်တိုက်ခိုက်မှုကြောင့် အမြောက်ကျည်ဆန်များ တရုတ်နိုင်ငံပိုင်နက်တွင်းသို့ ကျရောက်လာပြီးနောက် တရုတ်အစိုးရက ယခုကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်လောက မြန်မာဘက်က အမြောက်ဆန်တချို့တရုတ် ဘက်ကို ကျလာပြီး ပျက်စီးတာတွေရှိတယ်။ ကံကောင်းလို့ ဒဏ်ရာရ သေဆုံးတာမရှိခဲ့တာ’’ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ခွင့်ရပုဂ္ဂိုလ် ဟုန်လီကနေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။ သို့သော် မည်သည့်နေ့တွင် ကျရောက်ခဲ့သည်ကိုမူ အတိ အကျပြောကြားခြင်းမရှိပေ။

ဖုန်ကြားရှင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ တက်ရောက်မည် မဟုတ်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။


 ဖုန်ကြားရှင်၏ ကျန်းမာရေး အခြေအနေအရ တက်ရောက်နိုင်မှု မရှိခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းဒေသတွင် စတင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီးညီလာခံသို့ တက်ရောက်မည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်များကို ဧပြီလ ၂၉ ရက်နေ့တွင် အစည်းအဝေးပြုလုပ် ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ကားများကို TNLA ဆက်ကြေးကောက်၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်

၃၀-၄-၂၀၁၅

ကွတ်ခိုင်-မူဆယ်လမ်း ပိုင်းကို ပိတ်ဆို့ကာ တအာင်န်း  (ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA) က ဆက်ကြေးငွေကောက်ခံနေ ခြင်းကြောင့် အစိုးရတပ်မတော် က  တားဆီးခဲ့ပြီး တိုက်ပွဲအပြင်းအ  ထန်ဖြစ်ပွားခဲ့ရာ တပ်မတော်မှ တပ်ကြပ်တစ်ဦးကျဆုံးပြီး အရာ ရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

 TNLA က ဧပြီ ၂၉ ရက် နံနက် ၈ နာရီမှစတင်ကာ ယင်း လမ်းပိုင်းကို ပိတ်ဆို့ကောက်ခံ ခြင်းဖြစ်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၃)က သွားရောက် ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည် နယ်ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။‘‘ကျွန်တော်တို့ သိသိချင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သတင်းပို့တယ်။ ခလရ(၁၂၃)က လိုက်ရှင်းတယ်။ ဆက်ကြေး ကောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ အားလုံးသုံးနေရာမှာ တိုက်ပွဲဖြစ် တယ်။ တပ်မတော်သားတစ် ယောက် အသက်ပေးသွားရ တယ်’’ ဟု ဒုရဲမှူးကြီး အောင်မြတ် မိုးကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို TNLA ယာယီထိန်းချုပ်

၂၉-၄-၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း မန္တလေး လားရှိုး မူစယ် တရုတ်နယ်စပ် ကို ဆက် သွယ်ထားသည့် ပြည်ထောင်စုလမ်းမ မူစယ်-ကွတ်ခိုင်လမ်းပိုင်းအား TNLA ခေါ် တအာင်း(ပလောင်)တပ်မတော်က ယနေ့မနက်ပိုင်းက ယာယီထိန်းချုပ်လိုက်သည်။

TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ပြည်ထောင်စုလမ်း၏ ကွတ်ခိုင် - မူစယ် လမ်း ပိုင်း အား ယနေ့ ဧပြီ ၂၉ ရက် နံနက်ခင်းပိုင်းတပိုင်းလုံး ထိန်းချုပ် ကာ ဖြတ် သန်း သွားလာသည့် ခရီးသွားကားများ ကုန်တင် ယာဉ် များအား အခွန် အခ စောင်...့ဆိုင်းကောက်ခံ ခဲ့သည်ဟု ကားသမား ကိုအောင်အောင် က ပြောပါ သည်။

လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှု ၂၉ လပြည့်အထိမ်းအမှတ်ပွဲ ကျောက်တံတားတရားရုံးရှေ့၌ ပြုလုပ်

30-4-2015
ပိုင်ထက် (မြစ်မခ)

အမျိုးသားဒီမိုကရေစီအင်အားစုအဖွဲ့မှ လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုးခွင်းခံရမှု  ၂၉ လပြည့် အထိမ်းအမှတ်ကို ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ဧပြီလ(၂၉)ရက်နေ့က ပြုလုပ်ခဲ့သည်။

“စီမံကိန်းကိုပြည်သူတွေကအလိုမရှိလို့ အေးချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၂၉ လပြည့်ပြီးဖြစ်လို့ အထိမ်း အမှတ်ပွဲပြုလုပ်တာပါ ” ဟု အထိမ်းအမှတ်ပွဲအား ဦးဆောင်သူ ဒေါ်လေးလေးက ပြောသည်။

အထိမ်းအမှတ်ပွဲတွင် ၀မ်ပေါင်းကုမ္ပဏီကျဆုံးရေး၊ဦးပိုင်ကုမ္ပဏီကျဆုံးရေးနှင့် လူသတ်စီမံကိန်း အလိုမရှိဟု ကြွေးကြော်ခဲ့ပြီးတရုတ်နာရေးချသည်ပုံစံဖြင့်ဝမ်ပေါင်ကုမ္ပဏီကျဆုံးသည့်ပုံစံကို သရုပ်ဖော်ခဲ့ကြောင်းတွေ့ရသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် တရုတ်သစ်ခိုးထုတ်ဂိုဏ်းများအား ရှင်းလင်းနိုင်ပြီဟု ဆို

30-4-2015

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် အဖွဲ့များအား ရှင်းလင်းနိုင်ပြီဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကချင်ပြည်နယ်ထဲမှာ ရှိနိုင်တဲ့ အနေအထားတွေ အားလုံးကို ရှင်းလင်းပြီးစီးသွားပါပြီ။ တရုတ်သစ်ခိုးဂိုဏ်းတွေလည်း မရှိတော့ပါဘူး” ဟု ပြောကြားသည်။

တရုတ်သစ်ခိုးထုတ်ဂိုဏ်းကြီး တစ်ခုကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား စုစုပေါင်း ၁၃၈ ဦး တွေ့ရှိခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ သစ်ခိုးထုတ်နိုင်သည့် ဒေသများနှင့် တရုတ်သစ်ခိုးထုတ်ဂိုဏ်းများကို ဆက်လက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းအပြင် တပ်မတော်မှ မောင်းသူမဲ့ လေယာဉ်များအပြင် လူမောင်းလေယာဉ်များဖြင့် ကချင်ပြည်နယ်ကို အဓိကထား သစ်ခိုးထုတ်သည့် ဖြစ်စဉ်များကို စောင့်ကြည့်စစ်ဆေးနေကြောင်း သိရသည်။
ဖမ်းမိခဲ့သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းကြီးမှ လူများနှင့် သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ကိရိယာ တန်ဆာပလာကြီးများကို မြန်မာနိုင်ငံအတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့မှုများမှာ နယ်စပ်လုံခြုံရေအပေါ် မေးခွန်းထုတ်စရာများ ရှိလာနေသည်။

ကျောက်စိမ်းတုံး မှောင်ခိုတင်ပို့မှုများ ဆက်တိုက်ဖမ်းဆီးရရှိနေ

မန္တလေး-မူဆယ် လမ်းမပေါ်ရှိ နောင်ချို မိုဘိုင်းတင်း စခန်းမှာ တရားမ၀င် တင်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေ ဆက်တိုက်ဖမ်းဆီး ရရှိနေပြီး ဧပြီလ ၂၅ ရက်နေ့ ကလည်း ငွေကျပ် သိန်း ၉၀၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံး တွေကို ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။

တရားမ၀င် ကျောက်စိမ်းတုံးတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ် ငါးစီးဟာ နောင်ချို မိုဘိုင်းတင်းစခန်း ရှေ့မှ ဖြတ်သန်းစဉ် မိုဘိုင်းတင်း အဖွဲ့မှ တားဆီး စစ်ဆေးရာ ကားအတွင်း သိုဝှက်သိမ်းဆည်း တင်ဆောင်လာတဲ့ ၈၆၄ ကီလိုရှိတဲ့ ကျောက်စိမ်းတုံး ၁၉၂ တုံး၊ ကျောက်စိမ်း လက်ကောက် ၁၁၈၆ ကွင်း တန်ဖိုး အနေနဲ့ သိန်း ၉၇၆ သိန်းဖိုး ဖမ်းဆီးရမိ ခဲ့ပါတယ်။

ကျောက်စိမ်းကို နိုင်ငံတော်က တရားဝင်ကုန် သွယ်မှုပြုလုပ်ဖို့ ခွင့်ပြုထားပေမယ့် တရားမ၀င် တင်ပို့မှုများပြားနေပြီး မိုဘိုင်းတင်းကနေ တရားမ၀င်ကုန် ပစ္စည်း ဖမ်းဆီးရမိမှု မှာလည်း ကျောက်စိမ်းက အများဆုံး ဖြစ်နေပါတယ်။ တရားမ၀င် ကျောက်စိမ်းတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်မောင်း တွေဟာ ထွက်ပြေးတိမ်း ရှောင်နေပြီး မော်တော်ယာဉ် အပါအ၀င် ဖမ်းဆီးရမိတဲ့ကျောက်စိမ်း တန်ဖိုးဟာ ကျပ်ငွေ ၁၅၆၅ သိန်း ရှိပြီး ဒါတွေကိုတော့ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ အမှုတွဲ ဖွင့်လှစ်ပြီး အကောက်ခွန် ဦးစီဌာနကို လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သိရပါတယ်။

MRTV-4

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခရီးသွားကားတွေ (TNLA)၏ ဆက်ကြေးကောက်ခံနေရ

Wednesday, April 29, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်-မူဆယ် ကားလမ်း၌ ဖြတ်သန်းသွားလာနေသော ယာဉ်များကို ယခုရက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့တချို့က ဆက်ကြေးငွေ ကောက်ခံနေကြောင်း သိရသည်။

ဆက်ကြေးငွေ ကောက်ခံရာတွင် ခရီးသွားယာဉ်(Express) ကားတစီးလျှင် ၂ သိန်းကျပ်၊ ခရီးသွား ကားငယ် တစီးလျှင် ၅ သောင်း ကျပ်၊ အိမ်သုံးကား တစီးလျှင် ၃ သောင်း နှင့် ကုန်တင်ယာဉ် ၁၂ ဘီး ကားတစီးကို ၅ သိန်းကျပ်ဖြင့် ဆက်ကြေး ကောက်ခံ နေကြောင်း လားရှိုး-မူဆယ်လမ်း ခရီးသည်တင် ယာဉ်မောင်း ဦးကျော်(အမည်လွှဲထားသူ)က ဧရာဝတီကို ပြောသည်။

“သူတို့တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆက်ကြေး တောင်းနေတယ်။ သူတို့က တနေရာကို အကြာကြီးမနေဘူး။ နာရီဝက်ပဲ နေ တယ်။ ကျနော်တို့လည်း သတင်းကိုစောင့်ပြီး သွားလာနေရတာ။ သူတို့တောင်းတာ မပေးရင် ကားပေါ်ပါတဲ့လူတွေကို ဖမ်းမယ်၊ ကား ကိုလည်း မီးရှို့ပစ်မယ်လို့ ဆက်ကြေး ကောက်တာခံရဖူးတဲ့ ကားသမားတွေဆီက ကြားရတော့ ကြောက်တယ်”ဟုလည်း ၎င်း က ဆိုသည်။

လက်ပံတောင်း တောင်သူများ ကျိမ်စာတိုက်ပွဲကျင်းပ

၂၉ ၄ ၂၀၁၅ (ဆည်တည်း)


လက်ပံတောင်း တောင်သူများ ကျိမ်စာတိုက်ပွဲကျင်းပ

လက်ပံတောင်းတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရေး ငြိမ်းချမ်းစွာတောင်းဆိုနေသော သပိတ်စခန်းများအား စစ်ခရိုနီ မိစ္ဆာကာင်များ မှ ၂၉၊၁၁၊၂၀၁၂ ရက်တွင် မီးလောင်ဗုံးများဖြင့် ပစ်ခတ်အကြမ်းဖက်ခဲ့ကြသည်မှာ (၉)လပြည့် ခဲ့ပါပြီ၊

ယနေ့ အချိန်ထိ အကြမ်းဖက်သမား စစ်ခရိုနီများအား ဖော်ထုတ်အရေးအယူနိုင်ခြင်းမရှိသေးပါ။

တရုတ် ကြေးနီစီမံကိန်းတွေ မှာ မြန်မာအလုပ်သမား များ သောင်းနဲ့ချီ ဆန္ဒပြမည်

29-4-2015

လာမယ့်မေလ ၁ ရက်နေ့ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်မယ့် ကဆုန်လပြည့်နေ့တွေမှာ မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် နဲ့ စီနိုဝမ် စတဲ့ တရုတ်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားစုစုပေါင်း ၁ သောင်းလောက် အလုပ်မဆင်း ဘဲ ဆန္ဒပြကြမယ်လို့ သိရပါတယ်။

အလုပ်သမားတွေတောင်းဆိုနေတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အဆင်မပြေသေးတာကြောင့် ခုလိုဆန္ဒပြရ တာဖြစ်တယ်လို့ မြန်မာ-၀မ်ပေါင်ကုမ္ပဏီလက်အောက်ခံ စီနိုဝမ်းကုမ္ပဏီက ယန္တယားကြီးမောင်းလုပ်သား ဦးဌေးအောင် က ပြောပါတယ်။

"ကျနော်တို့က ယန်စီက ၆၀၀၀ လောက်ရှိတယ်၊ စီနိုဝမ်က ၂၀၀၀နဲ့ ဝမ်ပေါင်က ၄၀၀၀ ကျော်လောက်ရှိတယ်၊ တစ်သောင်းလောက် ပါ၊ ကျနော်တို့တောင်းဆိုထားတဲ့ လစာတိုးဖို့ရာခိုင်နှုန်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းမရလို့ ကျနော် တို့တောင်းဆို ဆန္ဒပြတာပါ၊ ကျနော်တို့ တောင်းဆိုထားတာ မရမချင်း အများပြည်သူရုံးပိတ်ရက်တွေ မှာ တောင်းဆို ဆန္ဒပြသွားမှာဘဲ"

လားရှိုး-မူဆယ်လမ်း ကွတ်ခိုင် နမ့်ဖတ်လွန်ကျေးရွာနား TNLA ဆက်ကြေးကောက်နေ

ပြည်တွင်းစစ် ဖြစ်နေသမျတော့ နင်းပြားတွေ ခံ နေရအုံးမှာဘဲ ။
လားရှိုး မူဆယ်လမ်း ကွတ်ခိုင်မူဆယ်လမ်းပိုင်းနမ့်ဖတ်လွန်ကျေးရွာ) နားမှာ တီအန်အယ်အေ တပ် ဆက်ကြေးကောက်နေပုံများ ။

အိမ်စီးကားငယ်တစ်စီး ငါသောင်း /
လိုင်းကားအငယ်တစ်စီးနှစ်သောင်း ။
ဆယ်နှစ်ဘီးအထက် ငါးသိန်း ။
ဆယ်ဘီးအောက်သုံးသိန်း

Ko Thet DVB
 


##### သူ့အမြင် ##### မြန်မာ့နိုင်ငံရေး အခင်းအကျင်းကတော့ လှပြီ

##### သူ့အမြင် #####

မြန်မာ့နိုင်ငံရေး အခင်းအကျင်းကတော့ လှပြီ

တရုတ်ညွန်ကြားချက်နဲ့ ပန်ဆိုင်းညီလာခံ ဆိုပြီး တိုင်းရင်းသား လက်နှက်ကိုင် ၁၂ ဖွဲ့ကို UWSA ၀ တပ် ဌာနချူပ်မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီပွဲမှာ မြန်မာအစိုးရနဲ့ စစ်ဖြစ်နေတဲ့ ဖုတ်ကြားရှစ် ကိုပါ ထည့်ဖိတ်တယ်။

တဖက်ကလည်း ဖုတ်ကြားရှစ် ရဲ့နောက်ဆုံးစခန်းကို တိုက်ရင်း မြန်မာ့တပ်မတော်က အသေအပျောက် များခဲ့ရပြီး သိက္ခာလည်းကျခဲ့ရတယ်။

အဲ့ဒီစခန်းဟာ တရုတ်နယ်စပ်မျဉ်းပေါ် ခွထိုင်ထားတော့ မြန်မာ့တပ်မတော်က ရှိသမျှအား အကုန်သုံးပြီး တိုက်ဖို့လည်း အခွင့်ကမသာ "တရုတ်ပြည်ကလည်း သူ့ဖက် ကျည်မကျစေနဲ့ ကျလာရင် ဘာဖြစ်မယ် ညာဖြစ်မယ်" နဲ့ သတိပေး ခြိမ်းခြောက်ရင်း ဖုတ်ကြားရှစ် ကို ကာကွယ်ပေးနေတယ် ထောက်ပံ့ပေးနေတယ်။

မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် တရုတ်ပိုင်နက်သို့ နောက်ထပ်ကျပြန်၊ တရုတ်က ဆန့်ကျင်ကန့်ကွက်

Wednesday, April 29, 2015

ရိုက်တာ (ပေကျင်း)။ ။ သောင်းကျန်းမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ ပြုလုပ်စဉ် နောက်ထပ်လက်နက်ကြီးကျည်များ တရုတ်ပိုင်နက်သို့ ကျရောက်ပြီးနောက် သူပုန်များနှင့် တိုက်ခိုက်ရာမှ ကျည်များ နယ်စပ်ကို ကျော်၍ မကျရောက်စေရန် မြန်မာနိုင်ငံက အရေးယူ ဆောင်ရွက်ရန် တရုတ်က ဧပြီ ၂၈ ရက်တွင် တောင်းဆိုမှုများ ထပ်မံပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ယင်းသို့ ထွက်ပြေးသူ အများအပြားမှာ တရုတ်လူမျိုးများ ဖြစ်သည်။
"မကြာသေးခင်က မြန်မာဘက်က အမြောက်ဆန်ချို့ တရုတ်ဘက်ကို ကျရောက်ခဲ့ပါတယ်။ အဆောက်အအုံပိုင်း ပျက်စီးခဲ့ပြီး ကံကောင်းတာက လူသေဆုံးမှု၊ ဒဏ်ရာရမှု မရှိခဲ့ပါဘူး" ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

နိုင်ငံခြားသား ၂ ဦးကို မူဆယ်ရဲစခန်း ဖမ်းဆီးစစ်ဆေးနေ

29 April 2015

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ပလောင်လူငယ် ၁ ဦး၊ အမေရိကန်နဲ့ သြစတြေး လျနိုင်ငံသား၂ ဦး စုစုပေါင်း ၃ ဦးကို ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါး၊ ကျည်ဆန်တချို့နဲ့ အတူ ဖမ်းဆီးမိပြီး မူဆယ်မြို့နယ်ရဲစခန်းက ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ဧပြီလ ၂၈ ရက် ညနေပိုင်းက နမ့်ဖတ်ကာ – နမ့်ခမ်းသွား ကားလမ်း ၁၂ မိုင်ရွာအနီးမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် နမ့်ခမ်းဘက်တက်မယ့် ပါဂျဲရိုး ကားတစီးပေါ်မှာ စိတ်ကြွဆေးပြားနဲ့ ကျည်ဆန်တွ တွေ့ရှိတဲ့အတွက် ကားပေါ်ပါလာတဲ့ လူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေတာလို့ မူဆယ်မြို့မရဲစခန်း တာဝန်ကျရဲ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဝ အပေါ် တရုတ် သြဇာ ရှိနေသလား

29/4/2015

ပန်ဆန်း ဆွေးနွေးပွဲကို UWSA ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှု၊ ဒါမှမဟုတ် ညွှန်ကြားမှုမျိုး မရဘဲ လုပ်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဘာတေ လစ်တ်နာက ပြောပါတယ်။


 ၂ နှစ်လောက် ရှိပြီ ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပစ်အခတ် ရပ်စဲရေးကို ပုံစံ တမျိုးမျိုးနဲ့ ရနိုင်အောင် နိုင်ငံခြားက ငြိမ်းချမ်းရေး အကျိုးဆောင်တွေကိုပါ ဖိတ်ပြီး လုပ်ဆောင်နေပေမယ့် သိပ်မအောင်မြင်ဘူးလို့ သူက ပြောပါတယ်။
 အစိုးရရဲ့ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တရုတ်က ပါဝင် တက်ရောက်တာတွေ ရှိသလို၊ ဝအဖွဲ့က လေ့လာသူ အနေနဲ့ပဲ တက်ခဲ့တယ်လို့ ဘာတေ လစ်တ်နာက ပြောပါတယ်။

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းရာမှာ သူတို့လည်း ဝင် ပါချင်တယ် ဆိုတဲ့ သဘောရှိပြီး တခြား နိုင်ငံက အုပ်စုတွေ ဖြစ်ချင်တဲ့ ပုံစံမျိုး မဖြစ်အောင် လုပ်ချင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။။

မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေတည်တံ့ခိုင်မြဲ ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ကိုထောက်ခံကြောင်းတရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ပြောကြား နှစ်နိုင်ငံကောင်းမွန်သောဆက်ဆံရေးရှိမှသာနယ်စပ်ဒေသငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းပြောကြား


ပေကျင်း ဧပြီ ၂၈

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် ယမန်နေ့နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ်ပြည်ထောင်စု လွှတ်တော်နာယကက ကောင်းမွန် သောဆက်ဆံရေးရှိမှသာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေး ချမ်းရေးအပါအဝင် နယ်စပ်ဒေသ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ် နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များ၊ ရင်းနှီးမြှုပ်နှံမှုများ၊နည်းပညာ ဖလှယ်မှုများ၊ ကုန်သွယ်မှုတိုးမြှင့်မှု များအပြင် နှစ်နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှုများ ရှိခဲ့ကြ ကြောင်း၊ ယနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ထား သည့်မူဝါဒများသည် ကောင်းမွန် ၍လက်တွေ့ကျကြောင်း၊ တရုတ် နိုင်ငံသည် အခြားနိုင်ငံများ၏ပြည် တွင်းရေးကိုဝင်ရောက်မစွက်ဖက် သောမူဝါဒနှင့်မြန်မာနိုင်ငံ၏အချုပ် အခြာအာဏာ၊ နယ်မြေတည်တံ့ ခိုင်မြဲရေးကို တရုတ်နိုင်ငံမှ လေး စားလက်ခံထားသည်ကို မိမိတို့က သိရှိထားကြောင်း၊ မိမိတို့မြန်မာ နိုင်ငံနှင့်ကိုက်ညီသော နိုင်ငံရေး စနစ်ကို နားလည်လက်ခံအားပေး သည်ကို သိရှိရ၍ ဝမ်းမြောက်မိ ကြောင်းဖြင့် ပြောကြားသည်။

Tuesday, April 28, 2015

သစ်ခိုးထုတ်သူများကို ပြည်နှင်ဒဏ်သာပေးရန် တရုတ်အစိုးရတောင်းဆိုမှု မြန်မာ ပယ်ချ

 

April 29, 2015

လက်ရှိတွင် အမှုရင်ဆိုင်နေရသော သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား တစ်ရာ ကျော်ကို ပြည်နှင်ဒဏ်သာပေးရန် မေတ္တာ ရပ်ခံထားသည့်စာတစ်စောင်ကို မန္တလေး အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ကချင်ပြည်နယ်အစိုးရထံ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ကင်း ထောက်လှမ်းမှုမှတစ်ဆင့် ပြီးခဲ့သည့် ဇန်န ဝါရီလ ၄ ရက်နေ့က ကားအစီး ၄၈၆ စီး ဖြင့် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသား ၁ဝဝ ကျော်ကို ရဲကဖမ်းဆီးနိုင်ခဲ့ပြီး၊ နှစ် ရှည်ထောင်ချမှတ်နိုင်သည့် ဥပဒေပုဒ်မ များဖြင့် ရုံးတော်၌ တရားစွဲဆိုထားစဉ် အ ဆိုပါကောင်စစ်ဝန်ချုပ်ရုံးက အထက်ပါစာ ကို ပြည်နယ်အစိုးရထံ ပေးပို့ခဲ့ခြင်းဖြစ် သည်။

ယနေ့  29-4-2015 ရန်ကုန်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမည်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရေး
 ငြိမ်းချမ်းစွာ တောင်းဆိုနေသော သပိတ်စခန်းများ ကို (၂၉-၁၁-၂၀၁၂)ရက်တွင် စစ်ခရိုနီ မိစ္ဆာကောင်များ မှ
 မီးလောင်ဗုံး များ ပစ်ခတ်၍
 အကြမ်းဖက်ဖြိုခွဲခဲ့သည်မှာ ၂၉ လပြည့် ပြီဖြစ်သည်။

၂၀၁၅ အလွန်ကို တရုတ် ဘယ်လိုသဘောထားသလဲ


Written by : ဝေဖြိုး

(၁)
တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် မဟာဗျူ ဟာပြောင်းလဲလာမှုက တဖြည်းဖြည်း ပိုသိသာလာနေပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအပေါ် ဘယ်လိုဆက်ဆံမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုအလေးထားလာတာ တွေ့ရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံလာရောက်ဖို့ ဖိတ်ခေါ်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပေါ်ပေါ်ထင်ထင် ထောက်ခံမှုတွေလည်း ပြုလုပ်လာတယ်။
ဒီလိုအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိသူ သူရဦးရွှေမန်းနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ ဧပြီ ၂၇ ရက်က ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ စိတ်ဝင်စားစရာကောင်းသလို မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားအမြင်တွေ ဘယ်လိုရှိတယ်ဆိုတာကိုပါ ထင်ဟပ်စေနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ထားတဲ့ သတင်းဓာတ်ပုံမှာ ရှီကျင်ပင်းက ဦးရွှေမန်းကို ပြုံးရွှင်ဖော်ရွေစွာ ဆက်ဆံနေတာကို မြင်နိုင်ပါတယ်။ သတင်းဓာတ်ပုံတွေ၊ ရုပ်သံပြကွက်တွေအရ တရုတ်သမ္မတ ရှီကျင်ပင်းဟာ သူရဦးရွှေမန်းကို ပိုပြီး ဖော်ဖော်ရွေရွေဆက်ဆံနေတာ တွေ့ရပါတယ်။ တကယ်တော့ လွှတ်တော်နာယက တစ်ယောက်သာဖြစ်တဲ့ သူရဦးရွှေမန်းကို ကော်ဇောနီခင်းပြီး ကြိုဖို့အထိ လိုအပ်မယ်မထင်ပါဘူး။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို လ၀ကအက်ဥပဒေဖြင့် ထောင်ခြောက်လစီချမှတ်ခဲ့ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်သော အပက ၃ ပုဒ်မဖြင့် နေ့စဉ်စစ်ဆေးနေ

29-4-2015

၂၀၁၅ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်းဖမ်းမိသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ပုဒ်မဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှစတင်ကာ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ၊  ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆/၁ ဖြင့် ရှေးဦးစွာအမှုဖွင့်အရေးယူခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အစား နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၁၀ တွင် ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တိုက်ပွဲများအတွင်း တရုတ်နိုင်ငံဘက်သို့ ဗုံးဆန်များ ထပ်မံကျရောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

၂၉-၄-၂၀၁၅

ကိုးကန့်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲမျာအတွင်း တရုတ်နိုင်ငံအတွင်းသို့ ဗုံးဆန်များ ထပ်မံကျရောက်ပြီးနောက် နယ်စပ်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို နယ်စပ်ဖြတ်ကျော်ခြင်းမရှိရန် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန် ဧပြီ ၂၈ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

မတ်လအတွင်း တရုတ်နိုင်ငံသို့ ဗုံးဆန်ကျရောက်မှုကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှ လျော်ကြေးတောင်းခံခဲ့ပြီးနောက် ဗုံးဆန်များ ထပ်မံကျရောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

“မကြာသေးမီက မြန်မာဘက်ကနေ ဗုံးဆန်တွေ တရုတ်နိုင်ငံနယ်နိမိတ်ထဲကို ထပ်ကျလာတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဘယ်သူမှ ထိခိုက်သေဆုံးခြင်း မရှိပါဘူး” ဟု Hong Lei က ပြောကြားခဲ့ခြင်းဖြစ်ပြီး ဗုံးဆန်များ ကျရောက်ခဲ့သည့် နေရာနှင့် နေ့ရက်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိပေ။

တစ်နှစ်ခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တရုတ်လုပ်သားများ၏ ထက်ဝက်ခန့်သာ ရရှိသော မြန်မာဝမ်ပေါင်၊ ယန်စီ အလုပ်သမားများ၏ လုပ်ခလစာပြဿနာ ပြေလည်မှု မရရှိသေး

Tuesday, April 28, 2015

လစာတိုးမြှင့် ရရှိလိုသည်ဆိုသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
တစ်နှစ်ခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်သော ၀မ်ပေါင်၊ ယန်စီ အလုပ်သများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုချက်သည် ဧပြီ စတုတ္ထပတ် ညှိနှိုင်းတွေ့ဆုံပြီးချိန်အထိ ပြေလည်မှု မရရှိခဲ့သဖြင့် အလုပ်သမားများဘက်မှ သာတူညီမျှ အခွင့်အရေး ရရှိရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ညှိနှိုင်းရေးအဖွဲ့များ အကြိမ်ကြိမ် ၀င်ရောက်ခဲ့သည့်တိုင် အဆုံးမသတ်နိုင်သည့် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုအတွက် နောက်ဆုံးအကြိမ် တွေ့ဆုံမှုတွင် ပြေလည်မှုရရှိရန် မျှော်လင့်ခဲ့ကြောင်း အလုပ်သမားများက ပြောကြားခဲ့ပြီး ညှိနှိုင်းမှုရလဒ်မှာ ကွာဟမှုကြီးမားနေဆဲဖြစ်ကြောင်း သိရသည်။

လောက်ကိုင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ပေးရန် တပ်မတော်ပေါ် မူတည်

28.4.2015

တပ်မတော် အုပ်ချုပ်နေသည့် လောက်ကိုင်ဒေသအား ရက်ပေါင်း ကိုးဆယ်ပြည့်ပါက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြန်ပေးရန်မှာ တပ်မတော် ပေါ် တွင်သာ မူတည်နေကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Messenger Media သို့ ပြောသည်။ ပြီးခဲ့သည့် မတ်လ အတွင်း က လောက်ကိုင် ဒေသ တည်ငြိမ်မှု မရှိ၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ မြန်မာ့ တပ်မတော်သို့ လွှဲပြောင်းကာ အုပ်ချုပ်ခွင့်ပေး ခဲ့ပြီး၊ လက်ရှိတွင် အချိန် နှစ်လနီးပါးခန့် ရှိလာပြီ ဖြစ်သည်။

====== ကျန်းမာရေးအသိပညာပေး ===== ငါးပိငါးခြောက် တို့ရဲ့ ဇာတ်လိုက်



ငါပိ၊ငါးခြောက်လုပ်ငန်းတွေမှာ သုံးတဲ. ဇာတ်လိုက်ကြီးတွေပါ။

အဲဒီ လုပ်ငန်းတွေမှာ ယင်ကောင် မနားအောင်၊ လောက်မကျအောင် အဓိက အသုံးပြုတဲ.ပိုးသတ်ဆေး တွေဖြစ်ပါတယ်။

ဒီဆေးပုလင်းတွေမှာ ဘာတွေပါလဲဆိုတာ တရုတ်လိုမဖတ်တက်တော.ကျနော်လဲ မသိပါ။

တရုတ်စာ ဖတ်တက်သူများ ဘာသာပြန်ပေးနိုင်ရင်တော. အများပြည်သူအတွက် အကျိုးများပါလိမ်.မယ်။

Aung Khaing Win

ရေကြည်ပင်ကျေးရွာ ကျန်းမာရေး

၂၈-၄-၂၀၁၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ၊ မြရိပ်အုပ်စု ၊ ရေကြည်ပင်ကျေးရွာ၌ မြန်မာယန်စီကုမ္ပဏီ၏ ကျေးရွာဖွံ့ဖြိုးရန်ပုံငွေ ၂၀၁၅-၂၀၁၆ အရ Medical Mobile Team အဖွဲ့မှ အပတ်စဉ် ဆေးကုသပေးလျှက်ရှိပါသည်။

MYTCL နှင့် MEHL တို့မှပူးပေါင်းဆောင်ရွက်သော သက်ကြီးရွယ်အိုများ ကနဦးထောက်ပံ့မှု အကျိုးပြုလုပ်ငန်းများ၊ ပညာရေး နှင့် စီမံချက်ချတည်ဆောက်ထားသည့် အဆောက်အဦး၊ လျှပ်စစ်ဓါတ်အားထောက်ပံ့မှု၊ လမ်းပန်းဆက်သွယ်ရေးစသော ဝန်ဆောင်မှုများအား အောင်မြင်စွာအကောင်အဖော်ဆောင်ရွက်ပေးနိုင်သော နှစ်တစ်နှစ် ဖြစ်သည်။

စီမံကိန်း၏ရသုံးမှန်းခြေနှစ် ကုန်ဆုံးရန်နီးကပ်လာပြီဖြစ်၍ တက်နိုင်သောမှန်းခြေငွေကြေးဖြင့်သာ အသုံးချနေရပါသဖြင့်လုပ်ငန်းအသေးစားအများအပြားကို လုပ်ဆောင်ပေးပါသည်။(၂၀၁၄-၁၅) CSR နှင့် လူထုဖွံ့ဖြိုးရေးဆိုင်ရာ ရသုံးမှန်းခြေဘဏ္ဍာရေးနှစ်မှာ (၂၀၁၅) ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။

Myanmar Yang Tse

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ နှင့် တွေ့ဆုံ

ဘေကျင်း- ဧပြီလ ၂၇ ရက်

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေး
အတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဝမ်းကျားရွေ့ နှင့် ဧပြီ ၂၆ ရက် ည ၆ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ (Diaoyutai State Guesthouse)၌ တွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့၌ ကြည့်ရှုလေ့လာ

ကွမ်ကျိုးမြို့၊ ဧပြီ ၂၇

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် ကွမ်ကျိုးမြို့ရှိ ကန်တုံတာဝါ(Canton Tower) သို့ သွားရောက် လေ့လာကြရာ ကန်တုံတာဝါ(Canton Tower) ဒုတိယအထွေထွေမန်နေဂျာ Mr. Wu Hao Zhong နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး လိုက်လံရှင်းလင်း ပြသ ကြသည်။ ကန်တုံတာဝါသည် အာရှတွင် တတိယအမြင့်ဆုံး တာဝါတစ်ခုဖြစ်ပြီး အထပ်ပေါင်း ၁၁၈ ထပ်ရှိကာ ၆၀၀ မီတာခန့် မြင့်သည်။ ၎င်းတာဝါအား (၅)နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ကန်တုံ တာဝါမှနေ၍ ကွမ်ကျိုးမြို့ရှုခင်းအား ကြည်ရှုခဲ့ကြသည်။ပြည်ထောင်စုလွှတ်တော် နာယက နှင့် အဖွဲ့ဝင်များသည် ဧပြီလ ၂၆ ရက် နံနက်ပိုင်းတွင် ကွမ်ကျိုးမြို့ LEAFUN HI - TECH COMPANY သို့ ရောက်ရှိ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ကွမ်ကျိုးမြို့ Yushu Community သို့ ရောက်ရှိကြရာ အုပ်ချုပ်ရေးမှူး Mr. Xie Jie Ying က လိုက်လံရှင်းလင်းတင်ပြသည်။

မြန်မာ-တရုတ် နယ်စပ်ငြိမ်းချမ်းရေး မပျက်ပြားစေရန် ထိန်းသိမ်းနေဟု တရုတ်သမ္မတ ပြောကြား


ရန်ကုန်၊ ဧပြီ ၂၇

မြန်မာ-တရုတ် နှစ်နိုင်ငံသည် နယ်စပ်ဒေသ ငြိမ်းချမ်းရေး မပျက်ပြားစေရန် ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့ People's Great Hall ခန်းမတွင် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ အစိုးရပိုင် CCTV သတင်းဌာနတွင် ဖော်ပြထားသည်။

Monday, April 27, 2015

ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာတောင်ကုန်းကို ဆက်လက်တိုက်ခိုက်မည်


27.4.2015

ကိုးကန့်တပ်ဖွဲ့များ နေရာယူထားသည့် တရုတ်- မြန်မာနယ်စပ်အနီးရှိ ပွိုင့် ၂၂၀၂ တောင်ကုန်းကို တပ်မတော်က ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ တောင်ကုန်းသည့် မြင့်မားမတ်စောက်သည့် ကျောက်တောင်
တခုဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့များက ဘန်ကာများ၊ မိုင်းကွင်းများအတားအဆီးများဖြင့် အခိုင်အမာ နေရာယူထားကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက လက်တကမ်းတိုက်ပွဲများပင် ဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း၏ မီတာ ၅၀၀နှင့် ၁၅၀၀ အကြားရှိ သည့်အတွက် တဖက်နိုင်ငံသို့ ကျည်များ မကျရောက်ရန် ထိန်းသိမ်းရသည့် ကန့်သတ်ချက် များရှိရာ တပ်မတော်မှ အရာရှိ စစ်သည်တချို့ ကျဆုံး၊ ပျောက်ဆုံးမှု များရှိခဲ့ကြောင်း၊ သို့သော် ဆက်လက်တိုက်ခိုက်မည်ဟု အစိုးရသတင်းစာတွင် ရေးသားထားသည်။

ဧရာဝတီ

တရုတ်မှ တရားမ၀င်တင်သွင်းသည့် အလှကုန် ၈၀ ရာခိုင်နှုန်း၌ ခဲဆိပ်ပါဝင်နေဟုဆို

27.4.2015

မန္တလေးမြို့သို့ တရုတ်နိုင်ငံမှ တရားမ၀င်လမ်းကြောင်းဖြင့် ၀င်ရောက်နေသည့် အလှကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းတွင် ခဲဆိပ်ပါဝင်နေကြောင်း မန္တလေး တိုင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ်ရောင်းချသူ များအသင်း ဥက္ကဌဦးနေလင်းက ပြောကြားလိုက်သည်။

“ တရုတ်အလှကုန်ပစ္စည်း အများအပြားဝင်ရောက်နေပါတယ်။ ဈေးကွက်မှာ အတွေ့ရများတဲ့ ၁၀ မျိုးကို ဓာတ်ခွဲ ခန်းမှာ စစ်ဆေးထားရာမှာ ၈ မျိုးမှာ ခဲဆိပ်ဓာတ်တွေ့ရလို့ ၈၀ ရာခိုင်နှုန်းအထိခဲဆိပ်ပါနေတယ်လို့ ဆိုနိုင် ပါ တယ်။ ဆံပင်ဆိုးဆေး၊ နှုတ်ခမ်းနီတွေမှာ အများဆုံး တွေ့ရပါတယ်။ တရုတ်အလှ ကုန်တွေက တရားဝင်လမ်းကြောင်းကလာတာ နည်းတာကြောင့်ပါ ” ဟု ဦးနေလင်းက ပြောသည်။

တရုတ်နိုင်ငံမှတင်သွင်းသော အလှကုန်ပစ္စည်းအများစုမှာ တရားဝင် လမ်းကြောင်းမှ တင်သွင်းဖြန့်ဖြူးသည့် အရေအတွက်နည်းခြင်း၊ အရည် အသွေးထက် ဈေးနှုန်းလျော့နည်းစေရန် အဓိကထား ထုတ်လုပ်ခြင်း ယခုကဲ့သို့ ပစ္စည်းများ တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။

တရုတ်-မြန်မာ အာဏာရ ပါတီများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မည်

27-4-2015

တရုတ်နဲ့ မြန်မာ အာဏာရပါတီအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် လုပ်ဆောင်မယ်လို့ သန္နိဋ္ဌာန် ချထားတဲ့အကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပြောဆိုလိုက်ပါတယ်။

ဧပြီ ၂၆ ရက်က တရုတ်နိုင်ငံ ဘီကျင်းမှာ တွေ့ဆုံရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ဆင်ဟွာသတင်းက ရေးပါတယ်။

တရုတ် ကွန်မြူနစ်ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ဆက်ဆံရေးကို တန်ဖိုးထားသလို အဆင့်မြင့်အရာရှိတွေ ထိတွေ့ဆက်ဆံမှုနဲ့ အပြန်အလှန်ဖလှယ်မှုတွေကို ထိန်းသိမ်းပြီး အုပ်ချုပ်ရေး အတွေ့အကြုံတွေကို ဝေမျှဖို့ ရှီကျင့်ဖျင်က ပြောတယ်လို့ ဆိုပါတယ်။

ဦးရွှေမန်းကတော့ အရင်က တရုတ်ရဲ့ထောက်ပံ့မှုတွေကို မြန်မာက တန်ဖိုးထားသလို ဗျူဟာကျ ပူးပေါင်းဆောင်ရွက်ရေးတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်တယ်လို့ ပြောဆိုတယ်လို့ သတင်းက ရေးပါတယ်။

ဒါအပြင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရုတ်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်တာကို ပိုမို အားကောင်းဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ ဦးရွှေမန်းဟာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး အဖြစ် ရောက်ရှိနေတာ ဖြစ်တယ်လို့ သတင်းက ရေးပါတယ်။

DVB

“တရုတ်အစိုးရနဲ့ တရုတ်စီးပွားရေးသမားတွေ မြန်မာလူထုရဲ့ ဆန္ဒသဘောထားကို အလေးထား စဉ်းစားဖို့လို” (သစ္စာနီ)

By ဒီဗွီဘီ
    17 May 2014
စာရေးဆရာ သစ္စာနီရဲ့ “သောင်းတိုက်က ကြားစေသား” ရေဒီယို အသံလွှင့် ဆောင်းပါးအစီအစဉ်ကို စနေနေ့ အပတ်စဉ်ကဏ္ဍအဖြစ် ဒီတပတ်မှာတော့ “တရုတ်အစိုးရနဲ့ တရုတ်စီးပွားရေးသမားတွေ မြန်မာလူထုရဲ့ ဆန္ဒသဘောထားကို အလေးထားစဉ်းစားဖို့ လိုတဲ့အကြောင်း” တင်ဆက်ထားပါတယ်။

အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါတယ်။

https://soundcloud.com/dvbradio/sat-featureno14-17052014

ကျွန်ုပ်နှင့် သိကြားမင်းသည် ကွန်မြူနစ်ပါတီအမာခံကေဒါများ ဖြစ်ကြ၏

27-4-2015

(၁)
ဤဇာတ်လမ်း၏ မြစ်ဖျားခံရာသည်ကား လွန်ခဲ့သောသင်္ကြန်ရက်များ၏ တခုတည်းသော ညဥ့်ဦးပိုင်းတွင် ဖြစ်လေသည်။ ထိုညက ကျွန်ုပ် အိပ်ယာဝင် ဘုရားရှိခိုးအပြီး အဟံဝေယောဟောမိအစချီ၊ မေတ္တာပို့ပုံသည်လည်း သာမန်ရွတ်စဉ် သာဖြစ်၏။
သို့သော်(နတ်တို့သနင်းသိကြားမင်းသည်လည်းကောင်း)ဟူသည့်နေရာအရောက်တွင် ကျွန်ုပ် စကားထစ်နေသဖြင့် ၃ ကြိမ်ရွတ်ဆိုမိသည်ကား ထူးခြားချက် ဖြစ်၏။

နောက်ဆုံး ဦး ၃ ကြိမ်ချ၍ ခေါင်းချကာ အိပ်စက်တော့အံ့ဟု မျက်စိကို အနားပေးလိုက်ချိန်တွင်မူ အုန်းဆိုသည့်အသံ နဲ့အတူ ကျွန်ုပ်အိပ်ခန်းတခုလုံး စူးရှသော အလင်းရောင်တို့ဖြင့် ဝင်းထိန်သွားသဖြင့် အလန့်တကြားမျက်လုံးဖွင့် ကြည့်မိသည့်အခါတွင်ကာ ဇာတ်ထဲက သိကြားမင်းဝတ်စုံနဲ့ ထူးဆန်းသောပုဂ္ဂိုလ်တဦးသည် ကျွန်ုပ်၏ကုတင် ဘေးတွင် မတ်တပ်ရပ်လျက်သား ရှိနေကာ ကျွန်ုပ်အား ဇာတ်ဟန်ပါပါ ချိုသာစွာ နှုတ်ဆက်ပါ၏။

###### သူ့အမြင် ###### မြန်မာ့ဆန်ဈေး..

###### သူ့အမြင် ######
မြန်မာ့ဆန်ဈေး..ဒီနှစ်မှာ စံချိန်တင် အတက်ကြမ်းဆုံးနှစ် ဖြစ်နေပါပြီ...
export သင်္ဘောတွေ တင်နေတာရယ်...မူဆယ်ဘက်က အဝယ်ကြမ်းတာရယ်...ဒီနှစ်ခုဆုံသွားတော့ ချက်ချင်းတက်သွားတယ်....ကျနေ.့အထင် မကြာခင် ဈေးမကျရင်တောင် ဈေးအေးသွားမယ်ထက်တယ်ဗျာ...အစိုဓာတ်ကျန်နေသေးတဲ့ဆန်တချို့ မူဆယ်ရောက်သွားရင် မနေနိုင်မထိုင်နိုင်ရောင်းကြရဦးမယ်...အရင်နှစ်နွေဆန်ကို ဒိုင်ခံအများဆုံးဝယ်တဲ့ တရုတ်ကြီးဆီဆိုင်လင်မယားကလဲ ထောင်ထဲရောက်နေတယ်...
ဆန်မိတ်ဆွေတို့ရေ သတိထားရောင်းဝယ်ကြပါဗျာ..တရုတ်ကြီးက ညစ်ချင်ရင် တချက်လေးပဲနော်...ငွေဈေး ကောင်းပါစေလို့ဆုတောင်းကြဖို့လဲ မမေ့ကြနဲ့ဗျ...ခု မန်းလေး မူဆယ်ကားခ စတက်နေပြီ..ဒါတောင် နွေဆန်သင်္ဘော အများကြီးမဝင်သေးဘူး...
ခုလက်ရှိဈေးတွေကိုတော့ မဝယ်ရဲသေးဘူးဗျာ...လက်လီသမားတွေကို မယှဉ်ရဲဘူးဗျ...
မိတ်ဆွေတို့အမြင်လေးလဲ ပြောကြဦးဗျာ...
ဝိုင်းဝန်းဆွေးနွေးကြတာပေါ့..

sai kyaw

Sunday, April 26, 2015

တရုတ်သတင်းစာကြီးတစ်စောင် မန်းလေးမှာ စတင်ဖြန့် ဝေ

 တရုတ်စာဖြင့် '' စစ်ကျဲ့  '' အမည်ရ တရုတ်သတင်းစာကြီးတစ်စောင်သည် မန်းသင်္ကြန်အပီး၌ မြို့ ပေါ်ရှိတရုတ်အိမ်များသို့  နေ့ စဉ်ဖြန့် ဝေနေ
ကြောင်း သိရသည်။

ယင်းတရုတ်ဘာသာဖြင့် ထုတ်ဝေသည့်သတင်းစာသည် တရားဝင် ဟုတ်မဟုတ် ကွဲကွဲပြားပြားမသိရသေးသော်လည်း ထိုင်းနိုင်ငံတွင်ရိုက်နှိပ်ပီး မန်းလေးသို့  တစ်ရက်နောက်ကျ ရောက်ရှိဖြန့် ဝေနေရသည်ဟု
ယင်းသတင်းစာပို့ သူများထံမှသိရသည်။

###### သူ့အမြင် ###### မှားပြီးရင်းမှား၊ညံ့ပြီးရင်းညံ့သောမိုက်တွင်းနက်သမ္မတကြီး။ ။javascript:;

###### သူ့အမြင် ######

မှားပြီးရင်းမှား၊ညံ့ပြီးရင်းညံ့သောမိုက်တွင်းနက်သမ္မတကြီး။ ။

၁။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေး အရ ဖြေရှင်းရာတွင် တရုတ်နိုင်ငံမှ ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု တရုတ် သမ္မတ ရှီကျင့်ပင်က နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာရှအာဖရိက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ မစ္စတာရှီကျင့်ပင် တို့သည် ဧပြီ ၂၂ ရက်က တွေ့ဆုံခဲ့ကြပြီး ယင်းသို့သီးသန့်တွေ့ဆုံရာတွင် တရုတ်သမ္မတက ကြားဝင်ဆောင်ရွက်ပေးသွားမည့်အကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
Ref : Yangon Media Group

###### သူ့အမြင် ######

ကျွန်တော်တို့နှိုင်ငံကမြန်မာပါ

မန္တလေးမှာတရုတ်ဝါးမြိုခံခဲ့ရတာ၁၉၉၀နောက်မှာတဖြေးဖြေးနဲ့ဝါးခံခဲ့ရတာဆယ်စုနှစ်ရောက်လာပါပြီးလူတွေလဲတဖြေးဖြေးနဲ့ရပ်ကွက်ထဲကနေလျော့လျော့သွားပြီးတရုတ်မြို့တော်ဖြစ်ကုန်ပြီး
မန္တလေးမြို့ရဲ့ဈေးချိုတော်မှာလဲဈေးချိုသူဈေးချိုသာတွေလဲကွယ်ပျောက်လုနီးပါး တချို့လူကြီးများဈေးချိုတော်ဖျက်လိုက်တော့စီးပွားရေးတွေပျက်ပြီးသေကုန်ကျတဲ့လူတွေဈေးချိုတော်ကနေထွက်သွားရတဲ့သူတွေလဲအတော်များသာ

မန္တလေးမြို့သူမြို့သားများသမာအာဇီဝနဲ့ရှာစားတဲ့သူတွေရှိလာရင်လှူကျတန်းကျ အရင်တုန်းကဆို၁၂ရုံဈေးချိုတော်ကထိန်မှာအရမ်းပျော်ရတယ်

ခုတော့တရုတ်လူမျိုးတွေကအပေါ်ကုန်လုပ်ပြီးဟန်ပြဈေးရောင်းကျတာ
သူတို့ကဆေး ဆေးပြားလုပ်ကျတော့ကုန်ပစ္စည်းတွေလျော့ရောင်းမမြတ်လဲရတယ်ဆေးပြားတွေကမြတ်ပြီးသာ

ကျွန်တော်တို့မြန်မာလူမျိုးမန္တလေးသူမန္တလေးသားတွေသေပြီးဆရာ
ယခုလိုတရုတ်သတင်းစားတွေပလူပြန်ရင်
မန္တလေးမြို့သူမြို့သားတွေသေပြီးရင်သေရောဖြစ်ကုန်ပြီး

အမျိုးသားသစ္စာဖောက်တရုတ်သားများနှိုင်ငံအုပ်ချုပ်ရေးတွေမှာပါဝင်နေကျတော့ရင်လေးမိတယ်

စစ်ပွဲဖြစ်ရတာလဲဘိန်းစားတရုတ်တွေပြည်တွင်းမှာတော်တော်များများအိဝင်ပြီးအခိုင်အမာဖြစ်နေတော့အချိန်ကိုက်ပြီးစစ်ပွဲစလိုက်တာပြည်တွင်းဖယိုဖရဲဖြစ်အောင်လဲသူတို့လူတွေဟိုဝင်ဟိုထွက်လုပ်ပြီးသတင်းရောအဖျင်းရောလုပ်ကျတာ
ပြည်သူတွေကသိပြီးသာ
ပြည်သူတွေလဲအကာကွယ်လုပ်ပေးကျပါအုန်း
မမလေးစိန်နားကပ်ဖိုးမလုပ်ကျပါနဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့လုပ်ဆောင်ကြပါ
မန္တလေးမြို့သူမြို့သားများ

Mg Gyi

###### သူ့အမြင် ###### လောက်ကိုင် စစ်ပွဲအတွက် လက်ပံတောင်းမှ ရှင်းတမ်း **********

ကျနော် သိပ်မပြောချင်ပါ

 လောက်ကိုင်တွင် စစ်ဖြစ်နေသည် လူတိုင်းသိ၏ သို့သော် လက်ပံတောင်းတွင်လည်း စစ်ဖြစ်နေသည် လူတိုင်းသိ၏ လောက်ကိုင် စစ်ပွဲတွင် မြန်မာ့တပ်မတော်မှ အောက်ခြေ စစ်သည် ဘာမသိညာမသိ အသုံးချခံရသော စစ်သားများ အတုံးအရုံန်း မရှု့မလှသေကြရသည်…စိတ်မကောင်းပါ......

လက်ပံတောင်းတွင် စစ်ဖြစ်နေသည် မိဘပြည်သူ တောင်သူ လယ်သမားများမြေပြောက် အိမ်ပြောက် ဘ၀ ပြောက်သည့် အပြင်.. ဒေါ်ခင်ဝင်းလည်း အသက် ပါ ဆုံးရသည်…. သံဃာတော် အပါး ၁၂၁ ပါး မသေကောင်းမပြောက်ကောင်း အလူးအလဲ မီးလောင်ဗုံးစာမိ၍ ခံစားခဲ့ကြရသည်…ထိုတင်မက နောက်ဆုံး လယ်တီဆရာတော်၏ သိမ်နှင့် စေတီနှစ်ဆူ မွမွချေခံရသည်။ ၂၀၁၁ ခုမှ လက်ရှိထိ ရေတွက်သော် ရွာသား ရွာသူပေါင်း ၁၆၂ ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားသည်။ ၂၂ ယောက် ဖမ်းဆီးခံရသည်။ လက်ရှိ ဆက်လက် ဖမ်းဆီးရန် ၁၁ ယောက်ကို ၀ရမ်းထုတ်၍ အင်္ဂလိပ်ကိုလိုနီခေတ်ကဲ့ကသို့ပင် ကျေးရွာအ၀င်ထွက် သစ်ပင်ကြီးများတွင် လိုက်လံ၍ ကပ်ထားသည်။ လက်ပံတောင်း မြေဧက ၇၀၀၀ ကျော် အား မြေလှန်၍ ဥပဒေကြောင်းနှင့် ဆန့်ကျင် စွာ တူးဖ်ါနေသော တရုတ်ပြည်မှ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ နော်ရင်းကိုးမှ သယ်ထုတ် ကဲ့ထုတ်ပြီး လက်နက်များ ထုတ်လုပ်ကာ တကမ္ဘာလုံးမှ သူပုန်နှင့် အစိုးရများဆီသို့ ပြန်လည် ရောင်းချသည်။

တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူများ လက်တစ်ကမ်း တိုက်ပွဲများ ဖြစ်ပွား

April 26, 2015

ကိုးကန့်သောင်းကျန်းသူများအခြေပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက် ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်ကထိုးစစ်ဆင် တိုက်ခိုက် ထိန်းချုပ်နိုင် ခဲ့သဖြင့် သောင်းကျန်းသူများသည် နယ်မြေကျဉ်းမြောင်း လာပြီး ၎င်းဒေသမှ အင်အားများကို စုစည်းကာ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင် အမှတ်(၁၁၉)တည်ရှိသည့် တောင်ကြော အနီး မြင့် မားမတ် စောက်သော ကျောက်တောင်တစ်ခုဖြစ်သည့် ပွိုင့်-၂၂၀၂ တောင်ကုန်းတွင် အခြေပြု ခံစစ်ဆင်ရန်စီစဉ်လာခဲ့သည်။

ကိုးကန့်သောင်းကျန်းသူများသည် မြေအနေအထားအရ အသာစီး ရရှိထားသော ပွိုင့်-၂၂၀၂ တောင်ကုန်းပေါ်တွင် အခိုင်အမာ ဘန်ကာများ ဆောက် လုပ်ထားပြီး ခြံစည်းရိုးများ ကာရံကာ မိုင်းကွင်းနှင့်အတားအဆီး များပြုလုပ် ထား၍ တပ်မတော်၏ထိုးစစ်ဆင် တိုက်ခိုက်မှုများအား အဆင့်ဆင့်ခုခံ တိုက်ခိုက်လျက်ရှိသည်။

သူရဦးရွှေမန်းရဲ့ တရုတ်ခရီးစဉ် အပေါ် အမြင်တချို့

27.04.2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်နေပါတယ်။

တရုတ်မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး မတည်မငြိမ် ဖြစ်နေချိန်မှာ မြန်မာ ခေါင်းဆောင်တဦးရဲ့ တရုတ်နိုင်ငံ ၅ ရက်ကြာ ခရီးစဉ်နဲ့ ပါတ်သက်ပြီး တရုတ်နိုင်ငံ ကူမင်းက မြန်မာ့အရေး သုံးသပ်သူ ဒေါ်လှကျော်ဇောကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စတင်ပြောပါတယ်။

ကိုးကန့်ဒေသ နောက်ဆုံး အခြေအနေ

27.04.2015

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ ထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲတွေ ခေတ္တ ငြိမ်သက်သွားပေမဲ့လို့ မြန်မာတပ်ဘက်က စစ်တပ်အင်အားတွေ အလုံးအရင်း ထပ်မံ တိုးချဲ့ချထားလာတဲ့အတွက် စစ်ရေးကတော့ ဆက်ပြင်းထန်မယ့် အနေအထား လို့ ကိုးကန့်တပ်ဘက်ကပြောပါတယ်။ ကိုးကန့်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေး က ကိုးကန့်တပ်ဘက်က အလုံးစုံ လက်နက်ချမှာပဲ ဖြစ်နိုင်မယ်လို့ သမ္မတရုံးဘက်က တုန့်ပြန်ပါတယ်။ ကိုးကန့်ဒေသ စစ်ရေးအခြေအနေ အသေးစိတ် မဆုမွန်ကဆက်ပြောပြပေးပါမယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၉)ရက်နေ့က စတင်ခဲ့တဲ့ ၂လကျော်ကာလမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေဟာ အတော်လေးကိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေ ဆဲ ကိုးကန့်ဒေသတွင်းက စစ်ရေးနောက်ဆုံးအခြေအနေကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

မူဆယ်မြို့မှ မြ၀တီဘဏ် သေနတ် နဲ့ အပစ်ခံရ

27/4/2015

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့က စွမ်စော်ရပ်ကွက် ပင်လုံ ၅လမ်း မှာရှိတဲ့ တပ်မတော်ပိုင် မြ၀တီဘဏ်ကို လက်နက် ကိုင် လူ ၂ ယောက်က ပစ်ခတ်ခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့ မနက် ၃နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လာရောက်ပစ်ခတ်သူတွေကို စုံစမ်းဖော်ထုတ်နေ ဆဲဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက အမည်မဖေါ်လိုသူ အရာရှိ တစ်ဦးက ပြောပါတယ်။

ပွိုင့် ၂၂၀၂ တိုက်ပွဲ တပ်မတော်ဘက်မှ ကျဆုံး၊ ဒဏ်ရာရမှုများရှိနေကြောင်း တရားဝင်ထုတ်ပြန်


27.4.2015

အစိုးရတပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နှင့် လက်တစ်ကမ်း တိုက်ပွဲများ အ ပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မ တော်ဘက်မှ ကျဆုံးသူနှင့် ပျောက် ဆုံးသူအချို့ရှိခဲ့ကြောင်း တပ်မ တော်ပိုင်မြ၀တီ သတင်းဌာနက ၂၆ ရက် ညတွင် သတင်းထုတ်ပြန် သည်။

သတင်းထုတ်ပြန်ရာတွင် ကိုးကန့်သောင်းကျန်းသူများနေ ရာယူထားသည့် ပွိုင့် ၂၂၀၂ တောင်ကုန်းကို နယ်မြေအခက်အ ခဲ၊ ရာသီဥတုဆိုးရွားမှုများကြားမှ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အရာရှိစစ်သည်အချို့ ကျဆုံးကာ အချို့ပျောက်ဆုံးနေပြီး ဒဏ်ရာရရှိမှု လည်းရှိခဲ့ကြောင်း ပါရှိသည်။ သို့ သော် ကျဆုံး၊ ပျောက်ဆုံး၊ ဒဏ် ရာရ တပ်မတော်သားအရေအ တွက်ကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ ပေ။ ရန်သူဘက်မှ မြေအနေအ ထားအသာစီးရရှိထားပြီး ခံစစ် အဆင့်ဆင့်ပြု တိုက်ခိုက်နေကာတပ်မတော်အနေဖြင့် ထိုးဖောက် တိုက်ခိုက်ရာတွင် တစ်ဖက်နိုင်ငံ သို့ ကျည်များ မကျရောက်အောင် ထိန်းသိမ်းရ၍ စစ်နည်းဗျူဟာ ကျင့်သုံးမှုအပိုင်းတွင် အကန့်အ သတ်၊ အခက်အခဲများရှိနေ ကြောင်းလည်း ပါရှိသည်။

7Day Daily

သတင်းဝေမျှဖို့ ဖိတ်ခေါ်ပါတယ်

သတင်းဝေမျှချင်ရင် burmabornchinese2015@gmail.com ကို ဆက်သွယ်နိုင်ပါတယ် ........

ကျောက်မျက်ရတနာ ပြပွဲတွင် လေလံဆွဲပြီး မယူသော နိုင်ငံခြားသား များအား အရေးယူပေးရန် အစိုးရအား တိုက်တွန်း

ဇွန်လ(၂၄) ရက်နေ့တွင် ကျင်းပမည့် နေပြည်တော် ကျောက်မျက် ပြပွဲတွင် ဈေးကြီး ပေး၍ လေလံဆွဲ သော်လည်း ရွေးယူခြင်း မရှိသည့် နိုင်ငံခြားသားများအား အရေးယူပေးရန် အစိုးရအား မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း အတွင်းမှ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီက တိုက်တွန်းကြောင်း သိရသည်။

 နိုင်ငံခြားသားတွေက လာဆွဲတယ်။ ဆွဲပြီး မရွေးဘူး။ အဲဒါတွေကို အရေးယူပေးစေ ချင်တယ်။ ကျွန်တော်တို့ကျ ကုမ္ပဏီရှိမှ ဆွဲရတယ်။ နာမည်နဲ့ ဆွဲလို့ မရဘူး။ သူတို့တွေ ကျ သူတို့ နာမည်နဲ့ပဲ ဆွဲသွားတယ်။ သူတို့က လာမရွေးလည်း ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့ကျ ကုမ္ပဏီလည်း ဘူခေုငျအ စာရင်း သွင်း ခံရတယ်။ ဒီပွဲက မြန်မာကျပ်ငွေနဲ့ လုပ်တဲ့ ပွဲထက် ခက်တယ်။ သူတို့က ဈေး အများကြီးပေးပြီး အများကြီး ဆွဲတယ်။ ပြီးတော့ လွယ်တဲ့ အတွဲ တွေပဲ ထုတ်သွားတာ။ ကျွန်တော်တို့ ကျ အရမ်း နစ်နာတယ် ဟု မဟာအောင်မြေ ကျောက်ဝိုင်း အတွင်းမှ ဦးမျိုးမြင့်နိုင်က ပြောသည်။ ယခုတစ်ကြိမ်ကျင်းပမည့် နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲအား ဇွန်လ(၂၄) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြသမည့် တွဲရေနှင့် ရက်မည် မျှကြာ ကျင်းပ သွားမည်ကို မသိရသေးကြောင်း မဟာအောင် မြေကျောက်ဝိုင်း အတွင်းရှိ ကျောက်ပွဲစားများ ထံမှ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ သူရဦးရွှေမန်းတရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်

ရန်ကုန် ဧပြီ ၂၅

တရုတ်ကွန်မြူနစ်ပါတီ၏ ချစ်ကြည်ရေးဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ဗဟိုကော်မတီဝင် ဦးလှမြင့်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်တာဝန်ရှိသူများက ရန်ကုန်လေဆိပ်သို့လိုက်ပါပို့ဆောင်ခဲ့ကြသည်။

###### သူ့အမြင် ######



တောင်သမာန်အရှေ့ခြမ်း တံတားတောင်ဘက် အင်းစပ်က လယ်ကွက်တွေကို တရုတ်နိုင်ငံသား သူဌေးတစ်ယောက်က တစ်ဦးထည်းပိုင် ဖြစ်အောင် လိုက်ဝယ်ထားတာ တစ်နှစ်လောက်ရှိပြီ

အခု မြေဖို့ နေတယ် ဟိုတယ်ဆောက်ဖို့ မြေအားစမ်းသပ်နေတယ်။ ။

မြန်မာတိုင်းရင်းသားမဟုတ်တဲ့လူမျိုးတွေရဲ့မြေယာပိုင်ဆိုင်မှု့ကိုထိန်းချုပ်တဲ့ဥပဒေ ထုတ်ထားသလား/

ဖွဲစည်းပုံဥပဒေမှာ မိမိတိုင်းပြည်မြေယာကာကွယ်ရေးအတွက် ဘယ်လိုအချက်တွေနဲ့  နိုင်ငံခြားတွေ ကျူးလွန်နေတယ်ဆိုတာ ဘယ် လွှတ်တော်အမတ် ခေါင်းပေါင်းတွေကမှမဖေါ်ကြဘဲ လခသာတိုးတောင်းနေကြတာတွေ့ ရတယ်၊

Min Ye Kyawswar

ခေတ်သစ်ပိုးလမ်းမများ စတင်အကောင်အထည်ဖော်လာခြင်း

ကျော်သွင်ကို


-အီရန်နိုင်ငံနှင့် နောင်တစ်ချိန်တွင် ဆက်သွယ် မည့်ပါကစ္စတန် ဂွာဒါမြို့နှင့် နာဝက်ရှာမြို့နှစ်မြို့ ကြား သဘာဝဓာတ်ငွေ့တည်ဆောက်ရေး (ကန် ဒေါ်လာ ၂ ဘီလီယံ)

-စုစုပေါင်း မဂ္ဂါဝပ် ၁၃၂ဝ ထုတ်လုပ်နိုင်မည့် ကရာချိမြို့နှင့် ပို့ကေဇင်မြို့တို့ရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှစ်ရုံ တည် ဆောက်ရေးအတွက် (ကန်ဒေါ်လာ ၂ ဘီလီယံ)

-ရာဝါလ်ပင်ဒီမြို့ရှိ မဂ္ဂါဝပ် ၇၂ဝ ထွက်ရှိ မည့် ကာရောရေအားလျှပ်စစ်စီမံကိန်း (ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံ)

-ပန်ဂျပ်ပြည်နယ် ဘာဟာဝါလ်ပါမြို့တွင် မဂ္ဂါဝပ် ၉ဝဝ ထုတ်နိုင်မည့် နေစွမ်းအင်သုံး ပရဝုဏ် (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ)

-အစ္စလမ်မာဘက်နှင့် ဟာဘေလီရန်မြို့တို့ကို ဆက်သွယ်မည့် ကာရာကိုရန်အဝေးပြေးလမ်းမ တည်ဆောက်ရေး (ကန်ဒေါ်လာ သန်း ၉၃ဝ )

ရွှေလီမြစ်ရေကျဆင်းမှုကြောင့် မူဆယ်မှတရုတ်သို့ဆန်တင်ပို့သည့်ပမာဏလျော့ကျ

မင်းလွင်သစ်
ရန်ကုန် ဧပြီ ၂၅

ယခုရက်ပိုင်း၌မြန်မာနိုင်ငံ၏ နယ်စပ် ဆန်တင်ပို့မှုကဏ္ဍဖြစ်သည့် မူဆယ်နယ်စပ် မှတရုတ်နိုင်ငံသို့ဆန်တင်ပို့ရာတွင် လမ်း ခရီးအခက်အခဲကြောင့်ယခင်က တင်ပို့ သည့်ဆန်အိတ်ရေပမာဏကျဆင်းသွား ကြောင်း နယ်စပ်ဆန်ကုန်သည်တချို့ထံမှ သိရသည်။

သင်္ကြန်ပြီးကာလ၌ မူဆယ်မှ တရုတ် နိုင်ငံဘက်သို့ဆန်တင်ပို့မှုအားကောင်းခဲ့ပြီး နေ့စဉ်ဆန်အိတ်ရေခြောက်သောင်းဝန်းကျင် အထိတင်ပို့မှုရှိခဲ့သော်လည်း ယခုရက်ပိုင်း မူဆယ်မှရွှေလီသို့ဆန်တင်ပို့သော လမ်း ကြောင်းဖြစ်သည့်ရွှေလီမြစ်၌ ရာသီဥတု အခြေအနေအရမြစ်ရေကျနေသဖြင့် ဆန် တင်ပို့မှုအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

###### သူ့အမြင် ######

###### သူ့အမြင် ######

သတိပြုမိကြစေရန် ( ၂ )

စာတော့ရှည်သည် သို့သော်ပီးအောင်ဖတ်ကြည့်ပါ
အသိတရားတခုတော့ရရှိနိုင်သည်

********************

" မနက်တော့စောစောထရတာပေါ့ဗျာ
မြန်မာအချင်းချင်းပွဲတိုက်လို့ရတယ်
ဆိုပေမယ့် ဈေးပိုပေးတဲ့ တရုတ်တွေပြန်သွားမှာဆိုးတာနဲ့ စောအောင်သွားမှအလုပ်ဖြစ်တာဗျ " ဟုမန္တလေးကျောက်ရောင်းဝယ်ရေးစခန်းတွင် မနက်တိုင်းကျောက်ပွဲတိုက်သည့် ကျောက်ပွဲစားအကိုတဦး၏ပြောစကားဖြစ်သည်

###### သူ့အမြင် ######

###### သူ့အမြင် ######

သတိပြုမိကြစေရန် (၁)

ကျုပ်တို့မြန်မာနိုင်ငံရဲ့ တရုတ်နယ်စပ်မြို့တွေမှာ ဘာလို့တရုတ်စာတွေအများစုကို ဆိုင်းဘုတ်တွေတင်ထားရတာပါလဲ မြန်မာလိုဘာလို့မရေးကြတာပါလဲ
တရုတ်နယ်စပ်မြို့ဖြစ်နေလို့တရုတ်စာတွေရေးကြတယ်လို့ ဖြေလာရင် ကျွန်တော်တခုလောက်ပြန်မေးချင်ပါတယ်
တရုတ်နိုင်ငံရဲ့ မြန်မာနယ်စပ်မြို့တွေမှာ မြန်မာလိုရေးထားကြပါသလား ရောက်ဖူးသွားဖူးသူတိုင်း အဖြေမှာ တခုထဲသာဖြစ်နေလိမ့်မည်

( ‪#‎မြန်မာနိုင်ငံ‬၏တရုတ်နယ်စပ်မြို့များတွင် တရုတ်လိုရေးသော်လည်း တရုတ်နိုင်ငံ၏မြန်မာနယ်စပ်တွင် မြန်မာလိုရေးသားထားခြင်းမရှိပါ )

ဒါကြောင့် နယ်စပ်မြို့ဖြစ်လို့တခြားနိုင်ငံ၏စာသားများယဉ်ကျေးမှု့များချိတ်ဆွဲခြင်းဟာ ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ဘူးလို့ ကျွန်ုပ် ရဲရဲကြီးပြောရဲခြင်းသာဖြစ်သည်

အကြောင်းရင်းမှာ သွေးစည်းလွန်းလှသော မြန်မာပြည်ဖွား မြန်မာရေသောက် မြန်မာပြည်မှတရုတ်များသည်လည်း တရုတ်နိုင်ငံသားများခံယူထားခြင်းကြောင့်ပင်ဖြစ်ပေသည်

ထို့ပြင်အသားထဲက လောက်ထွက်ဟုဆိုလောက်တဲ့ မြန်မာပြည်ဖွားမြန်မာလူမျိုးတချို့ကလည်း တရုတ်လူမျိုးဖြစ်ချင်နေခြင်း အကြောင်းရင်းများကြောင့်ပင်ဖြစ်ပေသည်

Ko Htun
မြန်မာပြည်မှ တရုတ်များအကြောင်း

တောင်သူဒေါ်ခင်ဝင်း သေနတ်ဖြင့်ပစ်သတ်ခံရသည့် အမှု စီရင်ချက် မိတ္တူ


ဒေါ်ခင်ဝင်းအား ကြေးနီစီမံကိန်း မြေသိမ်း လူသတ်သမားတို့မှ ၂၂၊၁၂၊၂၀၁၄ ရက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်၊ ထို အမှုအား ဆားလင်းကြီးမြို့နယ် တရားရုံးမှ ၉၊၄၊၂၀၁၅ ရက်တွင်စီရင်ချက် ချမှတ်ခဲ့ပါသည်။
**ဒေါ်ခင်ဝင်းသည် ဓမ္မတာ အတိုင်းသေဆုံးခြင်း မဟုတ်ကြောင်း ဆုံးဖြတ်သည်ဟု၊ -တရားသူကြီးမှ
ဆုံးဖြတ်ပါသည်။"


 Ko Han Win Aung

လက်ပတောင်း မီးလောင်မှု။

23.4.2015 ရက်နေ့ 11 နာရီအချိန်ခန့် လက်ပတောင်းတောင်ကြေးနီစီမံကိန်း ဂမိတ်တောင် တောင်ခြေတွင် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ ဝမ်ပေါင် ယမ်း သိုလောင်ရုံ
နှင့် ရဲကင်း အနီးမှ စတင်ခဲ့တယ်လို့ သိရှိရပါတယ်၊ မည်သည့်အကြောင်းကြောင့် မီး စတင်လောင်တယ်လို့ မသိရပေမယ့် မြောက်လေတိုက်နေတဲ့အချိန်ဖြစ်ခဲ့ရင် ယမ်းတိုက်သို့ ကူးစက်နိုင်တယ်လို့ ကိုယ်တွေ့ကြုံခဲ့သူများမှ ပြောကြားပါတယ်၊

သင်္ကြန် သို့မဟုတ် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နေ၀င်ချိန်

လာကပေါ်၊ အောင်ကျော် ဆွေးနွေးခန်း (၁၀၄)- စည်သူအောင်မြင့်

သင်္ကြန်နောက်ဆုံးနေ့က အရက်တွေသောက် ပျော်ပါးလွန်ထားကြတာ အတော့်ကို ပန်းနေကြ ပုံ တွေ့ရတယ်။ ဘာကိုမဆို အရှုံးပေးမယ့်ပုံပဲ။ တကယ်လည်း အာဏာသိမ်းအဖွဲ့က စာလေး တစ်စောင်လာပေးပြီး လက်နက် တွေ အပ်ပါလို့ ပြောလိုက်တာနဲ့ သူတို့ပစ္စတို သေနတ်တွေ အပ်လိုက်တာမြန်လိုက်တာဗျာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ် – ဘယ်လိုလဲ ကိုအောင်ကျော်၊ သင်္ကြန်ပျော်ရဲ့လား။

အောင်ကျော် – ကျွန်တော့် အသက်အရွယ်နဲ့ ပျော်စရာလားဗျာ။

လာကပေါ် – ငယ်ငယ်တုန်းကတော့ ပျော်ခဲ့တယ်ပေါ့။

အောင်ကျော် – ပြောရရင် နည်းနည်းတော့ဆန်းတယ်၊ ငယ်ငယ်တုန်းကလည်း သင်္ကြန်ကို မပျော်ခဲ့ပါဘူးဗျာ။

မိုးမောက် - စိန်လုံကားလမ်းတွင် တရားမ၀င်သစ်များအား တင်ဆောင်ထားသော ပိုင်ရှင်မဲ့သစ်တင်ယာဉ်များအား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှ လွယ်ဂျယ်မြို့သို့ ဖရဲသီးများတင်ဆောင်၍ သွားလာလျက်ရှိသော ယာဉ်များအား ဧပြီ ၁၉ ရက်နေ့တွင် မိုးမောက်- စိန်လုံကားလမ်း၌ ပူးပေါင်းအဖွဲ့မှလိုက်လံစစ်ဆေးရာ တရား မ၀င်သစ်များတင်ဆောင်ထားသော ပိုင်ရှင်မဲ့သစ်တင်ယာဉ်များအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့တွင်ပါဝင်သော ခရိုင်သစ်တောရုံးအား ဆက်သွယ်မေးမြန်း ကြည့်ရာ “လမ်းကြောင်းလုံခြုံရေးအခြေအနေအရ တပ်မတော်စစ်ကြောင်းတွေကို အကူအညီတောင်းရပါတယ်၊ ပြီးတော့ သစ်တောအဖွဲ့တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့လည်းပါတယ်၊ အဲဒီပူးပေါင်းအဖွဲ့နဲ့ မိုးမောက်-စိန်လုံကားလမ်း တစ်လျှောက် လိုက်လံစစ်ဆေးတဲ့အခါမှာ တရားမ၀င်သစ်တင်ယာဉ်(၄)စီးကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တာပါ” ဟု သစ်တောဦးစီးအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သဘောထား ထုတ်ပြန်ချက်


နေပြည်တော် ၊ ဧပြီ ၂၅

၂၀၁၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာ၏ ရှေ့မျက်နှာဖုံး စာမျက်နှာတွင် ''ဧပြီ ၂၃ ရက် လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်တွင် တပ်မတော် တပ်ရင်းတစ်ခု ကိုးကန့်အဖွဲ့၏ နယ်မြေအတွင်း ကျွံဝင် သွားပြီး ထိခိုက်သေဆုံးမှု များပြားဟု အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်နေ'' ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖော်ပြ ခဲ့ပါသည်။

Saturday, April 25, 2015

မူဆယ်မြို့ရှိ မြဝတီဘဏ်ခွဲအား လက်နက်ကိုင် ၂ ဦးက လာရောက်ပစ်ခတ်မှုဖြစ်ပွား

Saturday, April 25, 2015

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ပင်လုံ (၅)လမ်းရှိ မြဝတီဘဏ်ခွဲအား ယနေ့နံနက် ၃ နာရီခွဲခန့်တွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် လက်နက် ကိုင် ၂ ဦးက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုသို့ လာရောက်ပစ်ခတ်ခဲ့သဖြင့် မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဘဏ်ရှေ့မျက်နှာစာမှန်များတွင် လက်နက်ငယ်ကျည်များထိမှန်၍ ဘဏ်ကောင်တာမှ မှန်များကွဲကျပျက်စီးခြင်း၊ အဝင်တံခါးမှန် ၂ ချပ်ကွဲခြင်းများဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်အားစိစစ်ရာ လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် မတ် ၁၉ ရက်နှင့် ၂၀ ရက်များတွင် မူဆယ်မြို့ရှိဘဏ်များသို့ ဆက်ကြေးကောက်ခံရန် ခြိမ်းခြောက်စာများ ပေးပို့ထားပြီး အဆင်ပြေမှုမရှိသဖြင့် ယခုကဲ့သို့နှောင့်ယှက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများက သုံးသပ်ပြောဆိုလျက်ရှိပြီး တရားခံများအား ဖမ်းဆီးရမိရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အရေးကြီးနေရာများ၊ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် ပိတ်ဆို့ရှာဖွရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Popular

လောက်ကိုင်ဒေသ စခန်းသိမ်းတိုက်ပွဲပြင်းထန်၊ နှစ်ဖက်ကျဆုံးမှု များ

Byအောင်သစ်လွင်

လောက်ကိုင်ဒေသတွင် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ခြေ ကုပ်ယူထားသော နောက်ဆုံး ကျန်နေသည့် တောင်ကုန်းတစ် ကုန်းကို အစိုးရတပ်မတော်က စခန်းသိမ်းတိုက်ပွဲအဖြစ် ဧပြီ ၂၃ ရက်မှစတင်၍ ထိုးစစ်ဆင်နေရာ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ကျ ဆုံးမှုများနေကြောင်း သတင်းရရှိ သည်။

တိုက်ပွဲကာလတစ်လျှောက် ကိုးကန့်အဖွဲ့ ခြေကုပ်ယူထား သည့် တောင်ကုန်းအများစုအား သိမ်းယူပြီးကြောင်း အစိုးရတပ် မတော်က ဧပြီလ ဒုတိယပတ်က တရားဝင် သတင်းထုတ်ပြန်ပြီး နောက်ဆုံးကျန်နေသော တောင် ကုန်းအမှတ် ပွိုင့်၂၀၂၂ ကို သိမ်းယူ ရန်ကြိုးပမ်းစဉ် တိုက်ပွဲ အပြင်းအ ထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကိုးကန့်ဒေသတွင် လုံခြုံရေးတာ ၀န်ယူထားသည့် တပ်မတော် အ သိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

တိုက်ပွဲမှာ ဧပြီ ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်ဆက် အပြင်းအ ထန်ဖြစ်ပွားနေပြီး တိုက်ပွဲသတင်း ကို ယခင်ကကဲ့သို့ တပ်မတော်နှင့် အစိုးရက တရားဝင်မထုတ်ပြန် သေးသော်လည်း တိုက်ပွဲတွင် ကိုးကန့် တပ်ဘက်မှ ကျဆုံးမှုများ ရှိသကဲ့သို့ ဧပြီ ၂၄ ရက် ညနေအထိ တပ်မတော်ဘက်မှ အကျအဆုံး ပိုများပြီး တပ်မတော်သား ၅၀ ဦး ထက်မနည်း ကျဆုံးခဲ့ရကြောင်း ကိုးကန့်ဒေသလုံခြုံရေးတာဝန်ယူ ထားသည့် တပ်မတစ်ခုမှ တပ်မ တော် အရာရှိတစ်ဦးက ပြော သည်။ လောက်ကိုင်မြို့ အရှေ့ မြောက်ဘက်ရှိ မြန်မာ-တရုတ် နယ်စပ်အနီး ရှောက်လူချန်းနှင့် ရှီ ကော်လင်ရွာတို့တွင် တိုက်ပွဲဖြစ် ပွားနေပြီး ဧပြီ ၂၃ ရက် ည ၉ နာရီမှ ဧပြီ ၂၄ ရက် ည ၁၀ နာရီခန့် အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း တပ်မတော် အရာရှိတစ်ဦးက အတည်ပြုပေးသည်။

တပ်မတော်ဘက်မှ အကျအဆုံးများ၍ ထိုစခန်းကိုမသိမ်းနိုင်သေးဘဲ ဆက်လက်တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးညွှန်ကြားရေးမှူးရုံးသို့ ဆက်သွယ်မေး မြန်းရာ နှစ်ဖက် အကျအဆုံး သတင်းနှင့် ပတ်သက်၍ တရားဝင်စာမ၀င်သေး၍ ပြောမပြနိုင်သေး ကြောင်း အကြောင်းပြန်သည်။

‘‘ကျွန်တော်တို့ဆီတော့ ဘာ မှ မရသေးဘူး။ ကြည်းစစ်ဆင် ရေးကလာမှ ရမှာ’’ ဟု အဆိုပါရုံးမှ တပ်မတော်အရာရှိတစ် ဦးက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ၎င်း တို့ဘက်မှ နှစ်ဦးကျဆုံး၊ ၁၂ ဦး ဒဏ်ရာရပြီး အစိုးရတပ်မတော် ဘက်မှ အကျအဆုံးများကြောင်း ဒီဗီဘီသတင်းဌာနအား ပြောကြားခဲ့သည်။

နောက်ဆုံး ကျန်နေသည့် တောင်ကုန်းအမှတ် ပွိုင့် (၂၀၂၂) ကို တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းများက ဦးဆောင်တိုက် ခိုက်နေခြင်းဖြစ်သည်။ ယခုတိုက် ပွဲမှာ နောက်ဆုံးစခန်း သိမ်းတိုက် ပွဲဖြစ်သောကြောင့် ဆက်လက် ပြင်းထန်နေမည်ဖြစ်ကြောင်း တပ်မတော်အငြိမ်းစား အရာရှိကြီး တစ်ဦးက သုံးသပ်ပြီး ကာကွယ် ရေးဦးစီးချုပ် လားရှိုးမြို့သို့ လာ ရောက်စဉ်ကလည်း ကိုးကန့်ဒေသ၌ တိုက်ပွဲများ ပြီးဆုံးတော့မည် ဖြစ်ကြောင်း ပြောကြားထား သည်။

ဧပြီ ၉ ရက်မှ စတင်ခဲ့သည့် ကိုးကန့်ဒေသတိုက်ပွဲကာလတစ် လျှောက် ဧပြီ ၁၅ အထိ မြန်မာ့တပ်မတော်ဘက် မှ စစ်သည် ၁၂၆ ဦး ကျဆုံးခဲ့ပြီး ၃၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီ ၁၉ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကာလ နောက်ပိုင်း တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့ကြောင်း ကိုးကန့်ဒေသ ရောက် တပ်မတော် အသိုင်းအ ၀ိုင်းမှ သတင်းရရှိသည်။

7Day Daily

ကိုးကန့်တိုက်ပွဲ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမြန်မာအစိုးရကိုသတိပေး


25 April 2015

ကိုးကန့်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးပျက်စီးဆုံးရှုံးမှုတွေကို အလွန်စိုးရိမ်ထိတ်လန့် ကြောင်းနဲ့ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၄ ရက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာ့မိတ်ဖက်အဖွဲ့ အစည်းအဝေးမှာပြောကြားလိုက်တာပါ။

မစ္စတာဘန်ကီမွန်းက “ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဒုက္ခကြီးကြီးမားမားခံစားနေကြရတယ်။ ကိုးကန့်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုနဲ့ ပျက်စီး ဆုံးရူံးမှုတွေဟာ စိုးရိမ်ထိတ်လန့် စရာကောင်းသလို တိုက်ပွဲဂယက်တွေဟာ ဒေသရေရှည် တည်ငြိမ်ရေး အတွက်လည်း အလွန်စိုးရိမ်စရာ ကောင်းနေတယ်။

မြ၀တီဘဏ်လက်နက်ငယ်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခံရ


မူဆ.ယ် ၊ ဧပြီ ၂၅၊

ဧပြီလ ၂၅ ရက်၊ နံနက် ၃း၃၀ ခန့် က မူဆယ်မြို့ ရှိ မြ၀တီဘဏ်အား အမည်
မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး လက်နက်ငယ်ဖြင့်
ပစ်ခတ်သွားခဲ့ကြောင်း မူဆယ်ဒေသခံများကဧပြီလ ၂၅ ၇က် ( ယနေ့) မနက်ပိုင်းတွင် Oriental News သို့ ပြောသည်။

´´မနက် ၃း၃၀ လောက်မှာ အရပ်ဝတ်နဲ့ လူ ၂ ယောက်၊ ဆိုင်ကယ် ၁ စီးနဲ့ 
ရောက်လာပြီး မြ၀တီဘဏ်ကို လက်နက်ငယ်နဲ့  အချက် ၄၀ ကျော် ပစ်သွား
တာပါ။ ဘဏ်ရဲ့ မှန်ပြူတင်းတွေကွဲပါတယ်။ ဘဏ်အတွင်း နံရံနဲ့ မျက်နှာကျက်
တွေအထိ ကျဉ်တွေထိပါတယ်။ လူသူ ဒဏ်ရာရ သေဆုံးမှုတော့ မရှိပါဘူး ´´ဟု မူဆယ်မြို့ ရှိ အစိုးရ၀န်ထမ်တစ်ဦးက ပြောသည်။

ဖုန်ကြားရှင်ပြေးပြီ

Saturday, April 25, 2015

မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းလောက်ကိုင်ဒေသတွင်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့်ဖုန်ကြားရှင်ကျူးကျော် သောင်းကျန်းသူတပ်များ၏ တိုက်ပွဲ များကြာမြင့်လာခဲ့ပြီးနောက် ယခုအခါတွင်မြန်မာ့တပ်မတော်တပ်ရင်းများက ဖုန်ကြားရှင် ၏တပ်စခန်းများအား ဆက်တိုက်သိမ်းယူခဲ့ခြင်းကြောင့် ကိုးကန့်သောင်းကျန်းသူခေါင်းဆောင်ဖုန်ကြားရှင် အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မကြာခင်အချိန်တွင်းမှာပင်ကိုးကန့်တိုက်ပွဲပြီးဆုံးကြောင်းကို တပ်မတော်မှ ကြေငြာတော့မည်ဖြစ်ကြောင်းသိရှိရသည်။

လက်ရှိအခြေအနေတွင် မြန်မာ့တပ်မတော်အနေဖြင့်လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော်ဒေသတစ်ဝှမ်းလုံးရှိ ဖုန်ကြားရှင် ၏တပ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်းနှင့် မကြာခင်အချိန်အတွင်းမှာပင် ကိုးကန့်၊ လောက်ကိုင်ဒေသ တိုက်ပွဲပြီးဆုံးကြောင်းကြေငြာတော့မည်ဟု တပ်မတော်မှပြောရေးဆိုခွင့်ရှိသူအရာရှိတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် ဖုန်ကြားရှင်၏တပ်များအနေဖြင့် နယ်စပ်တစ်လျှောက်တွင် ပိတ်မိနေကြောင်းသိရှိရပြီး နယ်စပ်မှရရှိသော သတင်းများအရ မြန်မာ့တပ်မတော်၏တိုက်ခိုက်မှုများကြောင့် MNDAA တပ်မှ လူအင်အား ၅၀၀ ကျော်ကျဆုံးခဲ့ပြီး ၈၀၀ ကျော်ဒဏ်ရာရကာ ဒဏ်ရာရသူများအား တရုတ်နိုင်ငံအတွင်းရှိဆေးရုံတွင် ဆေးကုသနေရကြောင်းသိရသည်။

ဖုန်ကြားရှင်ကို နောက်ကွယ်က ထောက်ပံ့မှု ပေးနေသူကို ဖော်ထုတ်နိုင်ပြီ ...


ဖုန်ကြားရှင်ကို နောက်ကွယ်က လက်နက်၊ ခဲယမ်း၊ လူ၊ ရိက္ခာ၊ အစရှိသည်များကို ထောက်ပံ့ပေး နေသူမှာ အခြားသူ မဟုတ်ပါ။

ဖုန်ကြားရှင်ရဲ့ သားမက်ဖြစ်သူ မိုင်းလား ဥက္ကဋ္ဌ စိုင်းလင်း ပင် ဖြစ်နေပါသည်။ မည်ကဲ့သို့ ပြောနိုင် သနည်း ။
ယခင်ကတည်းက ဖုန်ကြားရှင်ကို မိုင်းလားနယ်မြေမှာ ၀ှက်ထားပြီး ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့ဝင် တွေကို မိုင်းလားနယ်မြေတွင် စစ်ပညာများ သင်ကြားပေးခြင်းကို ၁ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းအထောက်အထားများကို ရရှိခဲ့ပါသည်။

Friday, April 24, 2015

မြန်မာအလုပ်သမားတွေလစာ တရုတ်အလုပ်သမားတွေထက်နည်းလို့ တောင်းဆို

ဝမ်ပေါင်နဲ့ယန်စီကုမ္ပဏီမှာ လုပ်နေတဲ့ မြန်မာအလုပ်သမားရဲ့လစာဟာ တရုတ် အလုပ်သမားတွေ လစာထက်နည်းနေတဲ့အတွက် လစာတိုးပေးဖို့ တောင်းဆိုနေကြတဲ့ သတင်းကို ဒေါ်ခင်မင်းဇော် ပေးပို့ထားပါတယ်။ ရိုက်ကူး - မတင်မာဆွေ

DVB TV -24.04.2015

watch Video

ကိုးကန့်​​ဒေသ တိုက်​ပွဲပြင်းထန်

24.4.2015

တပ်မတော်က မနေ့မနက်အရုဏ်မတက်ခင်ကစလို့ နန်ထင်မန်ရှန်းရှိ ကိုးကပ် တပ်မတော်စခန်းကို ထိုးစစ်မှာ လက်နက်ကြီးတွေနဲ့သာမက ဓာတုဗုံးတွေ သုံးစွဲတိုက်ခိုက်တယ်လို့ ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန်ရွှေနဲ့ ချီရှုရာခုတ်စတဲ့ ဒေသ လေးခုကနေ လူအင်အားအမြောက်အမြားသုံးစွဲပြီး ည ၉ နာရီခန့်အထိ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပေမယ့် မအောင်မြင်ပဲ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်မတော် ပြောခွင့်ရသူ ဦးစောမြတ်လင်းက “မနက်ကနေမိုးလင်းတဲ့အထိ လက်နက်ကြီးနဲ့ ပစ်တယ်။ မိုးလင်းတော့ မြေပြင်ကြည်းတပ်က ထိုးစစ်ဆင်ပါတယ်။ ထိုးတက်တက်။ တက်လို့မရတော့ ပြန်ဆုတ်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခေါက်ခေါက်အခါခါပဲ။ မနေ့က သူတို့ ဗုံးသီး ၁၅၀၀ လောက်ပစ်တဲ့အထဲမှာ ၅ လုံး (ဓာတုဗုံး) လောက်ပါတယ်။ သူက ထွက်လာတဲ့မီးခိုးအရောင်က သာမန်ဗုံးနဲ့မတူဘူးဗျ။ ပြီးတော့ အရမ်းစူးရှ မွှေးတဲ့အနံ့လည်းရတယ်။ ရှုမိတဲ့ရဲဘော်တွေဆို အော့အန်ကြတယ်” လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲဟာ လောက်ကိုင်အရှေ့မြောက်ဘက်မှာဖြစ်ပြီး ပြင်းထန်သလို ကျဆုံးဒဏ်ရာရသူများပြားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ဘက်က ၂ ယောက်ကျတယ်။ ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်ဖက်က (တပ်မတော်က)တော့ တော်တော်လေး အသေအပျောက်များပါတယ်။ သေတာကတော့ ၉၀ အထက်မှာရှိပါတယ်။ တချို့ပြောတော့ ၁၄၀ လောက်ဖြစ်မယ်တဲ့ မနေ့က ဗမာ့တပ်မတော်ဘက်က ကျတာ။ ဒဏ်ရာရတာကတော့ ၂၀၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ တပ်မ ၃၃ ပါ။ ကျနော်သိသလောက်တော့ သုံးရင်းပေါ့။ တပ်ရင်း ၁၁၁ ပါမယ်။ ၁၁၉၊ ၁၂၀ ပေါ့။ အားလုံးပေါင်း ၆ ရင်း ၇ ရင်းလောက်နဲ့ ထိုးတယ်ထင်တယ်” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မပေးနိုင်သလို ဒီသတင်းနဲ့ပတ်သက်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် မြ၀တီသတင်းဌာန တွေကလည်း တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဦးထွန်းမြတ်လင်းက လက်ရှိမှာ အစိုးရဘက်က တပ်အင်အား တိုးမြှင့်တင်ပို့လာနေ တာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်တဲ့ ကိုးကန့်တပ်မတော်နဲ့ အစိုးရအကြားတိုက်ပွဲမှာ တပ်မတော်က လူအင်အား၊ လက်နက်အင်အား အမြောက်အမြားနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

DVB

တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို ပြစ်ဒဏ်ချမှတ်ပြီး ဆက်လက်ရုံးထုတ်


2015-04-23
 
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလက ဖမ်းဆီးထားတဲ့ တရားမဝင်သစ် ခိုးထုတ်သူ တရုတ်နိုင်ငံသားအယောက် ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၅၀ ကျော်ကို လ၀ကပုဒ်မနဲ့ မနေ့က ပြစ်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီး သစ်ခိုးထုတ်မှုအတွက် အများနဲ့သက်ဆိုင်တဲ့ ပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ (အပက ၃) နဲ့ ပတ်သက်ပြီး ဒီနေ့ ဆက်လက် စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆဒုံးမြို့နယ်ခွဲစခန်းမှူး ဦးကိုကိုလွင်က RFA ကို ပြောပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံသမ္မတနှစ်ဦးဂျကာတာ၌တွေ့ဆုံ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး မြန်မာနိုင်ငံမြောက်ပိုင်းနှင့်ဆိုင်သောအကြောင်းအရာများကို နိုင်ငံရေးအရအဖြေရှာရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ထောက်ခံမည်ဟုတရုတ်သမ္မတပြောကြား

ပြည့်ဖြိုးနိုင်
 ဂျာကာတာ ဧပြီ ၂၃

တရုတ်သမ္မတရှီကျင့်ဖျင်သည် ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံဂျကာ တာမြို့၌နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့်တွေ့ဆုံခဲ့ရာ၌ တရုတ်နိုင်ငံအနေ ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အတူ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ဆိုင်သောအကြောင်းအရာများကို နိုင်ငံရေးအရအဖြေရှာရေးနှင့် နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးတို့ကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်းဆင်ဟွာသတင်း ဌာနကဖော်ပြသည်။

 အာရှ-အာဖရိက ထိပ်သီး ညီလာခံ တက်ရောက်စဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်တွေ့ ဆုံခဲ့ရာ၌ တရုတ်သမ္မတရှီကျင့်ဖျင် က မြန်မာနိုင်ငံတွင် ဖော်ဆောင် လျက်ရှိသော ငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်းစဉ်များ၏ ဖြစ် ပေါ်တိုးတက်မှုအသစ်များကို ဆော လျင်စွာဖြစ်ပေါ်ရန် တရုတ်ဘက်မှ မျှော်လင့်ကြောင်းကိုအလေးအနက် ပြောကြားခဲ့သည်။

တရုတ်သို့ ဆန်တန်ချိန် ၃၀၀၀ မေလ၌ တရားဝင်စပို့မည်



ရန်ကုန်၊ ဧပြီ ၂၃


တရုတ်နိုင်ငံဘက်က တရားဝင် ကမ်းလှမ်းကာ ဆန်ဝယ်ယူမှုအတွက် ဆန်တန်ချိန် ၃၀၀၀ ကို မေလမှစတင်၍ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

တရုတ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း တရားဝင်ဝယ်ယူမည်ဖြစ်ပြီး မေလတွင် ကနဦးအဖြစ် ဆန်တန်ချိန်သုံးထောင်ကို တင်ပို့ခြင်းဖြစ်၍ အဆိုပါတင်ပို့မှု အောင်မြင်ပါက တန်ချိန်တစ်သိန်းအထိ ဆက်လက်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“သူတို့ဆီက အရည်အသွေးစစ်တဲ့ အဖွဲ့က ဧပြီလ နောက်ဆုံးအပတ်မှာ လာပြီး ဒီမှာရုံးခန်းလာဖွင့်ဖို့ ရှိတယ်။ တင်ပို့မယ့် ဆန်အရည်အသွေးတွေကို စစ်မှာ” ဟု ၎င်းကပြောဆိုသည်။

တရုတ်သို့ ဆန်တန်ချိန် ၃၀၀၀ မေလ၌ တရားဝင်စပို့မည်



ရန်ကုန်၊ ဧပြီ ၂၃


တရုတ်နိုင်ငံဘက်က တရားဝင် ကမ်းလှမ်းကာ ဆန်ဝယ်ယူမှုအတွက် ဆန်တန်ချိန် ၃၀၀၀ ကို မေလမှစတင်၍ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

တရုတ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း တရားဝင်ဝယ်ယူမည်ဖြစ်ပြီး မေလတွင် ကနဦးအဖြစ် ဆန်တန်ချိန်သုံးထောင်ကို တင်ပို့ခြင်းဖြစ်၍ အဆိုပါတင်ပို့မှု အောင်မြင်ပါက တန်ချိန်တစ်သိန်းအထိ ဆက်လက်တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“သူတို့ဆီက အရည်အသွေးစစ်တဲ့ အဖွဲ့က ဧပြီလ နောက်ဆုံးအပတ်မှာ လာပြီး ဒီမှာရုံးခန်းလာဖွင့်ဖို့ ရှိတယ်။ တင်ပို့မယ့် ဆန်အရည်အသွေးတွေကို စစ်မှာ” ဟု ၎င်းကပြောဆိုသည်။

လွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်နှင့်အမေရိကန် သွားမည်






 24-4-2015

ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဘယ်နေ့ဘယ်ရက်မှာသွားရောက်မယ်ဆိုတာနဲ့ ခရီးစဉ်အသေးစိတ် အကြောင်းအရာတွေကို တော့သတင်းမှာ ဖော်ပြခြင်း မရှိပါဘူး။

ပြည်သူ့လွှတ်တော်ရုံးက အရာရှိတဦးကတော့ သူရဦးရွှေမန်းဟာ ဧပြီလ ၂၅ ရက်နေ့ တရုတ် နိုင်ငံကို အရင်သွားရောက်မှာဖြစ်တဲ့ အကြောင်းနဲ့ တရုတ်ခရီးစဉ်အပြီးမှာ အမေရိကန်ခရီးစဉ် သွားရောက်မှာဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီခရီးစဉ်မတိုင်ခင် သူရဦးရွှေမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်းဟိုလန်နဲ့ ဧပြီလ ၂၃ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းယား လမ်းရှိ လွှတ်တော်ရုံးခွဲမှာ တွေ့ဆုံခဲ့ပါတယ်။

DVB