Monday, June 15, 2015

ခေါင်းစဉ်က အရေးမကြီးဘူး (Flower News အယ်ဒီတာ့ အာဘော်)

သည်ရက်ပိုင်း ဟော့တ်အဖြစ်ဆုံးသတင်း က ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားသော သတင်းဖြစ်သည်။ တရုတ်နှင့်မြန်မာရှေးမဆွမီက တည်းက ဆွေမျိုးပေါက်ဖော်များဖြစ်ခဲ့သော်လည်း စစ် အစိုးရလက်ထက်နှောင်းပိုင်းကာလများနှင့် အရပ် သားအစိုးရလက်ထက်တို့တွင် တရုတ်အစိုးရအပေါ် ပြည်သူက ငြိုငြင်မှုများရှိလာခဲ့သည်။ ဒါကလည်းအစိုး ရမင်းများ သူတို့ချင်းလက်သိပ်ထိုး သဘောတူညီကတိ ကဝတ်ပြုခဲ့ကြသောအပေးအယူ ကိစ္စတချို့ကိုပြည်သူ က သဘောမတူဘဲ ကန့်ကွက်မှုများပြုလုပ်ရာက စတင် ခဲ့ခြင်းဖြစ်သည်။

ပြည်သူ၏တင်းမာလာသောအခြေအနေ တစ်ရပ်တွင် အစိုးရက အင်အားသုံးဖိနှိပ်၍လည်း ကောင်း၊ လှလှပပခုန်ကာရှောင်ထွက်သွားပုံမျိုးဖြင့် လည်းကောင်း ပရိယာယ်သုံးခဲ့သည်။ နောက်ဆုံးတော့ ပြည်သူက တရုတ်ကိုသာ ငြိုငြင်ခဲ့သည်။ အင်အားကြီး တရုတ်အစိုးရကလည်း မြန်မာအစိုးရကို မဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးမူအရ ပရိယာယ်များဖြန့် ခင်း၍ဆက်ဆံခဲ့သည်။ တရုတ်က မြန်မာအပေါ်ဆက် ဆံရေးမှာပမာအားဖြင့်ြေ>ွမကိုနိုင်သောအလမ္မာယ်ဆရာ ကြေ>ွမနှင့်ဆော့ကစားနေပုံမျိုးနှင့် ဆင်ဆင်တူလှသည်။

ယခု ၂ဝ၁၅တွင် လက်ရှိအာဏာရပါတီ နှင့်အတိုက်အခံတို့ အားပြိုင်လုဆဲဆဲကာလတွင် ဒေါ် အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ကြားခဲ့ခြင်းဖြစ် သည်။ ထိုအပေါ်၌ လေ့လာသုံးသပ်သူများနှင့် နိုင်ငံ ရေးလောကတွင် ဝေဖန်မှုများအမျိုးမျိုးဖြစ်ပေါ်ခဲ့သည်။ ထူးခြားသည်က တိုက်တိုက်ဆိုင်ဆိုင်ပင် ဒေါ်အောင် ဆန်းစုကြည်တရုတ်ပြည်သို့ရောက်သည့်နေ့မှာပင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ကတစ်ဖက်သတ်စစ်ကို ရပ်စဲလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏တရုတ်ပြည်ခရီးစဉ်တွင် ထူးခြားမှုများစွာရှိသည်တို့ အနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုံ ခြုံရေးအရ စစ်ဆေးခံရသည့်ဓာတ်ပုံတစ်ပုံ လူမှုကွန် ရက်စာမျက်နှာပေါ်တွင်ပြန့်နှံ့ခဲ့ခြင်းလည်း တစ်ခုအ ပါအ ဝင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် ကို အစိုးရသတင်းစာက 'ပြည်သူ့လွှတ်တော်တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့သည်'ဟု သတင်းရေး ခဲ့သည်။ အမှန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် ဖိတ်ကြားခဲ့ခြင်းသာဖြစ်သည်။ လေ ဆိပ်တွင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ခေါင်းဆောင်ထိပ် တန်းပုဂ္ဂိုလ်များသာ(တစ်ခါတစ်ရံထင်ရှားကျော်ကြား သူများပင်) လေယာဉ်ကွင်းအထူးနားနေခန်းမှတစ် ဆင့် အစစ်အဆေးမရှိ ဝင်ရောက်သည်မျိုးရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထိုသို့စစ်ဆေးမှုကို ပြုံးရွှင်ကျေနပ်စွာခံယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည် သို့ NLD ဥက္ကဋ္ဌအနေဖြင့်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော် မတီဥက္ကဋ္ဌအနေဖြင့်ဖြစ်စေသွားရောက်သည့် ကိုယ် စားပြုခေါင်းစဉ်ကအရေးမကြီးဟုထင်ပါသည်။ ဒေါ် အောင်ဆန်းစုကြည်သည် တိုင်းပြည်ကိုချစ်မြတ်နိုးသူ ဖြစ်သည်။ ကိုယ်ကျိုးစွန့်အနစ်နာခံသူဖြစ်သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ် တွင် နိုင်ငံနှင့်ပြည်သူ့အရေးကိုသာ ရှေ့တန်းတင်လိမ့် မည်ဟု မမှိတ်မသုန်ယုံကြည်ပါသည်။

မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးတရုတ်ပြည်ခရီးစဉ်သည် မြန်မာ-တရုတ် ဆက်ဆံရေးအတွက်သော်လည်းကောင်း၊ မြန်မာ့အ နာဂတ်နိုင်ငံရေးအတွက်သော်လည်းကောင်း ကောင်း သောအရွေ့တစ်ခုဖြစ်သည်ဟု သုံးသပ်မိပါကြောင်း။

Flower News Journal

No comments:

Post a Comment