10-6-2015
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟုန်လေ သည် ယမန်နေ့ ၉-ရက်နေ့က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင်၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ တင်ပြခဲ့သော သက်ဆိုင်ရာတောင်းဆိုချက်ကို လက်တွေ့ကျကျတုံ့ပြန်ရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူ ဟုန်လေ က၊ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်မှာ ပြတ်ပြတ်သားသားရှိကြောင်း၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုသည် တရုတ်-မြန်မာနယ်စပ်ဒေသ၏ အေးငြိမ်းသာယာမှုအတွက် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအား တရုတ် နိုင်ငံမှတင်ပြခဲ့သောသက်ဆိုင်ရာတောင်းဆိုချက်ကို လက်တွေ့ကျကျတုံ့ပြန်ပြီး အငြင်းပွားမှု ကို အလျင်အမြန်အဆုံးသတ်စေကာ တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု နှင့် ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
No comments:
Post a Comment