###### ကူးယူဖော်ပြ ######
သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ
မူဆယ်မြို့ဟာ လောင်းကစားမြို့တော်ကြီး ဖြစ်နေပါပြီ။တဖက်တရုတ်နိုင်ငံမှသူဌေးများက ပြည်သူ့စစ်အဖွဲ့များနဲ့ပေါင်းကာ လောင်းကစားမျိုးစုံ ပေါ်ပေါ်တင်တင်ပြုလုပ်နေကြပါတယ်။
မူဆယ်မြို့ပေါ်ရှိ ဌာနဆိုင်ရာအားလုံးကို လိုင်းကြေး သဘောမျိုးပေးပြီး လုပ်ကိုင်နေခြင်းဖြစ်ပါ တယ်။ အဓိကကတော့ ထွေအုပ် နဲ့ ရဲ တွေကို ပေးရကြောင်း လောင်းကစားသမားဒိုင်များနဲ့ နီးစပ်သူများကပြောပါတယ်။
ရဲတပ် ဖွဲ့က ဟန်ပြဖမ်းပြတယ်။ဒါမှမဟုတ် လိုင်းကြေးမပေးသည့် ငါးပစ်ဂိမ်းဆိုင် တစ်ချို့ကိုဖမ်း တယ်။ ပြီးရင် လောင်းကစားပစ္စည်း ဂိမ်းစက်များကို ပြန်ရောင်းစားကြကြောင်းသိရပါတယ်။
မူဆယ်ရဲစခန်း(ပ)၁၆၇/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)အမှုမှ သက်သေခံ
ပစ္စည်းများနဲ့ (ပ)၁၆၇/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)အမှုမှ သက်သေခံ
ပစ္စည်းများအား စခန်းမှူးနဲ့ အမှုစစ်ပေါင်းပြီးလောင်းကစားသမားများထံ ပြန်လည်ရောင်းစားကြောင်း သိရှိရပါတယ်။
ဒီလိုမျိုးဆိုရင် ဘယ်လိုလုပ်ပြီးလောင်းကစားမှု ပပျောက်တော့မလဲ။ မူဆယ်တွင် ငွေဆင်အိမ်ယာ အတွင်း ကလပ်ဝိုင်းတွင် လောင်းကစားနည်းမျိုးစုံ။ပြည်သူ့စစ် ကျော်နိုင် ဝိုင်းတွင် လောင်းကစား နည်းမျိုးစုံ ပေါ်တင်ပြုလုပ်နေတာတွေ့ရပါတယ်။
ဒီလို လောင်းကစားဝိုင်းများ၊ ဂိမ်းဆိုင်များမှိုလိုပေါများနေတဲ့ မူဆယ်မှာ လူငယ်များ၊ သားသမီး များအတွက် စိတ်မအေးဖြစ်ရပါတယ်။
ဒါ့ကြောင့် အမြန်ဆုံးရှင်းလင်းပေးကြပါရန် ရေးသားလိုက်ရပါသည်။
လေးစားစွာဖြင့်
စိုင်းရွှေလီ
သျှမ်းသံတော်ဆင့်
No comments:
Post a Comment