
မြန်မာအစိုးရနှင့်ကိုးကန့်လက်နက်ကိုင်အဖွဲ့များကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျရောက်ခဲ့သည့် တရုတ်-မြန်မာနယ်စပ်တွင် လာမည့်အင်္ဂါနေ့မှစတင်၍ တရုတ်စစ်တပ်ကလက်နက်အစစ်များကိုအသုံးပြု၍ စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်သွားမည်ဟုတရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင်ကြေညာလိုက်ကြောင်းသိရသည်။
မြန်မာကိုးကန့်ဒေသနှင့်ဆက်စပ်လျှက်ရှိသည့် တရုတ်ပြည် ယူနန်ခရိုင် ရှိစီရင်စု၂ခုတွင်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် လေကြောင်းတပ်ဖွဲ့တို့ပူးပေါင်း၍ စစ်ရေး လေ့ကျင့်မှုများကိုပူးတွဲပြုလုပ်သွားမည်ဟု PLA မှ ပြောရေးဆိုခွင့်ရ ဇောင် ပီကွန်းကပြောသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုများကြောင့် ဒေသခံများအပေါ်တစ်စုံတစ်ရာသက်ရောက်မှုများရှိမည်မဟုတ်သော်လည်းကန့်သတ်ထားသည့်နယ်နမိတ်များရှိမည်ဖြစ်ကာ ယင်းနေရာများသို့မသွားရန်တင်းကြပ်စွာတားမြစ်ထား မည့်အပြင် ယင်းဧရိယာတစ်ဝိုင်လေကြောင်းပျံသန်းမှုများလည်းပိတ်ပင်ထားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန် ကြီးဌာနက ပြောသည်။
စစ်ရေးလေ့ကျင့်မှုပြီးဆုံးမည့်ရက်ကို မကြာမီတွင်ထုတ်ပြန်သွားဖို့ရှိပြီး အထက်ပါကုန်းနှင့်လေစစ်ရေးလေ့ကျင့်မှုအကြောင်းနှင့်ပတ်သက်၍ မြန်မာအစိုးရကိုအကြောင်းကြားထားပြီးဖြစ်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာန ကဆိုသည်။
မြန်မာတပ်ဖွဲ့နှင့်ကိုးကန့်လက်နက်ကိုင်အဖွဲ့များကြားတိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့်ကိုးကန့်ဒေသခံ ထောင်နှင့်ချီ၍ နေရာအနှံ့အပြားသို့ထွက်ပြေးခဲ့ရပြီး တရုတ်နိုင်ငံအတွင်းသို့လည်း စစ်ဘေးရှောင်ရန်ဝင်ရောက် ခိုလှုံခဲ့ကြသည်။
မြန်မာစစ်တပ်ဘက်မှပစ်လွှတ်လိုက်သောလက်နက်ကြီးတရုတ်နယ်နမိတ်ထဲသို့ ပထမအချိန် ကျရောက်သွား သည့်အချိန်က ကြံခင်းထဲတွင်အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား ၅ဦးသေဆုံးပြီး ၈ ဦးခန့်ဒဏ်ရာရသွားသည့်အတွက်တရုတ်ကမြန်မာအစိုးရကိုဒေါသူပုန်ထခဲ့ပြီး မြန်မာအစိုးရဖက်မှတောင်းပန်မှုများပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့်လတွင်လည်းတရုတ်နိုင်ငံအနောက်တောင်ဘက်သို့ မြန်မာဘက်မှဗုံးနှစ်လုံးကျရောက်ခဲ့သည့် အတွက် တရုတ်နိုင်ငံသား ၁ဦးနှင့်မြန်မာနိုင်ငံသား၎ဦးစုစုပေါင်း၅ဦးတို့ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း တရုတ်အာဏာပိုင်တို့က ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံကိုအနောက်နိုင်ငံများကပိတ်ဆို့ကန့်သတ်မှုများပြုလုပ်ခဲ့သည့်အချိန်တွင် မြန်မာအစိုးရကို ဘေဂျင်း အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့ပြီး အစိုးရနှစ်ရပ်အတော်ပင်ပလဲနံပသင့်ခဲ့သည်။သို့သော် ၂၀၁၁ ခုနှစ်မှစတင်၍ သမ္မတဦးသိန်းစိန်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် အမေရိကန်နိုင်ငံအပါအဝင်အနောက်အုပ်စုများနှင့်ဆက်ဆံရေးတိုးမြှင့်ခဲ့သည့်အချိန်မှစ၍ မြန်မာအစိုးရနှင့်ဘေဂျင်းအစိုးရကြားဆက်ဆံရေးတစ်စ ထက်တစ်စ ကျဲပါးလာခဲ့သည်။
The Myanma Age
No comments:
Post a Comment