တစ်ဖက်သတ်အပစ်ရပ်သတဲ့လား ဖုန်ကြားရှင်
15/6/2015
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စတင်ကျူးကျော်တိုက်ခိုက်လာခဲ့တဲ့
ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် သောင်းကျန်းသူများရဲ့
အခိုင်အမာစခန်းများကို အစိုးရတပ်မတော်မှ ဆက်တိုက်ဆိုသလို တိုက်ခိုက်
သိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့်
ကိုးကန့်သောင်းကျန်းသူများအနေနဲ့ နယ်စပ်မျဉ်း တစ်လျောက် ကစဥ့်ကလျားဖြင့်
ဆုတ်ခွာထွက်ပြေး နေရတဲ့အခြေအနေကို ကြားသိရပါတယ်။ ဒါကြောင့် ဇွန်လ ၁၀
ရက်နေ့မှာ ကိုးကန့် သောင်းကျန်းသူများဟာ စာရွက်တစ်ရွက်ဖြင့် တစ်ဖက်သတ် စစ်ပွဲရပ်စဲတယ်ဆိုပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တာကို တွေ့ရှိရတယ်။
ကြေညာချက်ထဲမှာ ဖော်ပြထားတာက တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုနဲ့
ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် တစ်ဖက်သတ် စစ်ရပ်စဲပြီး မိမိကိုယ်ကို
ကာကွယ်သည့် အခွင့်အရေးကိုသာ ဆက်လက်ဆုပ်ကိုင်သွားမည်ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီကြေညာစာရွက်ဟာ ဘယ်လောက်အတိုင်းအတာထိ ခိုင်မာမှုရှိတယ်ဆိုတာကို မည်သူမှ
အာမမခံနိုင်ပါဘူး။
ရှင်းရှင်းပြောရရင်တော့ ဒီကြေညာချက်ဟာ အစိုးရတပ်မတော်ရဲ့
ထိုးစစ်ကြောင့် အထိနာသွားတဲ့ ကိုးကန့်သောင်းကျန်းသူများဟာ
၎င်းတို့စစ်အင်အားကို ပြန်လည်ဖြည့်ဆည်းလိုတဲ့အတွက် ရေးသားထားတဲ့
စာရွက်တစ်ရွက်သာ ဖြစ်ပါတယ်။
ဒီလိုပြောတာဟာ တစ်ဖက်သတ်
စစ်ပွဲရပ်စဲပါတယ်ဆိုတဲ့ ကြေညာချက်အပေါ် သက်သက်သံသယ ၀င်တယ် လို့
ထင်ချင်ထင်ကြပါလိမ့်မယ်။ သံသယ ၀င်တာမဟုတ်ပါဘူး။
ကိုးကန့်သောင်းကျန်းသူများကို အယုံအကြည် ကိုမရှိတာပါ။ လောက်ကိုင်မြို့ကို
သိမ်းပိုက်ဖို့အတွက်ဆိုပြီး ကိုးကန့်ဒေသကို စတင်တိုက်ခိုက် လာတာဟာ
ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူများသာ ဖြစ်ပါတယ်။
ဖုန်ကြားရှင်ဟာ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်
ပေးထားခဲ့တဲ့မျက်နှာကိုတောင် မထောက်ထားဘဲ လောက်ကိုင်ဒေသကို အင်အားသုံး
တိုက်ခိုက်လာတာဖြစ်တဲ့အတွက် အခုလို ထိခိုက်ကျဆုံးမှုများစွာနဲ့
ရပ်တည်ရန်ခက်ခဲနေတဲ့ အချိန်ကျမှ တစ်ဘက်သတ် စစ်ပွဲရပ်ပါတယ်ဆိုလာတာမျိုးဟာ
ယုံကြည်လက်ခံနိုင်စရာကို မရှိတာပါ။
တကယ်လို့ အခုအချိန်မှာ
ကိုးကန့်သောင်းကျန်းသူများအနေနဲ့ သူတို့လုပ်ဆောင်ခဲ့တဲ့ အမှားကိုသိရှိပြီး
နောင်တ ရနေပြီဆိုရင်တော့ အကြွင်းမဲ့လက်နက်ချဖို့ပဲ ရှိပါတယ်။ အခုတော့
လက်နက်ချခြင်းမဟုတ်ဘဲ အထိနာချိန်ကျမှ တစ်ဖက်သက် စစ်ပွဲရပ်တယ်ဆိုတာဟာ
စစ်အင်အားကို ပြန်လည်စုဖွဲ့နိုင်ရန်အတွက် ထုတ်ပြန်တဲ့ ကြေညာ
ချက်တစ်ခုသာဖြစ်ပြီး အင်အားပြန်လည်တောင့်တင်းတဲ့အခါမှာ ကိုးကန့်ဒေသကို
ပြန်လည်တိုက်ခိုက်ဖို့ မလွဲမသွေ ကြိုးစားလာမှာဖြစ်ပါတယ်။ ဒါကြောင့်
ကိုးကန့်သောင်းကျန်းသူများအနေနဲ့ လက်နက်မချနိုင်ဘူး ဆိုရင်
အစိုးရတပ်မတော်အနေနဲ့ ၎င်းတို့ထုတ်ပြန်ချက်ကို စာရွက်တစ်ရွက်လိုသာ သဘောထားပြီး
ဆက်လက် တိုက်ခိုက်ချေမှုန်းသင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း
ပြောကြားလိုပါတယ်
ေ ဇ်ာမင်း
No comments:
Post a Comment