##### သူ့အတွေး သူ့အမြင် #####
( မြန်မာပြည်၏ အခြေအနေသည် လုံးဝလုံးဝ မကောင်းပါ )
တရုတ်မြန်မာနယ်စပ် စစ်ရေးအခြေအနေတွေကြောင့် ဒေါ်လာဈေး နှင့် ရွှေဈေး အကြီးအကျယ်တက်တော့မည် ။
မြန်မာအစိုးရကတော့ စစ်သု...ံးစားရိတ်များအတွက် ဖန်တီးဖို့ တသောင်းတန်ငွေစက္ကူတွေ ကုဋေပေါင်းများစွာချီပြီး ထုတ်ထား၍ တောင်သူလယ်သမားများထံမှ လယ်ယာထွက်ပစ္စည်းများကို ခရိုနီများမှတဆင့် အဆမတန်ဈေးပေး၍ ဝယ်ယူမည်ဖြစ်ပြီး ရွှေနှင့်ဒေါ်လာများကိုလည်း စစ်လက်နှက်အတွက် ထိုနည်းတူ နည်းမျိုးစုံနှင့် ပတ်သိမ်းတော့မည်ဟု သတင်းရထားသည် ။

ဝဒေသမှ နယ်မြေခွဲထွက်ရေး ကြေငြာနိုင်သည် ၊ ထိုသို့ ကြေငြာ၍ စစ်ဖြစ်ပါက တရုတ်က တရုတ်အမျိုးသားကာကွယ်ရေး ဥပဒေဖြင့် ကူညီရန် စစ်ရေးလေ့ကျင့်မှု့ဟုဆိုကာ ဝဒေသအနီးတွင် ကြိုတင်နေရာယူပြီး ယနေ့မှစ၍ စစ်ရေးလေ့ကျင့်မှု့များ စတင်နေပြီ ဖြစ်သည် ။
မြန်မာပြည်ဘက်မှ မည်သည့် နိုင်ငံကမျှ ကူညီကြမည်မဟုတ်သဖြင့် အခြေအနေက မြန်မာပြည်၏ မြေပုံအရှေ့ခြမ်းသည် တရုတ်ပြည်၏ လက်တွင်းသို့ ကျရောက်ရတော့မည်ဟု ခန့်မှန်းရသည် ။
မြန်မာစစ်တပ်က ကိုးကန့်စစ်သား တထောင်ခန့်ကို ၃ လကျော်တိုက်ခဲ့ရသည် ။ ဝစစ်တပ်တွင် အပြည်အဝတိုက်ခိုက်နိုင်သည့် စစ်သားဦးရေ ရှစ်သောင်းခန့်ရှိပြီး တရုတ်နိုင်ငံထုတ် စစ်သုံးတင့်ကားများ တရာကျော်ရှိကာ စစ်သုံးရဟတ်ယာဉ်မှာ အစီးရေ ၁၅ စီးခန့် ရှိနေပြီး မြေပြင်မှ ဝေဟင်ပစ်ဒုံးများလည်း တပ်ဆင်ထားသည်ဟု သိရသည် ။
တရုတ်မှ ဝနှင့် တရုတ်နယ်စပ်တလျှောက်တွင် ခေတ်မှီစစ်လက်နှက် အပြည့်အစုံဖြင့် စစ်သားဦးရေ ငါသောင်းခန့် လာရောက်ချထားပေးပြီး ဝကို စစ်ကူပေးနိုင်ရန် စစ်ရေးလေ့ကျင့်မှု့ စတင်နေပြီး ဖြစ်သည် ။
မြန်မာပြည်၏ အခြေအနေသည် လုံးဝလုံးဝ မကောင်းပါ ။ ။
( ဦးနိုင်ဝင်း လန်ဒန် )
တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်တွင် တရုတ်စစ်ရေးလေ့ကျင့် (ရုပ်သံ)
By ဒီဗွီဘီ 2 June 2015
တရုတ်-မြန်မာ နယ်စပ် တောင်ဘက်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၁၀၅-၁ မှ နယ်ခြားမှတ်တိုင် အမှတ် ၁၄၄-၄ အထိ တရုတ်နိုင်ငံက လက်နက်တွေ အသုံးပြု၍ ကြည်းနှင့် လေ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။
ဒေသခံတွေကိုတော့ စစ်ရေးလေ့ကျင့်မှုလုပ်မယ့် ဧရိယာထဲကို ၀င်ခွင့်ပိတ်ပင်ထားပြီး လေယာဉ်တွေကိုလည်း ခွင့်ပြုချက်မရှိဘဲ စစ်ရေးလေ့ကျင့်ပမယ့် လေပိုင်နက်အတွင်း ဖြတ်သန်း မသွားဖို့ သတိပေးထားပါတယ်။

No comments:
Post a Comment