Tuesday, June 9, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ထွက်ခွာ

၁၀-၆-၂၀၁၅



အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၅း၃၀ တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ြပည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့သွားရောက် ရန်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများမှ လေဆိပ်အ၀င်မှ ဦးစွာကြိုဆိုကြပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးဦးတင်ဦး၊ ဗဟိုအလုပ်အ မှူဆောင်ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း နှင့်တာဝန်ရှိသူများမှ ပြည်သူများနှင့် အတူ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် လေဆိပ်ဧည်ခန်းမဆောင်တွင် ခေတ္တနားပြီးနောက် PG 706 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှ တဆင့်  တရုတ်နိုင်ငံ ပီကင်းသို့ သွားရောက်ရန်ထွက်ခွါသည်။ အဆိုပါ ခရီးစဉ်သည် ၁၀.၆.၂၀၁၅မှ ၁၄.၆.၂၀၁၅အထိ (၅)ရက်ကြာ မြင့်မှာဖြစ်ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောNLD ပါတီကိုယ်စားလှယ်အဖွဲ့ရဲ့ အလည်အပတ် ခရီးစဉ်မှာ တရုတ်သမ္မတရှီဂျင့်ပင် အပါအ၀င် တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင် တွေနဲတွေ့ဆုံမှာဖြစ်တယ်။

တရုတ်နိုင်ငံခရီးစဉ်သို့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့ 
 လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့်  ဥက္ကဌရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားသည်။

ဓာတ်ပုံ- NLD CHAIRPERSON

No comments:

Post a Comment