9-6-2015
၂၀၁၅ခုနှစ် ဇွန်လ၈ရက်နေ့တွင်ရန်ကုန်မြို့Novotal Hotel ၌ကျင်းပသောမြန်မာ-တရုတ်သံတမန်ဆက်ဆံရေး၆၅နှစ်မြောက်အခမ်းအနားကြီးတွင်မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးစိန်ဝင်းအောင်အားChina.comကအထူးတွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဥက္ကဋ္ဌဦးစိန်ဝင်းအောင်က တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဝါရင့်သံတမန်တစ်ဦးဖြစ်သည်။ ဥက္ကဋ္ဌကြီးက “ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး စတင်လုပ်ဆောင်ချိန်မှ ယနေ့အချိန်အထိ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး၅ချက် အပါအဝင်နယ်စပ်နယ်နိမိတ်၂၂၀၀ကီလိုမီတာအတွင်း ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးဆောင်ရွက်ချက်များဟာ နှစ်နိုင်ငံဆက်ဆံရေး၏ အသီးအပွင့်များပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း မပျက်ယွင်းအောင်ဆက်လက်ထိန်းသိမ်းသွားရ မည်ဖြစ်ကြောင်း၊ နယ်စပ်ငြိမ်းချမ်းရေးကိစ္စများကိုလည်း ဆောင်ရွက်ပြီးစီးသွားကြောင်း” ပြောကြားသည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၆၅နှစ်မြောက်အထိမ်းအမှတ်ကို အခြေခံ၍ပြည်သူအချင်းချင်းချစ်ကြည်ရေးကို ရှေးရှုကာနှစ်နိုင်ငံချစ်ကြည်ရေးအသင်းတို့မှာ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အပါအဝင်လုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိသည်။ "၆၅နှစ်မြောက်မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ဇွန်လ၂၈ရက်နေ့မှ ဇူလိုင်လ၆ရက်နေ့အထိ တရုတ်နိုင်ငံပေကျင်းမြို့သို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှလူကြီးများနှင့် တွေ့ဆုံရန်ရှိသည်” ဟုဥက္ကဋ္ဌကြီးက China.comသတင်းထောက်အား ပြောပြပါသည်။
“တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုကိစ္စများ၊ မီးရထားလမ်းအသစ်ဖောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရွှေလီ-မူဆယ်ကုန်သွယ်ရေးဇုန် ဖွင့်လှစ်နိုင်ရေးကိစ္စများကို ဆွေးနွေးဆောင်ရွက်ပြီးဖြစ်သည်။ ဒီကိစ္စများအားလုံးသည်မျှတသော နှစ်နိုင်ငံဆက်ဆံရေးမှ ဖြစ်ပေါ်လာသောအသီးအပွင့်များဖြစ်ကြောင်း" ဥက္ကဋ္ဌဦးစိန်ဝင်းအောင်က ပြောကြားသွားသည်။။
(China.com သတင်း)
No comments:
Post a Comment