တရုတ် - မြန်မာ နဲ့ ဆက်စပ်တဲ့သတင်းတွေကို စုစည်းတာဖြစ်ပါတယ်။ သတင်းစကားပါးချင်ရင် burmabornchinese2015@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Saturday, June 13, 2015
Chinese Bridge တရုတ်စာပေပြိုင်ပွဲ ရန်ကုန်တိုင်းတွင်းဖိုင်နယ်ပွဲအား ရန်ကုန်မြို့တွင်ကျင်းပ
12-6-2015
ဇွန်လ ၁၂ရက်နေ့လည် ၂နာရီအချိန်တွင် ၂၀၁၅ခုနှစ်အတွက် Chinese Bridge အထက်တန်း၊ အလယ်တန်းကျောင်းသားများ တရုတ်စာပေပြိုင်ပွဲကိုရန်ကုန်မြို့ရှိ တရုတ်သံရုံးအနုပညာဌာနခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းဖိုင်နယ်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသအသီးသီးမှ ပြိုင်ပွဲဝင် ၁၀ဦးလာရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင်ကျသင့်ရာခေါင်းစဉ်ဖြင့် ကျပန်းစကားပြောကြားခြင်း၊ လက်တန်းမေးခွန်းအမေးအဖြေနှင့် အနုပညာစွမ်းရည်စသည့် သုံးမျိုးဖြင့်ယှဉ်ပြိုင်ဖြေဆိုကြရသည်။ ထို့နောက် အထက်တန်း၊ အလယ်တန်းအဆင့်ရှိ ကျောင်းသားများထဲမှ ပထဆုတစ်ဆုစီရွေးချယ်ခဲ့သည်။ ထိုဆုရရှိသူမှာတရုတ်နိုင်ငံ၌် ကျင်းပသောChinese Bridge တရုတ်စာပေပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ပြီးကမ္ဘာ့နိုင်ငံအသီးသီးမှ ရွေးချယ်ခံရသူများနှင့်အတူတစ်ကွတွေ့ဆုံပြီးပညာချင်းဖလှယ်နိုင်ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးသံမှူးကြီးMr. Chen Chenနှင့် အနုပညာသံမှူးMr. Wang Rui Qing တို့တက်ရောက်အားပေးခဲ့ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment