Monday, June 15, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန် ၁၄

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် တရုတ်နိုင်ငံမှ ရန်ကုန်သို့ ဇွန် ၁၄ရက် မွန်းလွဲ ၂ နာရီတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ပထမဆုံးအ ကြိမ်အဖြစ် သွားရောက်သည့် ဒေါ် အောင်ဆန်းစုကြည်သည် ဇွန် ၁ဝ ရက်တွင် ရန်ကုန်မြို့မှစတင်ထွက် ခွာပြီး ဇွန် ၁၄ ရက်တွင် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဝင်များနှင့်ပြည်သူ များစွာလည်း လာရောက်ကြိုဆိုခဲ့ ကြသည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင် ဆန်းစုကြည်သည် တရုတ်သမ္မတရှီ ကျင့်ဖျင်နှင့် ဇွန် ၁၁ရက် မွန်းလွဲပိုင်း တွင် ပေကျင်းမြို့၊ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်လေဆိပ်တွင် တရုတ်ခရီးစဉ် နှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ် ချက်ပေးပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

''လူတွေကလဲ များနေတယ်။ ဘယ်လိုလုပ်ဖြေချိန်ရမှာလဲ။ မနက် ဖြန်လဲ လွှတ်တော်တက်ရမယ်။ လွှတ် တော်တက်ပြီးလို့ အားတဲ့အချိန်မှ မီဒီယာကို သူမရဲ့တရုတ်ခရီးစဉ်ကို ရှင်းပြပါလိမ့်မယ်''ဟု ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံတော်အစိုးရ၊ ပါတီနှင့် လွှတ်တော်ခေါင်းဆောင်များ ဖြစ် ကြသည့် တရုတ်နိုင်ငံ ပြည်သူ့နိုင်ငံ ရေးအတိုင်ပင်ခံကွန်ဖရင့် (ဃဏဏဃဃ) ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ ပြည်ပဆက် သွယ်ရေးဌာနဝန်ကြီး ဝမ်ကျားရွေ့၊ တရုတ်နိုင်ငံတော် ကောင်စီဝင် ယန် ကျဲ့ချီ၊ တရုတ်ပြည်သူ့ကွန်ဂရက် (လွှတ်တော်) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံအမျိုး သမီးသမဂ္ဂဥက္ကဋ္ဌစိန်ယွဲ့ယွဲ့၊ တရုတ် ကွန်မြူနစ်ပါတီ ရှန်ဟိုင်းမြို့ကော် မတီ အထွေထွေအတွင်းရေးမှူး ဟန်ကျိမ့်နှင့် တရုတ်ကွန်မြူနစ် ပါတီ ယူနန်ပြည်နယ်ကော်မတီ အ ထွေထွေအတွင်းရေးမှူး လီကျိဟိန် တို့နှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံခရီးစဉ်တွင် ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ ဒေါက် တာတင်မာအောင်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာ သော်နှင့် ဦးဖြိုးမင်းသိန်းတို့အတူ လိုက်ပါခဲ့သည်။

DM

No comments:

Post a Comment