Saturday, June 13, 2015

မြန်မာနှင့်တရုတ်အိမ်နီးချင်းကောင်းနိုင်ငံများဖြစ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုနှစ်ကာလများစွာထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တရုတ်သံအမတ်ကြီးအားပြောကြား

နေပြည်တော် ဇွန် ၁၂

၁၉၄၉ ခုနှစ်မှစတင်ခဲ့သည့်သံတမန်ဆက်ဆံရေးမှာ နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာညောင်းခဲ့ပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ (၅)ချက်အား နှစ်နိုင်ငံလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည်မှာလည်း (၆၁)နှစ်ပြည့်မြောက်တော့မှာဖြစ်ကြောင်း၊ နှစ်နိုင်ငံအိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအား နှစ်ကာလများစွာထိန်းသိမ်းဆောင်ရွက်နိုင်ခြင်းကို ဝမ်းမြောက်ဖွယ်ရာတွေ့ရပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာယန်ဟို့လန်အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ် မတော်အရာရှိကြီးများတက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.Yang Houlan နှင့်အတူ စစ်သံမှူး Senior Colonel Wang Jinbo နှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တရုတ် -မြန်မာဆက်ဆံရေးသမိုင်းတွင် ၁၉၄၈ ခုနှစ်ဝန်းကျင်က တရုတ် ဖြူကူမင်တန်များ တရုတ်နိုင်ငံမှ ထွက်ပြေး၍မြန်မာနိုင်ငံရှမ်းပြည် အရှေ့ပိုင်းသို့ ဝင်ရောက်လာခြင်းကို အိမ်နီးချင်းကောင်းနိုင်ငံဖြစ်သည် နှင့်အညီ မြန်မာ့တပ်မတော်က တော်တော်ခက်ခက်ခဲခဲဖြင့်တိုက်ခဲ့ ရပါကြောင်း၊တရုတ်နိုင်ငံ၏အချုပ် အခြာအာဏာကိုထိပါးမည့်ကိစ္စ ရပ်များကို မြန်မာနိုင်ငံအနေဖြင့် လက်မခံသည်ကို ယင်းဖြစ်ရပ်က သက်သေပြခဲ့ပါကြောင်း၊တရုတ်ဖြူ များကို တိုက်ထုတ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်မှု ရလာပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ယဉ်ကျေးမှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်လာသည် ကိုတွေ့ရပါကြောင်း၊ ထိုအချိန်က မြန်မာနိုင်ငံအနေဖြင့် ပါလီမန်ဒီမို ကရေစီစနစ်ကျင့်သုံးချိန်ဖြစ်သော် လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ သဘောထားကြီးမှု၊ အိမ်နီးချင်း ကောင်းပီသမှုများကို ထိုအချိန် ကတည်းကစတင်ပြသခဲ့ပါကြောင်း၊ ယင်းနောက်ပိုင်း တော်လှန်ရေး ကောင်စီခေတ်လမ်းစဉ်ပါတီအစိုးရ ခေတ်တစ်လျှောက်လုံးတရုတ်နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စွာတွေ့ရပါကြောင်း၊ ပိုမိုထင်ရှား သည်မှာ ၁၉၈၈ခုနှစ် နောက်ပိုင်း တပ်မတော်ကအခြေအနေအရပ်ရပ် ကြောင့် နိုင်ငံတော်အာဏာရယူ ထိန်းသိမ်းခဲ့ရာတွင်နိုင်ငံရေးအကျပ် အတည်း၊စီးပွားရေးအကျပ်အတည်း များကို တရုတ်နိုင်ငံအနေဖြင့်ကူညီ အားပေးခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အစိုးရချင်း၊ နိုင်ငံ ချင်းပြဿနာကြီးကြီးမားမားမရှိ ခဲ့ဘဲနယ်စပ်ဒေသရှိ လူပုဂ္ဂိုလ်၊အဖွဲ့ အစည်းများ၏လုပ်ဆောင်ချက်များ အပေါ်မူတည်ပြီး အခက်အခဲဖြစ် သည်ဟုရှုမြင်ပါကြောင်း၊ သို့ဖြစ်၍ နယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့်ပတ် သက်ပြီး တရားဥပဒေနှင့်အညီငြိမ်း ချမ်းစွာဆောင်ရွက်နိုင်သည့်နည်း လမ်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင် ရွက်ပေးစေလိုပါကြောင်းဖြင့် ပြော ကြားသည်။

ဧည့်သည်တော်သံအမတ်ကြီး က နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သက်တမ်း ၆၅ နှစ်ရှိခဲ့ပြီဖြစ်ပါ ကြောင်း၊ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေများ ဘယ်လို ပြောင်းပြောင်း၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုအခြေအနေ ပြောင်းလဲ ရန်မရှိပါကြောင်း၊ နှစ်နိုင်ငံ တပ် မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုမှာလည်း မဟာဗျူဟာ မြောက်ဆက်ဆံရေးတွင် များစွာ အရေးပါပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသမှာ တည်ငြိမ်အေးချမ်းမှု အမြန်ရရှိစေလိုပါကြောင်း၊ တည် ငြိမ်အေးချမ်းမှသာ စီးပွားရေးဖွံ့ဖြိုး တိုးတက်နိုင်ပါကြောင်း၊ ဖုန်ကြား ရှင်ဦးဆောင်သည့် တပ်ဖွဲ့များ ဝင် ရောက်ခဲ့ခြင်းသည်လည်း နှစ်နိုင်ငံ အကြား အနှောင့်အယှက်များစွာ ပေးခဲ့ပါကြောင်း၊ ချစ်ကြည်ရင်းနှီး သည့် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ အခက်အခဲများ ကိုအချိန်မီဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ ဖုန်ကြားရှင်ကိုဆက်သွယ်၍ကိုးကန့် ဒေသတွင်ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲ များရပ်စဲရန်၊ ပြဿနာကိုနိုင်ငံရေး နည်းဖြင့်ဖြေရှင်းပေးရန်တောင်းဆို ခဲ့ပါကြောင်း၊ လက်နက်ကိုင်ပဋိ ပက္ခများသည် နှစ်နိုင်ငံလုံးအတွက် အနှောင့်အယှက်ဖြစ်စေ၍ မြန်မာ နိုင်ငံပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ရပ်များအား အခိုင်အမာထောက်ခံ အားပေးပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က MNDAA မှ အပစ်အခတ် ရပ်စဲသည့်သတင်းကိုကြားသိရပါ ကြောင်း၊ ယင်းပြဿနာမှာတပ် မတော်က စတင်ခဲ့ခြင်းမဟုတ်ဘဲ ဖုန်ကြားရှင်အဖွဲ့မှ မစွန့်လွှတ်နိုင် သည့်အာဏာကို ပြန်လည်ရယူလို သဖြင့် လက်နက်ကိုင်ပဋိပက္ခကို ဖန်တီးပြီး အာဏာရယူရန် ကြိုး စားမှုဖြစ်ပါကြောင်း၊ မိမိ နိုင်ငံ တော်အစိုးရ၏အစိတ်အပိုင်းနှင့်မိမိ တပ်များကို လာရောက်တိုက်ခိုက် သဖြင့် ပြန်လည်တိုက်ထုတ်ရခြင်း သာဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူ ဝါဒအရ နိုင်ငံအားလုံးနှင့်မိတ်ဝတ် မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများအပေါ် အခြေခံပြီး အိမ်နီးနားချင်း နိုင်ငံ တစ်ခု၏ အကျိုးစီးပွားကိုထိခိုက် စေမည့်ကိစ္စရပ်များအားလုပ်ဆောင် မှုမရှိပါကြောင်းဖြင့် ပြန်လည်ဆွေး နွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E.Mr.Yang Houlan တို့သည် အဖွဲ့ဝင် များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရ သည်။

Union

No comments:

Post a Comment