Wednesday, June 17, 2015

ရေရာ မှု မရှိသော တရုပ်-မြန်မာ ပိုက်လိုင်း ကံကြမ္မာ

Fate of Myanmar-China Pipeline Project remains uncertain - WantChinaTimes.com
-------------

နှစ်ပတ် တစ်ကြိမ်ထုတ်ဝေ တဲ့ နိုင်ငံရေး နှင့် စီးပွားရေး ဆိုင်ရာ မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Guangzhou's South Reviews ရဲ့ အဆိုအရ ပိုက်လိုင်း အနီး မြန်မာတရုပ် နယ်စပ် မှာ ကုန်ခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင် တပ်ပေါင်းစု အပေါ် ပြင်းထတ် စွာ ဗုန်းကြဲ တိုက်ခိုက် ခဲ့ရာ တရုပ်နိုင်ငံသားများသေဆုံး ခဲ့ပြီးနောက် ဇန်န၀ါရီ လမှာ ဖွင့်လှစ်ခဲ့တဲ့ တရုပ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း နှင့် ဓါတ်ငွေ့ပိုက်လိုင်း ရဲ့ ကံကြမ္မာဟာ တရုပ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး အခြေအနေ ကို စစ်ဆေးပေးမဲ့ ဓါတ်ခွဲ ခန်းထဲက လစ်တမတ် စက္ကူ (Litmus Test) ဖြစ် လာပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ယူနန် နယ် မှာ တရုပ်နိုင်ငံသား ငါးဦး သေဆုံး ခဲ့ပြီးနောက် မတ် လ ကတည်းက မြန်မာ နိုင်ငံနှင့် မကြေမလေ ဖြစ်လာမှု ဟာ တရုပ်နိုင်ငံအတွက် သူ့ရဲ့ ရှည်လျှားသော နယ်စပ် အား လုံချုံ မှု ရှိစေဖို့ အခယာ ကျလာခဲ့ပါတယ်။ နှစ်နိုင်ငံ မကြေမလေ ဖြစ်နေခြင်းကြောင့် တရုပ်ရဲ့ စီမံကိန်း တစ်ခုဖြစ် တဲ့ One Belt and One Road ((One Belt One Road) OBORဆိုတာဟာ ပိုးလမ်းမကြီး စီးပွားရေး စင်္ကြန်နဲ့ ၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး ဖြစ်တယ်။)အခြေခံအဆောက်အဦးစီမံကိန်း ဟာ မြန်မာနိုင်ငံ ရဲ့ အရေးပါမှုကြောင့် တရုပ်အတွက် စိန်ခေါ် မှု တွေဖြစ်နေခဲ့ပါတယ်။ အဆိုပါ OBOR ဟာ ဘင်္ဂလားဒေ့ခ်ျ - တရုပ် - အိန္ဒိယ - မြန်မာ (BCIM) အတွက် အလွန်ပင်အရေးပါလှတဲ့ စီးပွားရေး စင်္ကြန် လမ်းမဖြစ်ပြီး တောင်ပိုင်းပိုးလမ်း မ ကို ချိတ်ဆက်မဲ့ အနောက်ဘက် စင်္ကြန်တစ်ခုဖြစ်ပါတယ်။

၂၀၁၂ တုန်းက ၊ တရုပ်၊ တောင်ကိုးရီးယား နှင့် အိန္ဒိယ တို့ ဦးဆောင်တဲ့ ရွေသဘာဝဓါတ်ငွေ့နှင့် ပိုက်လိုင်းစီမံကိန်းအား လူ့အခွင့်အရေး ချိုးဖောက်မှု ၊ လူမှုရေး၊ စီးပွားရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု များအား စိုးရိမ်ကါ ကမ္ဘာအရပ် ရပ်မှာ ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသားများ ဟာ ရိုးရာ ယဉ်ကျေးမှု ၊ နတ်ကိုးကွယ်မှု ဓလေ့အတိုင်း နိုင်ငံခြား ရင်းနှီးမြှုတ်နှံ မှု စီမံကိန်းတွေကို မကြာခန ဆန္ဒထုတ်ဖော် ဆုတောင်းပွဲ တွေ ပြုလပ်လေ့ရှိကြပါတယ်။ နတ် Nats ဆိုတာ ဒေသန္တာရ ဆိုင်ရာ ကိုးကွယ်သည့် ၀ိညာဉ် တစ်မျိုးဖြစ်ပြီး ၊ တခါတရံမှာ နတ်သမီး၊ နတ်သား သို့မဟုတ် အစောင့်အရှောက် များအဖြစ် ပြီး တနိုင်ငံလုံးအနှံ ကိုးကွယ်ယုံကြည်ကြပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ဘက် က တရုပ် ရင်းနှီး မြှုတ်နှံတဲ့ သတ္တု မိုင်း တစ်ခု အး ဆန့်ကျင်ကါ ဒေသခံတွေဟာ ရိုးရာနတ်အား ကိုးကွယ်၊ဆုတောင်းပွဲ ငါးကြိမ် တိတိ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ-တရုပ် ပိုက်လိုင်းမှာ ရေနံစိမ်း ပိုက်လိုင်းနှင့် ဓါတ်ငွေ့ပိုက်လိုင်း ဆိုပြီး ပိုက်လိုင်း နှစ်ခု ပါပါတယ်။ ရေနံပိုက်လိုင်း ကိုCNPC နှင့် မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့ အင်တာပရိုက် MOGE တို့က ပူးပေါင်း ရင်းနှီးမြှုတ်နှံ၊ တည်ဆောက်ကြတာဖြစ်ပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းကိုတော့ CNPC , MOGE, Daewoo International, KOGAS, Indian Oil and GAIL တို့က
ပူးပေါင်းအကောင်အထည် ဖော်ထားကြတာဖြစ်ပါတယ်။

ဒါပေမေ့ ဒေသခံတွေက တော့ ဒါဟာ တရုပ်ရဲ့ ကြီးမားတဲ့ စီမံကိန်းကြီး တစ်ခု အဖြစ်မြင်ပြီးတော့ CNPC ကိုပဲ ဦးတည် ဆန္ဒ ထုတ်ဖော် ကြပါတယ်။

ယခုကဲ့သို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖြစ်နေချိန်မှာ တည်ဆောက်ပြီးစီးပြီး လည်ပတ် နေပြီးဖြစ်သော ယ္ခု စီမံကိန်း ဟာလည်း တရုပ်ရင်းနှီးမြှုတ် နှံတဲ့ စီမံကိန်း များထဲက ပစ်မှတ်ထားစရာ တစ်ခုဖြစ် လာနိုင်ပါတယ်။
-------------------
ဘာသာပြန် သူ
အဒူ မင်းညို

http://www.wantchinatimes.com/news-subclass-cnt.aspx… အား တိုက်ရိုက် ဘာသာပြန်ဆိုထားပါသည်။

No comments:

Post a Comment