9-6-2015
ဇွန်လ ၈ရက်နေ့က ကျင်းပပြုလုပ်သော မြန်မာ တရုတ် သံတမန်ဆက်ဆံရေး (၆၅)နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ Novotel Hotel ၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရန်ဟို့လန်နှင့်ဇနီး ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ သံရုံးယာယီတာဝန်ခံများနှင့် စစ်သံမှူးများ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့်ဧည့်သည်တော်များသည် နှစ်နိုင်ငံ နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတိပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ရန်ဟို့လန် တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြသည်။
No comments:
Post a Comment