ဖြူသင်းခိုင်
ရန်ကုန် ဇွန် ၁၄
တရုတ်နိုင်ငံ၏ မွေးမြူရေးအစာ ကုန်ကြမ်းများကို ဝယ်လိုအားမြင့်တက်မှု ပေါ်မူတည်၍ပြည်တွင်းငါးကန်ပိုင်ရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် အစာကုန် ချောထုတ်လုပ်သူများတွင် ထိခိုက်မှုရှိနိုင် ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ၏သားငါးကဏ္ဍအစည်းအဝေးတွင် မြန်မာ နိုင်ငံ မွေးမြူရေးအစာကုန်ကြမ်း ထုတ်လုပ် ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌဒေါက်တာ သက်မှူးကပြောသည်။
''အစာကုန်ကြမ်းကတော့ တရုတ်ပဲ၊ တရုတ်ဝယ်လက်သိပ်မြင့်တဲ့အချိန်မှာ ဝယ် လိုအားက များရင် ဈေးနှုန်းတွေတက်လာ မယ်။ ပြည်တွင်းမှာ အစာကုန်ကြမ်းကို တကယ်သုံးတဲ့သူတွေ၊ အစာကုန်ချော ထုတ်တဲ့သူတွေ၊ ငါးကန်ပိုင်ရှင်တွေ၊ ငါး မွေးသူတွေဆီမှာသွားထိခိုက်တယ်''ဟု ၄င်းကပြောသည်။
တရုတ်နိုင်ငံ၏ ဝယ်လိုအားမြင့်တက် မှုပေါ်မူတည်၍ ပြည်တွင်းမွေးမြူရေး အစာကုန်ကြမ်းဈေးနှုန်းများမှာ အတက် အကျပြောင်းလဲမှုဖြစ်ပေါ်နေပြီး မွေးမြူရေး အစာကုန်ကြမ်းများကို တရုတ်နိုင်ငံမှ တရားမဝင်ဝယ်ယူမှုကြောင့် ပြည်တွင်းမှ ရရှိသင့်သော အခွန်ငွေများမှာလည်း ဆုံးရှုံး လျက်ရှိကြောင်း မြန်မာငါးလုပ်ငန်းအဖွဲ့ ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
''ဘုရင့်နောင်ဈေးကွက်ကို ရခိုင်၊ တနင်္သာရီကငါးခြောက်ကမနှစ်ကလောက် မဝင်တော့ဘူး။ ဝင်တဲ့ငါးခြောက်တွေကို လဲ မူဆယ်ကိုပို့တယ်။မူဆယ်ဈေးကွက်က အရင်က ငါးဝိုင်း၊ ငါးရုံးညိုလောက်ပဲယူ တယ်။ အခုမဟုတ်တော့ဘူး။ ငါးစုံတွေ ရော ငါးမြီးတန်သွယ်တွေရော ငါးမှန်သမျှ အခြောက်ဆို အကုန်ဝယ်သွားတယ်''ဟု ဒေါက်တာသက်မှူးကပြောသည်။
ရေထွက်ပစ္စည်းအစာကုန်ကြမ်းဖြစ် သော ငါးပေါင်းမှုန့်မှာ ယခင်နှစ်တွင် တစ် တန်လျှင် ကျပ် ၁ဝ သိန်းဈေးနှုန်းရှိသော် လည်း ယခုနှစ်တွင် တစ်တန်လျှင် ကျပ် ၁၅ သိန်းမှ ၁၆ သိန်းကြား ဈေးနှုန်းရှိ ကြောင်း၊ ယခုနှစ်တွင် ဈေးနှုန်းမြင့်တက် လာသည့်အပြင် ဝယ်ယူရန် ကုန်ပစ္စည်းမှာ လည်း ရှားပါး၍ ပစ္စည်းဝယ်ယူရန်ခက်ခဲ မှုရှိကြောင်း၊ ငါးပေါင်းမှုန့်ရှားပါး၍ ငါး ခြောက်များဖြစ်သည့် ငါးရုံးညို၊ ငါးဝိုင်း များသုံးစွဲရန်လည်း ငါးရုံးညိုနှင့် ငါးဝိုင်း များမှာ ယခင်နှစ်ထက် တစ်ပိဿာလျှင် ကျပ် ၅ဝဝမှ၈ဝဝ ကြား ဈေးနှုန်းမြင့်တက် မှုရှိကြောင်း သိရသည်။
ငါးခြောက်မှာ ကြက်စာနှင့်ငါးစာ လုပ်ငန်းများတွင် မရှိမဖြစ်သုံးစွဲရသော ကုန်ကြမ်းများဖြစ်၍ ယခုကဲ့သို့ တရုတ် နိုင်ငံမှ တရားမဝင်ဝယ်ယူမှုကို သက်ဆိုင် ရာ ဝန်ကြီးဌာနများသို့တိုင်ကြား၍အချိန်မီ တားဆီးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်း ရေးမှူးဦးဝင်းကြိုင်ကပြောသည်။
union
No comments:
Post a Comment