Saturday, June 13, 2015

တရုတ်၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒအရေးကြီးခေါင်းစဉ်များ

ကျော်သွင်ကို


တရုတ်နိုင်ငံသည် ယင်း၏စွမ်းရည်များနှင့် အညီ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ယင်း၏တာဝန် ယူမှုများကို ဖြည့်ဆည်းသင့်သည်ဟု CASS ၏ ရုရှား၊ အရှေ့ဥရောပနှင့် ဗဟိုအာရှလေ့လာရေးဌာန ကျောင်းအုပ်ကြီး ဝူအန်ယန်ကပြောသည်။ တရုတ် နိုင်ငံ၏ပတ်ပတ်လည်ရှိ နိုင်ငံများနှင့် ကောင်းမွန် သောဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းသည် အရေးကြီးသည်ဟု ၄င်းကဆိုသည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည် ဖော်ရန်အတွက် ပတ်ဝန်းကျင်နိုင်ငံများ၏ဖွံ့ဖြိုးတိုး တက်မှုကို မြှင့်တင်ပေးရမည်ဟု ၄င်းကပြောသည်။
သို့သော် တစ်ပြိုင်နက်တည်းတွင် ဈေးကွက် နိယာမအတိုင်းလိုက်နာရမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်ရှိနေဆဲတရုတ်တွင် ဆင်းရဲမွဲတေမှုမျဉ်းအောက် နေထိုင်နေရသောနိုင်ငံသားများစွာရှိနေခြင်းကြောင့် မိမိတို့၏ပြဿနာများကိုဖြေရှင်းရေးသည် ဦးစားပေး ကိစ္စရပ်ဖြစ်သည်ဟု ၄င်းကပြောသည်။

ပုံမှန်တိုးတက်မှုရှိနေသည့်
တရုတ်-အမေရိကန်ဆက်ဆံရေး

ပြီးခဲ့သည့်နှစ်တွင် ကန်-တရုတ်ဆက်ဆံရေး သည် အလှည့်အပြောင်းများကြုံခဲ့ရသည်။ ထိုသို့ ကြုံရသည့်တိုင် နှစ်နိုင်ငံဆက်ဆံရေးသည် ပုံမှန် တိုးတက်လျက်ရှိသည်ဟု အမေရိကန်လေ့လာမှု ကျွမ်းကျင်သူ ကျိုးမိန်ကပြောသည်။ 'နှစ်ဖက် စလုံးက တစ်နိုင်ငံချင်းစီ၏အရေးပါမှုကို နားလည် သဘောပေါက်ထားကြပါတယ်။ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုလိုအပ်ချက်ကို လျစ်လျူရှုလို့မရပါဘူး။ တစ်နိုင်ငံမပါဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းလို့မရနိုင်ပါဘူး။ အင်အားကြီး နှစ်နိုင်ငံစလုံး တွေ့ဆုံဆွေးနွေးကြပြီး လူသားမျိုး နွယ်ရဲ့ ဘုံပြဿနာတွေကို ပူးပေါင်းဖြေရှင်းသွားဖို့ အကြံပြုပါတယ်' ဟုကျိုးမိန်ကပြောသည်။
ကန်-တရုတ်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ် သက်၍ ကျန်းယန်လင်းက အပြုသဘောဆောင် သည့် အမြင်ကိုတင်ပြသည်။ ' နှစ်နိုင်ငံကြားမှာ စီးပွားရေးနယ်ပယ်က ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့တွေအများကြီးရှိနေပါတယ်။လက်ရှိ အင်အားကြီးနိုင်ငံတစ်နိုင်ငံက ထွန်းသစ်စအင်အား ကြီးတစ်နိုင်ငံနဲ့ စီးပွားရေးအရအခုလောက်နီးစပ် တဲ့ဆက်ဆံရေးမျိုးဘယ်တုန်းကမှမရှိခဲ့ဖူးဘူး' ဟု ကျန်းယန်လင်ကပြောသည်။ လက်ရှိအချိန်တွင် စီးပွားရေးသည် မိမိတို့၏အဓိကအာရုံစူးစိုက်မှုဖြစ် သော်လည်းနှစ်နိုင်ငံဆက်ဆံရေးကို အားလုံးလွှမ်းခြုံ သည့်နယ်ပယ်အဆင့်သို့မြှင့်တင်မည်ဆိုပါက နယ်စပ် ဒေသများ၏ ဘေးကင်းလုံခြုံရေးကိုအာမခံသည့် လုံခြုံရေးအရပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရမည့် သဘောရှိသည်ဟု ၄င်းကဆိုသည်။
နိုင်ငံကြီးများနှင့်ဆက်ဆံရေးပုံစံသစ်ကို အမေ ရိကန်နှင့်ဆက်ဆံရေးတွင် တည်ဆောက်သွားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပန်ကြားခဲ့ သည်။ 'တိုင်းပြည်တစ်ခုချင်းစီမှာ မတူညီတဲ့ ယဉ် ကျေးမှု၊ ယုံကြည်ချက် သို့မဟုတ် စနစ်တွေရှိနေ တယ်ဆိုပေမယ့်လည်း အနည်းဆုံးတော့ နှစ်ဦးနှစ် ဖက်အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုအယူအဆကို မိမိတို့အားလုံး လက်ခံနိုင်ကြပါတယ်'ဟု ဝမ်ယီ ကပြောသည်။
နိုင်ငံကြီးများနှင့်ဆက်ဆံရေးပုံစံသစ်တည် ဆောက်ခြင်းကိုဆောင်ရွက်ခြင်းသည် ဦးဆောင် ဦးရွက်ပြုမှုရှိသည့် ကြိုးပမ်းမှုဖြစ်ပြီး ရွာလွန်ရွက် တိုက်လုပ်ဆောင်မှုဖြစ်လာမည်မဟုတ်ဟု ဝမ်ယီက ပြောသည်။ တရုတ်-အမေရိကန်နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများ၊ ခေတ်ရေစီးကြောင်းတို့နှင့်လျော် ညီစွာလုပ်ဆောင်လျက်ရှိသဖြင့် နိုင်ငံကြီးများနှင့် ဆက်ဆံရေးပုံစံသစ်သည် ယုတ္တိကျသောဖြစ်ပေါ်တိုး တက်မှုဖြစ်သည်ဟု ဝမ်ယီကပြောသည်။
နှစ်နိုင်ငံစလုံးသည် ပြဿနာများကိုအဏုကြည့် မှန်ဘီလူးဖြင့်ကြည့်ပြီး ပုံကြီးမချဲ့သင့်ဘဲ အနာဂတ် ကိုကြည့်ပြီး မှန်ကန်သည့်လားရာအတိုင်းသွားနေ သည်ကိုသိရှိရန် အဝေးကြည့်မှန်ပြောင်းကိုသာသုံး သင့်သည်ဟု ဝမ်ယီကပြောသည်။ နှစ်နိုင်ငံစလုံးက ရိုးသားမှုကိုပြခြင်း၊ ပဋိပက္ခမရှိခြင်း၊ ထိပ်တိုက် ရင်ဆိုင်မှုမရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း စသည့် အခြေခံအချက်များကိုနှစ်နိုင်ငံစလုံးက လုပ် ဆောင်နေသမျှကာလပတ်လုံး ကန်-တရုတ်နှစ်နိုင်ငံ ကြားနှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင် ရွက်မှု၏ဧရာမဖြစ်နိုင်ခြေများစွာကို မိမိတို့ရှာဖွေ သွားနိုင်မည်ဟု ဝမ်ယီကဆိုသည်။
ယခုနှစ်ဆောင်းဦးရာသီတွင်သွားရောက်ရန် စီစဉ်ထားသည့် သမ္မတရှီကျင့်ဖျင်၏ အမေရိကန် ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီး သည့်အချက်ဖြစ်လာလိမ့်မည်။ နှစ်နိုင်ငံဆက်ဆံ ရေးတွင် နိုင်ငံကြီးအချင်းချင်းဆက်ဆံရေးပုံစံသစ် ဆီသို့ ဦးတည်သွားစေမည့် အရှိန်အဟုန်ဖြစ်လာ စေလိမ့်မည်ဖြစ်သည်။

တာဝန်ယူမှုရှိသောအင်အားကြီးနိုင်ငံ

ယခုနှစ်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်(၇ဝ)ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ စစ်နိုင်သည့် အခမ်းအနားကို စစ်ရေးပြအခမ်းအနားဖြင့် တရုတ် နိုင်ငံကကျင်းပသွားမည်ဖြစ်သည်။ ကျန်ရှိနေသေး သည့် သမိုင်းကြောင်းရှိသောပြဿနာများအားလုံး ကို ဖြေရှင်းပြီးဖြစ်သည့် တရုတ်နှင့်ရုရှားတို့သည် ယခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုး ကန် ဒေါ်လာ ၁ဝဝ ဘီလီယံရှိလာမည်ဖြစ်သည်။ ပိုး လမ်းမစီးပွားရေးပတ်လမ်းလုပ်ဆောင်ရေး သဘော တူညီချက်ကိုလည်း နှစ်နိုင်ငံလက်မှတ်ရေးထိုးမည် ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကုလကွန် ဗင်းရှင်း(UNFCCC)နှင့်အညီ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးနှင့် တာဝန်ယူမှုများကို ထမ်းဆောင်ခြင်းတို့ကို ဖွံ့ဖြိုးဆဲနိုင်ငံများကလုပ် ဆောင်သွားရန်တိုက်တွန်းကြောင်း အသစ်ခန့်အပ် သည့်ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးဝန်ကြီး ချန်ကျီနင်းကပြောသည်။
တာဝန်ယူမှုရှိသောအင်အားကြီးနိုင်ငံဟူသည် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဟူသည့် မျက်နှာစာ နှစ်ခုကိုဖြစ်ပေါ်အောင်ပြုလုပ်ရမည်ဟု ၄င်းကတင်ပြ ခဲ့သည်။
China Today တွင်ဖော်ပြသည့် Keywords in China’s 2015 Diplomatic Policies သတင်းဆောင်းပါကို ဆီလျော်အောင်ပြန်ဆိုပါသည်။ ၂ဝ၁၅ ခုနှစ်တွင် တရုတ်နိုင်ငံကကျင့်သုံးသည့် နိုင်ငံတကာဆက်ဆံရေးမူဝါဒများတွင်ပါရှိသည့် အရေးကြီးခေါင်းစဉ်လေးခုကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ရာ အဆိုပါမိန့်ခွန်းပါစကားရပ်များကို ထင်ဟပ်ပြီး ဆောင်းပါးရှင် Zhang Hong ကရေးသားတင်ပြထားသည်။

No comments:

Post a Comment