ပြည်တွင်းအခြေအနေ မည်သို့ပြောင်းလဲသည်ဖြစ်စေ တရုတ်-မြန်မာဆက်ဆံရေး တိုးတက်ရန် ဒေါ်အောင်ဆန်းစုကြည်မှ တွန်းအားပေးလိမ့်မည်ဟု တရုတ်သမ္မတ မျှော်လင့်နေ
==================================================
လွင်ပြင်
မြန်မာပြည်တွင်းအခြေအ နေ မည်သို့ပြောင်းလဲသည်ဖြစ်စေ တရုတ်- မြန်မာဆက်ဆံရေးကို တိုးတက်ရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွန်းအား ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က ပြောဆိုလိုက် သည်။
ဇွန် ၁၁ ရက်က တရုတ်ပြည် ပီ ကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်အတွင်း မြန် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော် မတီ အထွေထွေအတွင်းရေးမှူး နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ပင်တို့တွေ့ဆုံစဉ် ¤င်းက အ ထက်ပါအတိုင်း ပြောဆိုခဲ့ကြောင်း China.com ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ထို့ပြင် ၄င်းတို့အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်-မြန် မာဆက်ဆံရေးကို မဟာဗျူဟာအဆင့်နှင့် ရေရှည်ရှုထောင့်မှနေပြီး ရှုမြင်သုံးသပ် နေ ကြောင်းလည်း မစ္စတာရှီကျင့်ပင်က ပြောဆို ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် နှစ်နိုင်ငံအကြား ဆက်ဆံ မှု တိုးတက်ရေးအတွက် ဆောင်ရွက်မှုများ သည် အလွန်အရေးကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု China.comက ဖော်ပြသည်။
ပြည်တွင်းနိုင်ငံရေး စောင့်ကြည့် လေ့လာသူများကတော့ ယခုလို ဒေါ်အောင် ဆန်းစုကြည်အား တရုတ်ပြည်မှ ဖိတ်ခေါ် တွေ့ဆုံမှုသည် ၂ဝ၁၅ ခုနှစ်အလွန် မြန်မာ ပြည်၏ ခေါင်းဆောင်အား ကြိုတင်တွက်ဆ လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။
တရုတ်ပြည်သမ္မတ ရှီကျင့်ပင် ကိုယ်တိုင် အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော် မတီ၏ ဖိတ်ခေါ်ချက်အရ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁ဝ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သို့ ထွက်ခွာ ခဲ့ရာ တရုတ်ပြည်တွင် ငါးရက်ကြာ လေ့လာ လည်ပတ်သွားမည်ဟု သိရသည်။
အဆိုပါ NLD ကိုယ်စားလှယ် အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ် သည့် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်း နှင့် ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာ အောင်တို့ပါဝင်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment