တရုတ် - မြန်မာ နဲ့ ဆက်စပ်တဲ့သတင်းတွေကို စုစည်းတာဖြစ်ပါတယ်။ သတင်းစကားပါးချင်ရင် burmabornchinese2015@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Tuesday, June 9, 2015
ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သို့ သွားရောက်လည်ပတ်ရန် ယနေ့ စတင်ထွက်ခွာ
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)
-
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ် ပါတီ ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကိုသွားရောက် လည်ပတ်ရန်အတွက် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာ သွားခဲ့ပါတယ်။
-
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ရဲ့ ယခု သွားရောက်မည့် ခရီးစဉ်ဟာ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၅ ရက်ကြာမြင့်မှာ ဖြစ်ပြီး NLD ဥက္ကဌရုံး တာဝန်ခံ ဒေါက်တာ တင်မာအောင်၊ ပြည်သူ့လွှတ်တော် အမတ်များ ဖြစ်တဲ့ ဦးဖြိုးဇေယျာသော် နှင့် ဦးဖြိုးမင်းသိန်း တို့ လည်းအတူ လိုက်ပါသွားခဲ့ပါတယ်။
-
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် နှင့် NLD ပါတီ နာယက ဦးတင်ဦး နှင့် အဖွဲ့ဝင်များမှလည်း လေဆိပ်သို့ လိုက်ပါ ပို့ဆောင် ပေးခဲ့ကြပါတယ်။
လည်ပတ်ရေး ခရီးစဉ် အတွင်း တရုတ် နိုင်ငံ ခေါင်းဆောင် များမှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
-
ယခု အကြိမ် NLD ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံသို့ လည်ပတ်ခြင်းဖြင့် နှစ်ဖက် ဆက်ဆံရေး နှင့် နားလည်မှု တိုးပွား လာနိုင်ရန် မျှော်လင့်ကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး တိုးမြှင့် နိုင်ရန် အတူ တကွ ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟုန်လဲ့ (Hong Lei ) က ပေကျင်း မြို့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
=======
(Xinhua)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment