Saturday, June 13, 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ ၈၈ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးဟုဆို

ရန်မျိုးနိုင်၊ ရဲနိုင်
Sat, 2015-06-13

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းစုံစမ်းစစ် ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ရေးကော်မတီက ၈၈ ရာခိုင်နှုန်း ကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန်းထွန်းအောင်က ပြောသည်။

ဇွန်လ ၁၁ ရက်တွင် ပြည် ထောင်စုလွှတ်တော်၌ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်သည့် စုံစမ်းစစ် ဆေးရေးအစီရင်ခံစာအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက် သည့် ကော်မတီ၏ အပြီးသတ် အစီရင်ခံစာတင်ပြရာတွင် ဒုဝန် ကြီးက လွှတ်တော်သို့ တင်ပြခဲ့ ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေး ကော်မ ရှင် အစီရင်ခံစာ၏ အကြံပြုချက် များအပေါ်တွင် ကဏ္ဍတစ်ခုချင်း စီအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မှုများ အနေဖြင့် သိမ်းဆည်းမြေယာ အဖွဲ့သည် ကော်မရှင်၏ အကြံပြုချက် ရှစ် ချက်တွင် ပြီးစီးမှု ခုနစ်ချက်၊ ဆောင်ရွက်ဆဲ တစ်ချက်ဖြစ် ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အနေဖြင့် ကော်မရှင်၏ အကြံပြုချက် ၂၃ ချက်တွင် ဆောင်ရွက်ပြီးစီးမှု ၂၀၊ ဆောင်ရွက်ဆဲ သုံးချက်ဖြစ် ကြောင်း၊ လူမှုစီးပွားအကောင် အထည်ဖော်ရေး အဖွဲ့အနေဖြင့် ကော်မရှင်မှ အကြံပြုချက် ကိုး ချက်တွင် ပြီးစီးမှု ရှစ်ချက်၊ ဆောင်ရွက်ဆဲ တစ်ချက်ဖြစ်ကြောင်း ဒု ၀န်ကြီးက ဆိုသည်။

ထို့အတူ သာသနိက အ ဆောက်အအုံအဖွဲ့ အနေဖြင့် ကော်မရှင်၏ အကြံပြုချက် နှစ် ချက်တွင် အားလုံးပြီးစီးကြောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် အားလုံး ၄၂ ချက် တွင် ပြီးစီးမှု ၃၇ ချက်၊ ဆောင်ရွက်ဆဲ ငါးချက်ဖြစ်သည့်အတွက် ပြီးစီးမှု ရာခိုင်နှုန်းသည် ၈၈ ဒသမ ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုဝန်ကြီး က ပြောကြားသည်။

အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့် ၈၈ ဒသမ ၁၀ ရာခိုင်နှုန်းပြည့်စုံပြီးမြောက် ကြောင်း လွှတ်တော်သို့ တင်သွင်း သည့် အစီရင်ခံစာတွင် ပါရှိသော် လည်း အစီရင်ခံစာလုပ်ငန်းများ အားလုံးသည် ပြီးမြောက်မှု တကယ်ရှိ၊ မရှိကို လက်တွေ့စစ် ဆေးမှုများ ပြုလု
တင်ပြသည်။

လွှတ်တော်ကို တင်ပြလာ သည့် အကောင်အထည်ဖော်ရေး ကော်မတီ၏ အစီရင်ခံစာပါ လုပ် ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်မှုရှိ၊ မရှိနှင့် ရေရှည် အသုံးဝင်မှုရှိ၊ မရှိကို မြေပြင်လက်တွေ့အခြေအနေများကို စုံစမ်းစစ် ဆေးရေးကော်မရှင်၊ ဒေသခံ ပြည်သူလူထုနှင့် အကောင်အထည် ဖော်ရေးကော်မတီတို့ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

7Days

No comments:

Post a Comment