တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍစုံ တိုးမြှင့်ရန် ဒေါ်အောင်ဆန်းစုကြည်က တ်ရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံ အခြေစိုက် Xinhua သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မြန်မာ-တရုတ် ဆက်ဆံရေးသည် အလွန်အရေးကြီးပြီး နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံခြားရေး ပေါ်လစီကို ကိုင်တွယ်သော နိုင်ငံတော် ကောင်စီဝင် ယန်ကျဲချီနှင့်လည်း တွေ့ဆုံခဲ့သည့် အပြင် တရုတ်ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ စိန်ယွဲ့ယွဲ့နှင့် သီးခြား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့အတူ ဇွန်လ (၁၁) ရက်နေ့က တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင်လည်း တရုတ်သမ္မတက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်မြန်မာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Hong Lei ကလည်း တရုတ်မြန်မာ နယ်စပ်တွင် တည်ငြိမ်မှုများ တည်ဆောက်ရန် မြန်မာအစိုးရကို ယမန်နေ့က တိုက်တွန်းခဲ့သည်။
““ဒါက တရုတ်မြန်မာ နှစ်နိုင်ငံလုံးရဲ့ အကျိုးနဲ့ သက်ဆိုင် နေပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး အတွက် မြန်မာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ တက်တက်ကြွကြွ လုပ်ဆောင် ပေးခဲ့ပါတယ်””ဟု ၎င်းက သတင်းထောက် များကို ပြောကြားသည်။
လွန်ခဲ့သည့် သီတင်းပတ်ကမူ တရုတ်နိုင်ငံသည် တရုတ်မြန်မာ နယ်စပ်တွင် စစ်ရေး လေ့ကျင့်မှုများ ပြလုပ်ခဲ့သည်။
The Messenger
No comments:
Post a Comment