Wednesday, June 10, 2015

##### သူ့အတွေး သူ့အမြင် ##### အမေစု ပီကင်းသွား ဆုတောင်း

##### သူ့အတွေး သူ့အမြင် #####

အမေစု ပီကင်းသွား ဆုတောင်း

တိုင်းမဟာ ပီကင်းမှာဖြင့် ရဲဘော်ရှီကျင့်ပင်း၊ ရဲဘော် လီခဲ့ချင်းတို့နဲ့ အမြင်ခြင်း ဖလှယ်ပြီး၊
 ဧရာဝတီအရေးလည်းအောင်ပါစေ
 သွေးနီတဲ့ကြေးနီမြေလက်ပံတောင်းက လက်ခမောင်းခတ်သံတွေအတွက်လည်း ကျေပါစေ။


ပြေမှုအထွေထွေအကျိုးအောင်စေဖို့
 ဇေယျတု
 ငွေခရု
 သပြေနုတွေနဲ့ အမေစုအတွက် ဘုရားမှာလှူ ။

ပြင်နိုး၊ ပြင်နိုးနဲ့ လည်ပင်းညောင်ရေအိုးဖြစ်နေရတဲ့ အခြေခံဥပဒေဆိုးကြီးလည်းပြင်နိုင်ပါစေ။

အခက်မီးပွေသမို့ သရက်သီးဝေတာပဲဖြစ်ဖြစ်၊
 တစ်သက်မပြင်ရင် သရက်ချဉ်လုပ်မယ်၊
 အမေကြီး မပြတ်သားရင်တော့ သရက်သီးသနပ်ဖြစ်ပြီပေါ့သားတို့ရေ ။

ရိုသေစွာဖြင့်

မောင်ကျော်မော်
 ၁၀ ဇွန် ၂၀၁၅

Kyaw Maw FB

No comments:

Post a Comment