Friday, June 12, 2015

ဒေါ်အောင်ဆန်းစုကြည် တရုတ် သမ္မတနဲ့ တွေ့ဆုံ



တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် အဖြစ် အလည်အပတ် ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့ ညနေပိုင်းက တရုတ် သမ္မတ ရှီကျင်းပင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်လည်း ဖြစ်တဲ့ မစ္စတာ ရှီကျင်းပင်ဟာ ဘေဂျင်းမြို့ people great hall ခန်းမမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

BBC

No comments:

Post a Comment