Saturday, June 13, 2015

တရုတ်နိုင်ငံဦးစီးသော အာရှဒေသအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်တွင် မြန်မာရင်းနှီးမြှုပ်နှံမည်

ရန်မျိုးနိုင်၊ ရဲနိုင်
Sat, 2015-06-13

တရုတ်နိုင်ငံက ဦး စီးတည်ထောင်သည့် အာရှဒေသ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)တွင် မြန်မာနိုင်ငံအနေဖြင့် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ထည့်ဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမှ ထည့်ဝင်ရ မည့် မတည်ငွေရင်းမှာ အမေရိ ကန်ဒေါ်လာ ၂၆၄ ဒသမ ၅ သန်း ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံ (LDC) ဖြစ်သဖြင့် ကနဦးထည့်ဝင်ငွေ၏၂၀ ရာခိုင်နှုန်းဖြစ်သော ၅၂ ဒသမ၉ သန်းကို ဆယ်နှစ်ဆယ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့တင်ပြခဲ့ရာ ဇွန်လ၁၀ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ သဘောတူခဲ့ခြင်းဖြစ်သည်။
ကျန်ထည့်ဝင်မည့် မတည် ငွေရင်း ၈၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၆ သန်းကို ဘဏ်၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေလိုအပ် ချက်အရ တောင်းခံလာမှသာ ထည့်ဝင်ရမည်ဟု ပြည်ထောင်စု ၀န်ကြီးက လွှတ်တော်သို့ပြော သည်။


မြန်မာနိုင်ငံအနေဖြင့် မတည်ငွေရင်းကို ထည့်ဝင်ခြင်းဖြင့် လိုအပ်သည့် အရင်းအနှီး၊ ချေးငွေ များကို ရယူနိုင်မည့် အခွင့်အလမ်း များ ရရှိလာမည်ဖြစ်သည်ဟု ဆိုသည်။
ထည့်ဝင်ရမည့် မတည်ငွေ ရင်းကို တစ်ကြိမ်တည်း ထည့်ဝင်ရခြင်းမဟုတ်ဘဲ မတည်ငွေရင်း ၏ ၂၀ ရာခိုင်နှုန်းကိုသာ အရစ်ကျထည့်ဝင်ရမည်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ထည့်ဝင်နိုင်သည့် အခြေအနေရှိသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်သို့ တင်ပြသည်။
အာရှဒေသ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်(Asian Infrastructure Inves-tment Bank-AIIB) အား ခွင့်ပြုမတည်ငွေရင်း အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံဖြင့် ဖွဲ့စည်းတည်ထောင်ရန် တရုတ်နိုင်ငံက စတင်အဆိုပြုခဲ့ခြင်း ဖြစ်သည်။
AIIB ဖွဲ့စည်းတည်ထောင် ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၄ အောက်တိုဘာ ၂၄ ရက် တွင် မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်း ၂၁ နိုင်ငံက တရုတ်နိုင်ငံ ဘေကျင်းမြို့၌ လက်မှတ်ရေး ထိုးခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၂၂ နိုင်ငံရှိသည်။

7 Days

No comments:

Post a Comment