Tuesday, July 14, 2015

ကြေးနီစီမံကိန်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ကွမ်းစိုက်တောင်သူများအား နစ်နာကြေးပေးအပ်

မျိုးမင်းဦး
Mon, 2015-07-13

စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းလုပ်ငန်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ကွမ်းစိုက်တောင်သူတစ်ရာကျော်အား နစ်နာကြေးအဖြစ်လျော်ကြေးငွေကျပ် သိန်းငါးရာကျော်အား စီမံကိန်းလုပ်ကိုင်နေသည့် မြန်မာ-ယမ်စီ ကုမ္ပဏီက ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၁ ရက်က အဆိုပါ ကုမ္ပဏီတွင်ကျင်းပသည့် ကွမ်း စိုက်တောင်သူ ၁၂၂ ဦးအားနစ်နာကြေးပေးအပ်ပွဲသို့ ဆားလင်းကြီး မြို့နယ် ရွာသာကျေးရွာနှင့် ငါးတည်းစုကျေးရွာမှကွမ်းစိုက်တောင်သူ ၁၂၀ ဦးတက်ရောက်၍ နစ်နာကြေးယူခဲ့ကြောင်း သိရသည်။

နစ်နာခဲ့သော ရွာသာကျေး ရွာနှင့် ငါးတည်းစုကျေးရွာမှကွမ်း စိုက်တောင်သူ ၁၂၀ ဦး၏ ကွမ်း ပင်စုစုပေါင်း ၁၆၇,၇၆၇ ပင် အ တွက် လျော်ကြေးငွေစုစုပေါင်း ကျပ် ၅၈,၅၇၇,၅၁၂ ကို နစ်နာကြေးပေးလျော်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကြီးနဲ့ ထုပ်ဆီးတိုးခြင်း

အမေရိကအလယ်ပိုင်း မက္ကဆီကို ဒေသမှာဘဲ ရှေးဟောင်းမျိုးနွယ်စုတွေဖြစ် တဲ့ အဇက်တီလူမျိုးတွေ နေထိုင်ကြပါတယ်။ သူတို့ရဲ့ ဒဏ္ဍာရီထဲမှာတော့ အဖြူရောင် ထဲကနေ ဘုရားတစ်ဆူ ရောက်လာမယ်။ ဒီဘုရားဟာ သူတို့အတွက် ပျော်ရွှင်ခြင်းနဲ့ ငြိမ်းချမ်းမှုကို သယ်ဆောင်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။ တစ်ချိန်မှာတော့ အ သားဖြူတဲ့ စပိန်တွေဟာ သူတို့ဆီကို ရောက် လာခဲ့ပါတယ်။ သူတို့ဟာ စပိန်တွေကို သူတို့ ဒဏ္ဍာရီထဲက လူတွေလို့ ယုံကြည်ခဲ့ပြီး ငြိမ်း ချမ်းရေးကို လိုလားတဲ့ မွန်တီးဇူးမားဘုရင်က ကားဘီးအရွယ် ရွှေပန်းကန်ပြားတစ်ချပ်၊ ရွှေစေ့တွေနဲ့လုပ်ထားတဲ့ ဦးထုတ်တစ်လုံး။ ရွှေပန်းကန်အချပ် ၂ဝ၊ ယစ်ပူဇော်ရာမှာ သုံးတဲ့ တာကွိုက်နဲ့ ရွှေဝတ်စုံနှစ်ထည် စတာ တွေကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့ပါ တယ်။

ဒါပေမဲ့ ဒါဟာစပိန်တွေရဲ့ မရောင့်ရဲ နိုင်တဲ့ အလိုရမ္မက်ကြီးမှုကို အားပေးသလို ဖြစ်သွားခဲ့ပါပြီ။ သူတို့ဟာ မွန်တီဇူးမားဘုရင် ကို ဖမ်းလိုက်ကြတယ်။ ပြီးတော့ သူ့ကို ဓား စားခံလုပ်ပြီး ရွှေဒင်္ဂါးအပြား ၁၃ သန်း ပေး ရမယ်လို့ ငွေညှစ်တောင်းဆိုခဲ့ပါတယ်။ ဒါတွေရတော့လည်း စပိန်တွေက အားရ ကျေနပ်မှုရှိသေးတာ မဟုတ်ပါဘူး။ သူတို့ ဟာ အထွဋ်အမြတ်ထားတဲ့ ဝတ္တကမြေတွေ ကနေ ရသမျှ ရွှေတွေကို အဓမ္မသိမ်းယူခဲ့ ကြပြန်တာပါ။ ဒါပေမယ့် စပိန်တွေဟာ အဇက်တီတွေရဲ့ အခိုင်အမာယုံကြည်မှုနဲ့ ခုခံခြင်းကို ခံလိုက်ရပြီး တပ်လန်ပြေးခဲ့ရပါ တယ်။ ၁၅၂၁ ခုနှစ်မှာတော့ စပိန်တွေဟာ ဒီနေရာကို နောက်ထပ်တစ်ကြိမ် ပြန်ရောက် လာခဲ့ပြီး ၇၅ ရက်တိုင်အောင် သွေးချောင်း စီးစစ်ပွဲကြီး ဆင်နွှဲအပြီးမှာ အဇက်တီတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါ တယ်။

ဝ ၊ မိုင်းလားရောက် တရုတ်များ အစိုးရထိန်းချုပ်နယ်အတွင်း မကျွံရန် စရဖ သတိပေးစာပို့

၁၄.၇.၂၀၁၅

ဝ နှင့် မိုင်းလားနယ်မြေအတွင်း ရောက်ရှိ မှီခိုနေသည့် တရုတ် လူမျိုးများ ကြိုတင်သတင်း ပေးပို့ခြင်း မရှိဘဲ ကျိုင်းတုံမြို့ နှင့် မိုင်းယန်းမြို့နယ် အတွင်း သို့ ဝင်ရောက်ပါက ဖမ်းဆီးအရေး ယူခြင်းခံရမည်ဟု ကျိုင်းတုံ စစ်တိုင်းရုံးမှ တဆင့် မိုင်းယန်း စရဖ မှ အကြောင်းကြားစာ ပေးပို့ ထားသည်ဟု သိရသည်။

တြိဂံတိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်ဖြင့် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့ စရဖ စစ်ဘက်လုံခြုံရေး တပ်ဖွဲ့မှ အထူးဒေသ ၄ မိုင်းလား၊ ဆီလူး နှင့် UWSA ဝ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်သို့ စာတစောင် အသီးသီးပေး ပို့ခဲ့ကြောင်း၊ အဆိုပါ စာတွင် တရုတ်လူမျိုးများ၊ ကိုးကန့်လူမျိုးများ ကျိုင်းတုံ မြို့ နှင့်မိုင်းယန်းမြို့အတွင်းသွားလာခြင်းမပြုရန်၊သွားလာမှုအားစစ်ဆေး တွေ့ရှိပါက ဖမ်းဆီးအရေး ယူခြင်းခံရမည်ဟု ပါရှိ၏။ ထို့အပြင် အလုပ်ကိစ္စဖြင့် သွားလာလိုပါက ကြိုတင် အကြောင်းကြားရ မည်ဟု လည်းပါရှိပါသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ တွင် လူသတ်မှုကျူးလွန်တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးကို လားရှိုးမြို့ တွင် ဖမ်းဆီးရမိ

လားရှိုး၊ ဇူ (၉) မာန်ဟုန်ချီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် ဇူလိုင်လ (၄) ရက်နေ့ ၊ ညနေပိုင်း ၆ နာရီခန့် က တရုတ်နိုင်ငံ၊ ရွှေလီ မြို့ ၌ လူသတ်မှုကျူးလွန်ကာ တိမ်းရှောင်လာခဲ့သူ အမျိုးသမီးတစ်ဦးအား လားရှိုးမြို့ မရဲစခန်း၏ နယ်ထိန်းအဖွဲ့ မှ စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့ မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင် က ပြောပြသည်။

၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ၊ ကျောက်မျက်ဈေး တောင်ဘက်ရှိ ဇစ်ကုန်းဧည့်ရိပ်သာ၌ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဒေါ်ခင်မာလွင် (၅၃) နှစ်၊ စက်ချုပ် မောင်ငံရဲဌာနလမ်း၊ အမှတ် (၁၉) နေသူဖြစ်ကြောင်း ရွှေလီပြည်သူ့ လုံခြုံရေးဌာန၏ စုံစမ်းစစ်ဆေးချက်အရ ပြစ်မှု ကျူးလွန်သူများမှာ စိုးပိုင်(ခ) စိုင်းပိုင် (၃၆) နှစ်၊ (ဘ) ဦးတင်ငွေ၊ နတ်သျှင်နောင်ရပ်ကွက်၊ (၁) လမ်း၊ ကေတုမတီ မြို့ သစ်၊ တောင်ငူမြို့ ၊ ပဲခူးတိုင်းဒေသကြီးနှင့် မငွေချင့် (၃၇) နှစ်၊ (ဘ) ဦးရန်ရွှင်ထန်၊ ရပ်ကွက် (၈) လားရှိုးမြို့  ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး အဆိုပါပြစ်မှုကျူးလွန်သူနှစ်ဦးအား စုံစမ်းဖော်ထုတ်ပေးပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံသို့  အကူအညီတောင်းခံလာခဲ့ရာ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး၏ စီစဉ်ညွှန်ကြားမှု၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူး၏ အနီး ကပ်ကြီးကြပ်မှုတို့ ဖြင့် လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူးက ၄င်းတို့ နှစ်ဦးသည် ဖော်ပြပါလိပ်စာများတွင် နေထိုင်ခြင်း ရှိ၊ မရှိကို စုံစမ်းစေခဲ့ကြောင်း သိရသည်။

အစိုးရသစ်ကို စောင့်ကြိုနေမည့် ဧရာဝတီမြစ်ဆုံပုစ္ဆာ

15-7-2015

ရပ်ဆိုင်းထားသော ဧရာဝတီ မြစ်ဆုံ  စီမံကိန်းကို ယခင်က အကောင်အထည်ဖော်ခဲ့သည့် CPI ကုမ္ပဏီက ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ရွှေ့ပြောင်းခံကျေးရွာသားများအား ငွေထုတ်ချေးသည့် လူမှုတာဝန်သိတတ်မှု(CSR) အစီအစဉ်ကို ဇွန်လတွင်စတင်လိုက်သည်။ ပြင်ပတွင် တစ်ရာလျှင် အတိုး ၂၀ကျပ်နှုန်း ရှိနေချိန်တွင် ကုမ္ပဏီက နှစ်ကျပ်တိုးဖြင့်ပြောင်းရွှေ့ခံကျေးရွာသားများအား ငွေထုတ်ချေးခြင်းဖြစ်သည်။

 သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးခါနီးရက်ပေါင်း ၂၆၀ ခန့် အလိုတွင် ထွက်ပေါ်လာသော ငွေထုတ်ချေးသည့်သတင်းက  မြစ်ဆုံစီမံကိန်းပြန်လည်စတင်မည်ကို မနှစ်မြို့သော  ဦးဇော်လုံးအတွက် စိုးရိမ်သောက  ရောက်စရာ ဖြစ်နေသည်။ သူက တန်ဖဲကျေးရွာဟောင်းတွင် နေထိုင်သူဖြစ်ပြီး ရွာသစ်သို့ ပြောင်းရွှေ့ရန် ဖိအားပေး   ပြောဆိုခံရသည့်ရွာသားများအနက် တစ်ဦးဖြစ်သည်။
 ‘‘စီမံကိန်းကို ပြန်စချင်လို့ အဲဒီလိုလုပ်နေတာ ကျွန်တော် သဘောမကျဘူး။ အိမ်ထောင်စုတစ်စုကို နှစ်သိန်းထုတ်ချေးတယ်လို့ ပြောတယ်။  ရွာသစ်မှာနေတဲ့သူ တချို့ကတော့  ချေးကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ အနည်းစုပဲချေးကြတာပါ’’ဟု ဦးဇော်လုံးက ပြောသည်။

Wednesday, July 8, 2015

##### သူ့အပြော သူ့သတင်း ###### “မဟုတ်တရုတ်မလုပ်နဲ့(၄)”



ကလေးမ နာမည်က အေးအေးအောင်၊ အသက်က(၁၂)နှစ်၊ လုပ်သက်က(၁)နှစ်ကျော်၊ လုပ်ငန်းက သန့်ရှင်းရေးနှင့်ပန်းကန်ဆေး၊ လုပ်ငန်းခွင်က တရုတ်အထည်ဆိုင်။ လခက တစ်သောင်းကျပ်။ ကြိုထုတ်ထားတဲ့ ခြောက်လစာပဲ ရရှိသေး။ နောက်ခြောက်လစာ လုံးဝမပေး။

မနက်အစောစာလုံးဝမကျွေး၊ နေ့လည်စာကို ညနေ ၃း၀၀ နာရီမှကျွေး။ ညနေ ၃း၀၀ နာရီမထိုးမချင်း တစ်နေကုန်ဘာမှမစားရ၊ ကော်ဖီတောင် မသောက်ရ။ ည ၁၀း၀၀ နာရီကျော်မှ ညစာစားရ။

အိပ်ရတာက သမံတလင်း၊ အိပ်ရာခင်းက ပီနံအိတ်၊ စောင်မရှိ၊ ခေါင်းအုံးမရှိ၊ ခြင်ထောင်မပါ၊ ခြင်ဆေးမပါ။

Sunday, June 21, 2015

တရုတ်သံရုံးရှေ့ဆန္ဒပြခဲ့သည့် ဒီမိုကရေစီအင်အားစုမှ အသက် ၆၉ နှစ်ရှိ ဦးဘမြင့်ပါသုံးဦးအား ဒဂုံတရားရုံးက ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့် ထောင်ဒဏ်လေးလစီချမှတ်

လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရေးအတွက် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်က တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့သည့် ဒီမိုကရေစီအင်အားစုမှ အသက် ၆၉ နှစ်ရှိ ဦးဘမြင့်ပါ သုံးဦးအား ဒဂုံတရားရုံးက ပုဒ်မ ၁၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ်လေးလစီချမှတ်ခဲ့ကြောင်း သက်ဆိုင်ရာတရားရုံးမှ ဇွန် ၁၉ ရက်တွင် သိရသည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်က ဒီမိုကရေစီအင်အားစုမှ အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဦးဘမြင့်၊ ဦးစိုးဇော်နှင့် ဦးဌေးအောင်တို့သည် လက်ပံတောင်း တောင်သူဒေါ်ခင်ဝင်းသေဆုံးမှုအပေါ် အမှုမှန်ဖော်ထုတ်ပေးရန်နှင့် ၀မ်ပေါင်ကုမ္ပဏီအား မြန်မာနိုင်ငံမှထွက်သွားရန် မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တရုတ်သစ်ခိုးထုတ်ဂိုဏ်းက ခုတ်လှဲခဲ့သည့်သစ်များကို တိုင်းထွာချက်အရ တန်ချိန်ပေါင်း ၄၅၀၀ ကျော်ရှိ

အစိုးရသစ်လက်ထက်အတွင်း သစ်ခိုးထုတ်မှုဖြစ်စဉ်နှင့် ပတ်သတ်ကာ ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တွင် အကြီးမားဆုံးဖြစ်သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းက ခုတ်လှဲခဲ့သည့်သစ်များကို တိုင်းထွာခဲ့ရာ တန်ချိန်ပေါင်း ၄၅၅၇ ဒသမ ၅၆၅ တန်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသား ၁၃၈ ဦးပါဝင်သော တရုတ်သစ်ခိုးထုတ်ဂိုဏ်းမှာ ယခုနှစ် ဇန်န၀ါရီလအတွင်း ကချင်ပြည်နယ် ၀ိုင်းမော်ဒေသတစ်ဝိုက်တွင် သစ်အလုံးရေ ၁၆၁၂၁ လုံးကို ခုတ်လှဲထားမှုကို တပ်မတော်စစ်ကြောင်းမှ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


၎င်းအပြင် တရုတ်နိုင်ငံသားများ ခုတ်လှဲခဲ့မှုမှာ သစ်မျိုးစုံပါဝင်ခဲ့ပြီး စက်ယန္တရားကြီးများဖြင့် စီမံကိန်းကြီးသဖွယ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ စစ်ဆေးချက် ထွက်ပေါ်လာခဲ့သည်။

Wednesday, June 17, 2015

လွှတ်တော်အမတ် ၈ ဦး တရုတ်နိုင်ငံ လာရန် ဖိတ်ခေါ်

17-6-2015

မြန်မာနိုင်ငံမှလွှတ်တော်အမတ် ၈ ဦးကို တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ယူနန်တက္ကသိုလ်က ဖိတ်ကြားလိုက်ပြီး အဆိုပါ အမတ် ၈ ဦးသည် ဇွန်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဘေဂျင်း၊ ကူမင်း၊ ရှန်ဟိုင်း ဒေသများသို့ သွား ရောက် မည် ဖြစ်ပြီး တရုတ် နိုင်ငံရေး သမားများ၊ စီးပွားရေး ပညာရှင်များနှင့်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်ပြည် သွားရောက်မည့် လွှတ်တော် ကိုယ်စားလှယ်များမှာ ကချင် ပြည်နယ်မှ ဒေါ်ဒွဲဘူ၊ ဦးဇုံသိမ်း၊ ရခိုင်ပြည်နယ်မှ ဦးဘရှိန်၊ ဒေါ်ခင်စောဝေ၊ စစ်ကိုင်းတိုင်းမှ ဦးကံညွန့်၊ မွန်ပြည်နယ်မှ ဒေါ်မိမြင့်သန်း၊ ရှမ်းပြည်နယ်မှ ဦးစိုင်းမောင်တင်၊ ဦးရဲထွန်း တို့ဖြစ်သည်။

တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ အပေါ်ဒေ သခံ ပြည်သူများ၏ ဆန္ဒသဘောထားများနှင့်ပတ်သက်၍ လင်းရှင်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊မြန်မာနိုင်ငံ အတွင်းရှိ တရုတ်စီမံကိန်းကြီးများရှိရာ ဒေသများမှ လွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်သည့် အတွက် မိမိတို့ ဒေသရှိ စီမံကိန်းများနှင့်ပတ်သက်၍ အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။