လားရှိုး၊ ဇူ (၉) မာန်ဟုန်ချီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် ဇူလိုင်လ (၄) ရက်နေ့ ၊ ညနေပိုင်း ၆ နာရီခန့် က တရုတ်နိုင်ငံ၊ ရွှေလီ မြို့ ၌ လူသတ်မှုကျူးလွန်ကာ တိမ်းရှောင်လာခဲ့သူ အမျိုးသမီးတစ်ဦးအား လားရှိုးမြို့ မရဲစခန်း၏ နယ်ထိန်းအဖွဲ့ မှ စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့ မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင် က ပြောပြသည်။
၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ၊ ကျောက်မျက်ဈေး တောင်ဘက်ရှိ ဇစ်ကုန်းဧည့်ရိပ်သာ၌ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဒေါ်ခင်မာလွင် (၅၃) နှစ်၊ စက်ချုပ် မောင်ငံရဲဌာနလမ်း၊ အမှတ် (၁၉) နေသူဖြစ်ကြောင်း ရွှေလီပြည်သူ့ လုံခြုံရေးဌာန၏ စုံစမ်းစစ်ဆေးချက်အရ ပြစ်မှု ကျူးလွန်သူများမှာ စိုးပိုင်(ခ) စိုင်းပိုင် (၃၆) နှစ်၊ (ဘ) ဦးတင်ငွေ၊ နတ်သျှင်နောင်ရပ်ကွက်၊ (၁) လမ်း၊ ကေတုမတီ မြို့ သစ်၊ တောင်ငူမြို့ ၊ ပဲခူးတိုင်းဒေသကြီးနှင့် မငွေချင့် (၃၇) နှစ်၊ (ဘ) ဦးရန်ရွှင်ထန်၊ ရပ်ကွက် (၈) လားရှိုးမြို့  ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး အဆိုပါပြစ်မှုကျူးလွန်သူနှစ်ဦးအား စုံစမ်းဖော်ထုတ်ပေးပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံသို့  အကူအညီတောင်းခံလာခဲ့ရာ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး၏ စီစဉ်ညွှန်ကြားမှု၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူး၏ အနီး ကပ်ကြီးကြပ်မှုတို့ ဖြင့် လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူးက ၄င်းတို့ နှစ်ဦးသည် ဖော်ပြပါလိပ်စာများတွင် နေထိုင်ခြင်း ရှိ၊ မရှိကို စုံစမ်းစေခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ မရဲစခန်း၏ နယ်ထိန်းအဖွဲ့ မှ ပြစ်မှုကျူးလွန်သူ စိုးပိုင်နှင့်မငွေချင့်တို့ အား စုံစမ်းခဲ့ရာ စိုးပိုင်အား စုံစမ်း ရရှိခြင်းမရှိဘဲ မငွေချင့်အား စုံစမ်းခဲ့ရာ ၄င်း၏အမည်မှန်မှာ မငွေချင်းဖြစ်ကြောင်း၊ ရပ်ကွက် (၈) လားရှိုးမြို့ တွင် နေထိုင်ကြောင်း စုံစမ်းသိရှိရပြီး ဇူလိုင်လ ၄ ရက်နေ့ ၊ ညနေပိုင်း ၆ နာရီခန့် တွင် မငွေချင်းအား တွေ့ ရှိဖမ်းဆီးရမိခဲ့ ကာ လားရှိုးမြို့ မရဲစခန်းတွင် ဆက်လက်စစ်ဆေးခဲ့ရာ ၄င်းနှင့်စိုးပိုင်တို့  (၂) ဦးမှ ရွှေလီမြို့ တွင် ဒေါ်ခင်မာလွင် အား သတ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုသည်ဟု သိရသည်။
သို့ ဖြစ်၍ လူသတ်မှုကျူးလွန်ခဲ့သူ မငွေချင်း (၃၇) နှစ်၊ (ဘ) ဦးရန်ရွှင်ထန်၊ တရုတ်-ပလောင်/ဗုဒ္ဓ၊ နယ်မြေ(၁) ရပ်ကွက် (၇) လားရှိုးမြို့  နေသူနှင့် စိုးပိုင်(ခ) စိုင်းပိုင် (၃၆) နှစ်၊ (ဘ) ဦးတင်ငွေ၊ နတ်သျှင်နောင်ရပ်ကွက်၊ (၁) လမ်း၊ ကေတုမတီမြို့ သစ်၊ တောင်ငူမြို့  (စုံစမ်းဆဲ) နေသူတို့ နှစ်ဦးကို လားရှိုးမြို့ မရဲစခန်း၌
(ပ) ၁၆၅/၁၅ ပြစ်မှု ၃၀၂/၁၁၄ ရေးဖွင့်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Lashio News Diary
No comments:
Post a Comment